• Follow Us on

Home C-130 သယ်ယူပို့ဆောင်ရေးလေယာဉ် လေထုထဲမှ Gremlins ဒရုန်းကို ပြန်လည်ဖမ်းယူနိုင်

C-130 သယ်ယူပို့ဆောင်ရေးလေယာဉ် လေထုထဲမှ Gremlins ဒရုန်းကို ပြန်လည်ဖမ်းယူနိုင်

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၁၀ (People Media)

 

ပြန်လည်အဆင်မြှင့်ပြုပြင်ထားသော C-130 Hercules သယ်ယူပို့ဆောင်ရေးလေယာဉ်သည် လေထုထဲမှ X-61A Gremlins ဒရုန်းကို ပထမဦးဆုံးအကြိမ် ပြန်လည်ဖမ်းယူနိုင်ကြောင်း အမေရိကန် ကာကွယ်ရေးအဆင့်မြင့် သုတေသနစီမံချက်အဖွဲ့ (Defense Advanced Research Project Agency – DARPA) က ထုတ်ပြန်ကြေ ညာခဲ့သည်။

 

Sensor-laden ဒရုန်းအငယ်စားများ တပ်ဖြန့်ချထားပြီး ပြန်လည်ရုပ်သိမ်းရန် အမေရိကန်တပ်မတော်က ကြိုး ပမ်းရာတွင် ယင်းအဖြစ်အပျက်မှာ သမိုင်းမှတ်တိုင်တစ်ခုဖြစ်သည်။

 

လွန်ခဲ့သည့်လကပြုလုပ်ခဲ့သည့် ပျံသန်းမှုအစီအစဉ်တွင် C-130 သယ်ယူပို့ဆောင်ရေးလေယာဉ်က ဒရုန်းတစ် စင်းကို ပြန်လည်ဖမ်းယူခြင်းမပြုမီ ဒရုန်းလေယာဉ်ငယ်နှစ်စင်းသည် လေးငါးကြိမ်ပျံသန်းခဲ့ကြသည်။ တတိယ မြောက် Gremlins ဒရုန်းမှာ ပျက်စီးသွားခဲ့သည်။

 

“ဒီလိုမျိုး ဒရုန်းလေယာဉ်ငယ်ကို ပြန်လည်ဖမ်းယူနိုင်တာဟာ နှစ်ပေါင်းများစွာ အပတ်တကုတ်ကြိုးစားအားထုတ် မှုရဲ့ အထွတ်အထိပ်ကိုရောက်ရှိလာတာပဲဖြစ်ပါတယ်။ ဒီဖြစ်စဉ်ဟာ ဘေးကင်းလုံခြုံပြီး အားထားလောက်တဲ့ ဒ ရုန်းလေယာဉ်ပြန်လည် ဖမ်းယူသိမ်းဆည်းရေးဖြစ်နိုင်ခြေကို သရုပ်ပြခဲ့တာလည်းဖြစ်ပါတယ်။” ဟု Gremlins စီမံချက်မန်နေဂျာ ပေါလ်ကောလ်ဟန်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင်ပြောသည်။

 

(ဒရုန်းများလွှတ်တင်ရန်နှင့် ပြန်လည်ဖမ်းယူရန်) ပင်မယာဉ်များအဖြစ်တာဝန်ထမ်းဆောင်သော ဗုံးကြဲလေ ယာဉ်များ၊ သယ်ယူပို့ဆောင်ရေးလေယာဉ်များ သို့မဟုတ် လေယာဉ်ငယ်များသည် ရန်သူ့ကာကွယ်ရေးနယ်မြေ နှင့် ဝေးကွာသည့်နေရာများတွင် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း ကာကွယ်ရေးအဆင့်မြင့်သုတေသနစီမံ ချက်အဖွဲ့ DARPA က ပြောသည်။

 

ယင်းပင်မယာဉ်များက သယ်ဆောင်လာသော ဒရုန်းလေယာဉ်ငယ်များသည် အန္တရာယ်ရှိသောရန်သူ့နယ်မြေအ တွင်းသို့ ပျံသန်းဝင်ရောက်ပြီး စောင့်ကြည့်ထောက်လှမ်းခြင်း၊ ကင်းထောက်ခြင်း သို့မဟုတ် အီလက်ထရောနစ် စစ်ဆင်ရေးဆင်နွှဲခြင်းများ ပြုလုပ်နိုင်ကြောင်း သိရသည်။

 

Gremlins ဒရုန်းမှာ နည်းပညာများအတွက် နောက်ထပ်အဆင့်များကို ဆုံးဖြတ်နိုင်ရေး ဒရုန်းပျံသန်းရေးခရီးစဉ် များမှ စုဆောင်းရရှိထားသည့်အချက်အလက်များကို ထပ်မံဆန်းစစ်လေ့လာရန် လေတပ်နှင့် ဆက်လက်ပူး ပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေးအဆင့်မြင့်သုတေသနစီမံချက်အဖွဲ့က ပြောသည်။

 

Ref: C-130 Cargo Plane Grabs Gremlins Drone Mid-Air

 

#PeopleMedia

 

(unicode)


…………………………………………………………….

 


 


 


 


 


 


 


 


 

Ref: C-130 Cargo Plane Grabs Gremlins Drone Mid-Air

 

#PeopleMedia


Share this post