• Follow Us on

Home တ႐ုတ္ COVID-19 ကာကြယ္ေဆး ေဘးကင္းလံုၿခံဳမႈ႐ွိေၾကာင္း အခ်က္အလက္မ်ားထုတ္ျပန္

တ႐ုတ္ COVID-19 ကာကြယ္ေဆး ေဘးကင္းလံုၿခံဳမႈ႐ွိေၾကာင္း အခ်က္အလက္မ်ားထုတ္ျပန္

Share this post

ေဘက်င္း၊ စက္တင္ဘာ ၈

လူႀကီးမ်ားအတြက္ တ႐ုတ္ႏိုင္ငံကထုတ္လုပ္ေသာကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးသည္ ေဘးကင္းစိတ္ခ် သည္ဟု ဒုတိယအဆင့္စမ္းသပ္မႈမွအေစာပိုင္းရလဒ္မ်ားကိုကိုးကားၿပီး တ႐ုတ္ေဆးကုမၸဏီ Sinovac Biotech က တနလၤာေန႔တြင္ေျပာသည္။

ကာကြယ္ေဆးကအစပ်ိဳးေပးသည့္ကိုယ္ခံအားစနစ္မ်ားက လူငယ္မ်ားတြင္အစြမ္းျပသည္ထက္ လူႀကီးမ်ားတြင္ပိုေႏွးေၾကာင္းျပသေနသည္။

ကာကြယ္ေဆးမ်ားကို ကိုယ္ခံအားစနစ္က တံု႔ျပန္မႈပိုေႏွးသည့္လူႀကီးမ်ားကို စမ္းသပ္ေနသည့္ေဆး မ်ားက ေဘးကင္းစြာကာကြယ္ႏိုင္ျခင္း႐ွိ၊ မ႐ွိ က်န္းမာေရးအရာ႐ွိမ်ားက စိုးရိမ္ေနၾကသည္။

Sinovacထုတ္လုပ္ေနသည့္ CoronaVac ေဆးသည္ အနည္းဆံုးအသက္ ၆၀ ႐ွိေနသည့္ ေစတနာ့၀န္ထမ္း ၄၂၁ ေယာက္တြင္ ေမလကစမ္းသပ္ခဲ့ရာ ျပင္းထန္သည့္ေဘးထြက္ဆိုးက်ိဳးမ်ာမ႐ွိေၾကာင္း ကုမၸဏီ၏မီဒီယာတာ၀န္ခံ လီေပ့ခ်န္းကေျပာသည္။

ဘရာဇီးႏွင့္အင္ဒိုနီး႐ွားႏိုင္ငံတို႔တြင္ ေနာက္ဆံုးအဆင့္လူသားမ်ားတြင္စမ္းသပ္မႈလုပ္ေနသည့္ CoronaVac ေဆးကို ကုမၸဏီ၀န္ထမ္းႏွင့္မိသားစု ၉၀ ရာခိုင္ႏႈန္းကိုေပးထားသည္။

Ref : China’s Sinovac COVID-19 vaccine candidate appears safe, slightly weaker in elderly

#PeopleMedia

(unicode)
တရုတ် COVID-19 ကာကွယ်ဆေး ဘေးကင်းလုံခြုံမှုရှိကြောင်း အချက်အလက်များထုတ်ပြန်
……………………………………………………

ဘေကျင်း၊ စက်တင်ဘာ ၈

လူကြီးများအတွက် တရုတ်နိုင်ငံကထုတ်လုပ်သောကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးသည် ဘေးကင်းစိတ်ချ သည်ဟု ဒုတိယအဆင့်စမ်းသပ်မှုမှအစောပိုင်းရလဒ်များကိုကိုးကားပြီး တရုတ်ဆေးကုမ္ပဏီ Sinovac Biotech က တနင်္လာနေ့တွင်ပြောသည်။

ကာကွယ်ဆေးကအစပျိုးပေးသည့်ကိုယ်ခံအားစနစ်များက လူငယ်များတွင်အစွမ်းပြသည်ထက် လူကြီးများတွင်ပိုနှေးကြောင်းပြသနေသည်။

ကာကွယ်ဆေးများကို ကိုယ်ခံအားစနစ်က တုံ့ပြန်မှုပိုနှေးသည့်လူကြီးများကို စမ်းသပ်နေသည့်ဆေး များက ဘေးကင်းစွာကာကွယ်နိုင်ခြင်းရှိ၊ မရှိ ကျန်းမာရေးအရာရှိများက စိုးရိမ်နေကြသည်။

Sinovacထုတ်လုပ်နေသည့် CoronaVac ဆေးသည် အနည်းဆုံးအသက် ၆၀ ရှိနေသည့် စေတနာ့ဝန်ထမ်း ၄၂၁ ယောက်တွင် မေလကစမ်းသပ်ခဲ့ရာ ပြင်းထန်သည့်ဘေးထွက်ဆိုးကျိုးမျာမရှိကြောင်း ကုမ္ပဏီ၏မီဒီယာတာဝန်ခံ လီပေ့ချန်းကပြောသည်။

ဘရာဇီးနှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် နောက်ဆုံးအဆင့်လူသားများတွင်စမ်းသပ်မှုလုပ်နေသည့် CoronaVac ဆေးကို ကုမ္ပဏီဝန်ထမ်းနှင့်မိသားစု ၉၀ ရာခိုင်နှုန်းကိုပေးထားသည်။

Ref : China’s Sinovac COVID-19 vaccine candidate appears safe, slightly weaker in elderly

#PeopleMedia


Share this post