• Follow Us on
[wp_ticker limit="5" ticker_title="Latest News" background_color="#e53935" autoplay="true" timer="4000" title_color="#fff" border="false" post_type="post" post_cat="all-news-about-myanmar-and-international" effect="slide-h"]
International News

Home International News

Latest International News in Myanmar

အမေရိကန်-တရုတ်တင်းမာမှုများ အာဆီယံထိပ်သီးအစည်းအဝေး ကိုလွှမ်းမိုးနေ

ဟနွိုင်း၊ စက်တင်ဘာ ၉ အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)အဖွဲ့ဝင် ၁၀ နိုင်ငံမှနိုင်ငံခြားရေးဝန်ကြီးများ၏ အွန်လိုင်းထိပ်သီး အစည်းဝေးကို ဗုဒ္ဓဟူးနေ့တွင်စတင်ကျင်းပပြီး အမေရိကန်-တရုတ်ပြိုင်ဆိုင်မှုများ ကဆွေးနွေးမှုများကို ကြီးစိုးနေသည်။ လက်တွေ့စမ်းသပ်ပစ်ခတ်မှုလေ့ကျင့်ရေးတစိတ်တပိုင်းအနေဖြင့် တရုတ်နိုင်ငံက ပေါက်ကွဲလု နီးပါးဖြစ်နေသည့်ရေပိုင်နက်တွင် ပဲ့ထိန်းဒုံးကျည်များပစ်ခတ်ခဲ့ပြီး ရက်ပိုင်းအကြာတွင် အစည်းအဝေးပြုလုပ်နေခြင်းဖြစ်သည်။ အမေရိကန်နှင့်တရုတ်နိုင်ငံတို့ […]

Read More

အောက်စဖို့တက္ကသိုလ်ထုတ်လုပ်နေသည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး စမ်းသပ်မှုယာယီရပ်ဆိုင်းထား

လန်ဒန်၊ စက်တင်ဘာ ၉ AstraZeneca ဆေးကုမ္ပဏီနှင့်အောက်စဖို့တက္ကသိုလ်တို့ပူးပေါင်းထုတ်လုပ်နေသည့် ကိုရိုနာဗိုင်းရပ်စ်ကာ ကွယ်ဆေး နောက်ဆုံးအဆင့်လူသားတွင်စမ်းသပ်ကုသမှုများကို ယာယီရပ်ဆိုင်းထားသည်။ ဗြိတိန်မှစမ်းသပ်ခံသူတစ်ယောက်တွင် ပြောင်းပြန်ဓာတ်ပြုမှုရှိခဲ့ပြီးနောက် ရပ်ဆိုင်းခြင်းဖြစ်သည်။ ရှင်းမပြနိုင်သည့်နာမကျန်းမှုဖြစ်ရပ်တွင် ပုံမှန်ရပ်ဆိုင်းခြင်းဟု ဆေးကုမ္ပဏီဘက်ကပြောသည်။ ကာကွယ်ဆေးလူသားတွင်စမ်းသပ်မှုများကို ကမ္ဘာတ၀န်းလုံးက ဂရုတစိုက်စောင့်ကြည့်နေကြသည်။ ကမ္ဘာတ၀န်းတွင်ထုတ်လုပ်နေသည့်ကာကွယ်ဆေးတစ်ဒါဇင်ခန့်အနက် ယခုဆေးကို […]

Read More

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများဝယ်ယူရန် အရေးပေါ်အရံငွေမှအမေရိကန်ဒေါ်လာသန်း ၃၆၀၀ ဂျပန်ထုတ်သုံးမည်

တိုကျို၊ စက်တင်ဘာ ၈ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများဝယ်ယူရန် အရေးပေါ်ရန်ပုံငွေမှ ယွမ် ၆၇၁.၄ ဘီလီယံ(အမေရိကန်ဒေါ်လာသန်း ၆၃၂၀)ထုတ်သုံးသွားမည်ဟု ဂျပန်ဘဏ္ဍာရေးဝန်ကြီးက အင်္ဂါနေ့တွင်ပြောသည်။ ၂၀၂၁ ခုနှစ်အလယ်တွင် နိုင်ငံသားအားလုံးကာကွယ်ဆေးလုံလုံလောက်လောက်ရရန်မျှော်မှန်းထားပြီး အခမဲ့ပေးဝေသွားမည်ဟု ဂျပန်အစိုးရကပြောထားသည်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြီးခဲ့သည့်ဆယ်စုနှစ်တစ်ခုစာအတွင်း စီးပွားရေးကျဆင်းမှုအများဆုံးဖြစ်နေချိန်တွင် ဂျပန်နိုင်ငံက […]

Read More

ကမ္ဘာ့နိုင်ငံများစုပေါင်းပြီး ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးဝယ်ယူမည့်အစီအစဉ်တွင် အိန္ဒိယပါဝင်မည်

ဂျီနီဗာ၊ စက်တင်ဘာ ၈ “COVAX” ကမ္ဘာ့ကာကွယ်ဆေးစုပေါင်းဝယ်ယူရေးအစီအစဉ်တွင် ပါဝင်ရန် အိန္ဒိယနိုင်ငံက ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ဆွေးနွေးနေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့(W.H.O)အကြီးတန်းအကြံပေးတစ်ယောက်က တနင်္လာနေ့တွင်ပြောသည်။ WHOနှင့် မိတ်ဖက်အဖွဲ့အစည်း GAVI တို့သည် COVAX အဆောက်အအုံများကိုဦးဆောင်နေပြီး ကမ္ဘာတ၀န်းတွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများဝယ်ယူ၊ ဖြန့်ဖြူးပေးရာတွင်ကူညီရန် […]

Read More

တရုတ် COVID-19 ကာကွယ်ဆေး ဘေးကင်းလုံခြုံမှုရှိကြောင်း အချက်အလက်များထုတ်ပြန်

ဘေကျင်း၊ စက်တင်ဘာ ၈ လူကြီးများအတွက် တရုတ်နိုင်ငံကထုတ်လုပ်သောကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးသည် ဘေးကင်းစိတ်ချ သည်ဟု ဒုတိယအဆင့်စမ်းသပ်မှုမှအစောပိုင်းရလဒ်များကိုကိုးကားပြီး တရုတ်ဆေးကုမ္ပဏီ Sinovac Biotech က တနင်္လာနေ့တွင်ပြောသည်။ ကာကွယ်ဆေးကအစပျိုးပေးသည့်ကိုယ်ခံအားစနစ်များက လူငယ်များတွင်အစွမ်းပြသည်ထက် လူကြီးများတွင်ပိုနှေးကြောင်းပြသနေသည်။ ကာကွယ်ဆေးများကို ကိုယ်ခံအားစနစ်က တုံ့ပြန်မှုပိုနှေးသည့်လူကြီးများကို စမ်းသပ်နေသည့်ဆေး […]

Read More