• Follow Us on

Home ARSA က ျမန္မာ-ဘဂၤလားေဒ့ရွ္ႏွစ္နိုင္ငံ နယ္စပ္ၿခံစည္းရိုးကင္းလွည့္ေဆာင္ရြက္ေနေသာ နယ္ျခားေစာင့္ရဲတပ္ဖြဲ႕ဝင္မ်ားအား ေခ်ာင္းေျမာင္းပစ္ခတ္၊ရဲတပ္ဖြဲ႔ဝင္ ႏွစ္ဦး ထိခိုက္ဒဏ္ရာရ

ARSA က ျမန္မာ-ဘဂၤလားေဒ့ရွ္ႏွစ္နိုင္ငံ နယ္စပ္ၿခံစည္းရိုးကင္းလွည့္ေဆာင္ရြက္ေနေသာ နယ္ျခားေစာင့္ရဲတပ္ဖြဲ႕ဝင္မ်ားအား ေခ်ာင္းေျမာင္းပစ္ခတ္၊ရဲတပ္ဖြဲ႔ဝင္ ႏွစ္ဦး ထိခိုက္ဒဏ္ရာရ

Share this post

ရန္ကုန္၊ ေမ – ၂

ျမန္မာ-ဘဂၤလားေဒ့ရွ္ နယ္စပ္မ်ဥ္းတစ္ေလၽွာက္ တည္ၿငိမ္ေအးခ်မ္းေရး၊ လုံၿခဳံ ေရး၊ တရားမဝင္ျဖတ္ေက်ာ္မွုႏွင့္ မူးယစ္ေဆးဝါးမ်ား သယ္ယူပို့ေဆာင္မွုမရွိေစေရးတို့ အတြက္ လုံျခဳံေရးေဆာင္ရြက္လ်က္ရွိေသာ နယ္ျခားေစာင့္ရဲတပ္ဖြဲ႕ဝင္မ်ားကို ယေန႔ နံနက္ပိုင္းတြင္ ARSA အစြန္းေရာက္ဘဂၤါလီအၾကမ္းဖက္သမားမ်ားက ဘဂၤလားေဒ့ရွ္နိုင္ငံ ဘက္ျခမ္းမွ ေခ်ာင္းေျမာင္းပစ္ခတ္ခဲ့သည္။

ျဖစ္စဥ္မွာ နယ္ျခားေစာင့္ရဲတပ္ဖြဲ႕ဝင္မ်ားက နယ္စပ္ၿခံစည္းရိုးတစ္ေလၽွာက္ လုံျခဳံေရးလုပ္ငန္းမ်ား ေဆာင္ရြက္စဥ္ နယ္ျခားမွတ္တိုင္၊ ဘီပီ ၄၁ ၏အေရွ႕ေတာင္ဘက္ မီတာ ၄၀၀ သို့ယေန႔နံနက္ ၇ နာရီ ၅၀ မိနစ္ခ်ိန္ေရာက္ရွိစဥ္ ARSA အစြန္းေရာက္ဘဂၤါလီ အၾကမ္းဖက္သမားမ်ားက ဘဂၤလားေဒ့ရွ္နိုင္ငံဘက္ျခမ္းမွ ေခ်ာင္းေျမာင္းပစ္ခတ္ခဲ့သည္။

ျဖစ္စဥ္ျဖစ္လၽွင္ျဖစ္ျခင္း နယ္ျခားေစာင့္ရဲတပ္ဖြဲ႕ဝင္မ်ား၊ တပ္မေတာ္စစ္ေၾကာင္းတို့က စစ္ကူေပးလိုက္ခဲ့ၿပီး ျပန္လည္ပစ္ခတ္ခဲျခင္းေၾကာင့္ အၾကမ္းဖက္သမားမ်ား ဆုတ္ခြာ ထြက္ေျပးသြားေၾကာင္းသိရွိရၿပီး ျဖစ္စဥ္တြင္ ရဲတပ္ဖြဲ႕ဝင္ ၂ ဦး ထိခိုင္ဒဏ္ရာရရွိခဲ့သည္။

ARSA အစြန္းေရာက္ဘဂၤါလီအၾကမ္းဖက္သမားမ်ားအေနျဖင့္ နယ္စပ္မ်ဥ္း မွတစ္ဆင့္ ခိုးဝင္ေရာက္ၿပီး အၾကမ္းဖက္မွုမ်ား ေဆာင္ရြက္လ်က္ရွိျခင္းေၾကာင့္ ဧၿပီ ၈ ရက္တြင္ ခေမာင္းဆိပ္ေက်းရြာ၏အေနာက္ဘက္မီတာ ၂၅၀၀ ခန႔္အကြာရွိ ၎တို့၏ ယာယီေနရာအတြင္းမွ ခဲယမ္းမ်ား၊ အသုံးအေဆာင္ပစၥည္းမ်ား သိမ္းဆည္းရမိခဲ့သည္။

ဧၿပီ ၁၅ ရက္တြင္ ေအာင္ဇူနယ္ေျမ႐ုံးမွ အေရးႀကီးလုပ္ငန္းစာရြက္စာတမ္းမ်ား ေပးပို့ေသာ ရဲတပ္ဖြဲ႕ဝင္မ်ားကို ခေမာင္းဆိပ္ေက်းရြာ၏အေနာက္ေျမာက္ဘက္မီတာ ၂၀၀၀ ခန႔္ အကြာ၌ ေခ်ာင္းေျမာင္းပစ္ခတ္ခဲ့ျခင္းေၾကာင့္ ရဲတပ္ဖြဲ႕ဝင္တစ္ဦး က်ဆုံးခဲ့သည္။

ထို့ျပင္ ဧၿပီ ၂၉ ရက္တြင္လည္း နယ္စပ္မွတ္တိုင္အမွတ္၊ဘီပီ ၄၁ ၏ ေျမာက္ဘက္မီတာ ၁၅၀၀ ခန႔္အကြာတြင္ ARSA အစြန္းေရာက္ဘဂၤါလီအၾကမ္းဖက္သမား ၂ ဦးကို မူးယစ္ေဆးဝါး မ်ား၊ ေဒသႏၲရလက္လုပ္မိုင္း၊ ဆက္စပ္ပစၥည္းမ်ားႏွင့္အတူ အေသဖမ္းဆီးရမိခဲ့သည္။

#PeopleMedia #ARSA

(unicode)
ARSA က မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုးကင်းလှည့်ဆောင်ရွက်နေ သော နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များအား ချောင်းမြောင်းပစ်ခတ်၊ရဲတပ်ဖွဲ့ဝင် နှစ်ဦး ထိခိုက်ဒဏ်ရာရ
……………………………………………………………………………..

ရန်ကုန်၊မေ – ၂

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မျဉ်းတစ်လျှောက် တည်ငြိမ်အေးချမ်းရေး၊ လုံခြုံ ရေး၊ တရားမဝင်ဖြတ်ကျော်မှုနှင့် မူးယစ်ဆေးဝါးများ သယ်ယူပို့ဆောင်မှုမရှိစေရေးတို့ အတွက် လုံခြုံရေးဆောင်ရွက်လျက်ရှိသော နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များကို ယနေ့ နံနက်ပိုင်းတွင် ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ခြမ်းမှ ချောင်းမြောင်းပစ်ခတ်ခဲ့သည်။

ဖြစ်စဉ်မှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက နယ်စပ်ခြံစည်းရိုးတစ်လျှောက် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်စဉ် နယ်ခြားမှတ်တိုင်၊ ဘီပီ ၄၁ ၏အရှေ့တောင်ဘက် မီတာ ၄၀၀ သို့ယနေ့နံနက် ရ နာရီ ၅၀ မိနစ်ချိန်ရောက်ရှိစဉ် ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများက ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းမှ ချောင်းမြောင်းပစ်ခတ်ခဲ့သည်။

ဖြစ်စဉ်ဖြစ်လျှင်ဖြစ်ခြင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်စစ်ကြောင်းတို့က စစ်ကူပေးလိုက်ခဲ့ပြီး ပြန်လည်ပစ်ခတ်ခဲခြင်းကြောင့် အကြမ်းဖက်သမားများ ဆုတ်ခွာ ထွက်ပြေးသွားကြောင်းသိရှိရပြီး ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင် ၂ ဦး ထိခိုင်ဒဏ်ရာရရှိခဲ့သည်။

ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများအနေဖြင့် နယ်စပ်မျဉ်း မှတစ်ဆင့် ခိုးဝင်ရောက်ပြီး အကြမ်းဖက်မှုများ ဆောင်ရွက်လျက်ရှိခြင်းကြောင့် ဧပြီ ၈ ရက်တွင် ခမောင်းဆိပ်ကျေးရွာ၏အနောက်ဘက်မီတာ ၂၅၀၀ ခန့်အကွာရှိ ၎င်းတို့၏ ယာယီနေရာအတွင်းမှ ခဲယမ်းများ၊ အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။

ဧပြီ ၁၅ ရက်တွင် အောင်ဇူနယ်မြေရုံးမှ အရေးကြီးလုပ်ငန်းစာရွက်စာတမ်းများ ပေးပို့သော ရဲတပ်ဖွဲ့ဝင်များကို ခမောင်းဆိပ်ကျေးရွာ၏အနောက်မြောက်ဘက်မီတာ ၂၀၀၀ ခန့် အကွာ၌ ချောင်းမြောင်းပစ်ခတ်ခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့သည်။

ထို့ပြင် ဧပြီ ၂၉ ရက်တွင်လည်း နယ်စပ်မှတ်တိုင်အမှတ်၊ဘီပီ ၄၁ ၏ မြောက်ဘက်မီတာ ၁၅၀၀ ခန့်အကွာတွင် ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမား ၂ ဦးကို မူးယစ်ဆေးဝါး များ၊ ဒေသန္တရလက်လုပ်မိုင်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ အသေဖမ်းဆီးရမိခဲ့သည်။

#PeopleMedia #ARSA


Share this post