• Follow Us on
Latest News

Home BRI အစိတ်အပိုင်းဖြစ်သည့် တရုတ်-မြန်မာရထားလမ်းကြောင်းသစ် တရုတ်နိုင်ငံဘက်ခြမ်းပြီးစီး

BRI အစိတ်အပိုင်းဖြစ်သည့် တရုတ်-မြန်မာရထားလမ်းကြောင်းသစ် တရုတ်နိုင်ငံဘက်ခြမ်းပြီးစီး

Share this post

နေပြည်တော်၊ သြဂုတ် ၂၈ (People Media)

 

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံကြား စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတစ်ခုဖြစ်သည့် အာရှပိုးလမ်းမစီမံကိန်း (BRI) အနက် တစ်စိတ်တစ်ဒေသဖြစ်သည့် ရထားလမ်းပိုင်းဆိုင်ရာအား ပြီးခဲ့သည့်ရက်ပိုင်းက ဖွင့်လှစ်ခဲ့ ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ထုတ်ပြန်ပါတယ်။

 

အဆိုပါ လမ်းကြောင်း ဖွင့်လှစ်ပွဲတွင် တရုတ်(ယူနန်)-မြန်မာ(ရန်ကုန်)-အိန္ဒိယသမုဒ္ဒရာ ကွန်တိန်နာ ပင်လယ် ရေကြောင်း-ကားလမ်း-ရထားလမ်း ပူးတွဲပို့ဆောင်မှုလမ်းကြောင်းသစ်ကို ပထမဆုံးအကြိမ် အောင်မြင်စွာ ဖွင့်လှစ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

 

အဆိုပါ လမ်းပိုင်း၏ တစိတ်တစ်ဒေသ စမ်းသပ်ပို့ဆောင်မှုအဖြစ် တတိယနိုင်ငံမှ ကုန်ပစ္စည်းများကို ရန် ကုန်ဆိပ်ကမ်းမှတဆင့် ချင်းရွှေဟော်နယ်စပ်ဂိတ်အား ပို့ဆောင်ပြီး ထိုမှတဆင့် တရုတ်နိုင်ငံအတွင်းကို ဝင်ရောက်၍ သုံးရက်အကြာတွင် တရုတ်နိုင်ငံ၊ ချန်တူးမြို့ကို ရောက်ရှိမှာဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ လင်ချန်းမြို့တော်ကော်မတီ အတွင်းရေးမှူး Mr.Yang Haodong က ပြောကြားပါတယ်။

 

အဆိုပါ လမ်းကြောင်းအား ဖွင့်လှစ်နိုင်ခြင်းသည် တရုတ်နိုင်ငံ လင်ချန်းမြို့အတွက် သမိုင်းတွင် ခိုင်မာစေမည့် ဖွင့်လှစ်နိုင်မှုဖြစ်ကြောင်း၊ တရုတ်-မြန်မာ စီးပွားကုန်သွယ်ရေးဆက်ဆံမှုကို ခိုင်မာစေတဲ့ အရေးကြီးထိုးဖောက်မှု ဖြစ်တယ်လို့ ကွန်မြူနစ်ပါတီ လင်ချန်းမြို့တော်ကော်မတီ အတွင်းရေးမှူး Mr.Yang Haodong က ပြောကြား ပါတယ်။

 

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံကြား စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတစ်ခုဖြစ်သည့် အာရှပိုးလမ်းမစီမံကိန်း (BRI )အား တရုတ်နိုင်ငံတွင် ပြီးစီး၍ ဖွင့်လှစ်နိုင်ပြီဖြစ်သော်လည်း မြန်မာနိုင်ငံရှိ ရထားလမ်းပိုင်းအပါအဝင် စီမံကိန်းတချို့တွင် ကြန့်ကြာနေလျက်ရှိကြောင်း သိရပါတယ်။

 

#Peoplemedia #China # BRI

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 

#Peoplemedia #China # BRI


Share this post