• Follow Us on

Home ကမာၻ႔ႏိုင္ငံမ်ားစုေပါင္းၿပီး ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆး၀ယ္ယူမည့္အစီအစဥ္တြင္ အိႏၵိယပါ၀င္မည္

ကမာၻ႔ႏိုင္ငံမ်ားစုေပါင္းၿပီး ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆး၀ယ္ယူမည့္အစီအစဥ္တြင္ အိႏၵိယပါ၀င္မည္

Share this post

ဂ်ီနီဗာ၊ စက္တင္ဘာ ၈

“COVAX” ကမာၻ႔ကာကြယ္ေဆးစုေပါင္း၀ယ္ယူေရးအစီအစဥ္တြင္ ပါ၀င္ရန္ အိႏၵိယႏိုင္ငံက ကမာၻ႔က်န္းမာေရးအဖြဲ႔ႏွင့္ ေဆြးေႏြးေနသည္ဟု ကမာၻ႔က်န္းမာေရးအဖြဲ႔(W.H.O)အႀကီးတန္းအၾကံေပးတစ္ေယာက္က တနလၤာေန႔တြင္ေျပာသည္။

WHOႏွင့္ မိတ္ဖက္အဖြဲ႔အစည္း GAVI တို႔သည္ COVAX အေဆာက္အအံုမ်ားကိုဦးေဆာင္ေနၿပီး ကမာၻတ၀န္းတြင္ ႏိုဗယ္ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးမ်ား၀ယ္ယူ၊ ျဖန္႔ျဖဴးေပးရာတြင္ကူညီရန္ ရည္႐ြယ္ထားသည္။

သို႔ေသာ္ အေမရိကန္အပါအ၀င္ ႏွစ္ဖက္သေဘာတူခ်က္မ်ားျဖင့္ကာကြယ္ေဆးမ်ား၀ယ္ယူထားသည့္ႏိုင္ငံမ်ားက COVAX တြင္ပါ၀င္မည္မဟုတ္ဟုေျပာထားသည္။

အိႏၵိယႏိုင္ငံသည္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈအမ်ားဆံုးဒုတိယေျမာက္ႏိုင္ငံျဖစ္ၿပီး ကူးစက္ခံရသူ ၄ သန္းေက်ာ္႐ွိေနသည္။

Ref : WHO says India in talks to join ‘COVAX’ vaccine scheme

#PeopleMedia

(unicode)
ကမ္ဘာ့နိုင်ငံများစုပေါင်းပြီး ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးဝယ်ယူမည့်အစီအစဉ်တွင် အိန္ဒိယပါဝင်မည်
………………………………………………………

ဂျီနီဗာ၊ စက်တင်ဘာ ၈

“COVAX” ကမ္ဘာ့ကာကွယ်ဆေးစုပေါင်းဝယ်ယူရေးအစီအစဉ်တွင် ပါဝင်ရန် အိန္ဒိယနိုင်ငံက ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ဆွေးနွေးနေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့(W.H.O)အကြီးတန်းအကြံပေးတစ်ယောက်က တနင်္လာနေ့တွင်ပြောသည်။

WHOနှင့် မိတ်ဖက်အဖွဲ့အစည်း GAVI တို့သည် COVAX အဆောက်အအုံများကိုဦးဆောင်နေပြီး ကမ္ဘာတဝန်းတွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများဝယ်ယူ၊ ဖြန့်ဖြူးပေးရာတွင်ကူညီရန် ရည်ရွယ်ထားသည်။

သို့သော် အမေရိကန်အပါအဝင် နှစ်ဖက်သဘောတူချက်များဖြင့်ကာကွယ်ဆေးများဝယ်ယူထားသည့်နိုင်ငံများက COVAX တွင်ပါဝင်မည်မဟုတ်ဟုပြောထားသည်။

အိန္ဒိယနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအများဆုံးဒုတိယမြောက်နိုင်ငံဖြစ်ပြီး ကူးစက်ခံရသူ ၄ သန်းကျော်ရှိနေသည်။

Ref : WHO says India in talks to join ‘COVAX’ vaccine scheme

#PeopleMedia


Share this post