Latest Myanmar Politics News
မဲထည့်ရင် လူကိုလည်းကြည့် ပါတီကိုလည်းကြည့်ရန် မချမ်းဘော့မြို့နယ်( ၂)မဲဆန္ဒနယ် ပြည်နယ်လွတ်တော်ကိုယ်စားလှယ်လောင်းဆို
မချမ်းဘော့၊ စက်တင်ဘာ ၁၂ လူတစ်ဦးရဲ့မဲတစ်ပြားဟာအစိုးရကိုအပြောင်းအလဲဖြစ်စေနိုင်တယ်။ဒါသည်ကိုယ့်အတွက်အခွင့်အရေးဖြစ်တယ်။ဘယ်မှာမဲထည့်မယ်ဆိုတာကိုယ့်သဘောပါ။မဲထည့်ရင်လူကိုလည်းကြည့်ပါပါတီကိုလည်းကြည့်ပါလို့ အမှတ်(၂)မဲဆန္ဒနယ် ပြည်နယ်လွတ်တော်ကိုယ်စားလှယ်လောင်းပြောဆိုသည်။ ပူတာအိုခရိုင်မချမ်းဘော့မြို့နယ်၊မြို့မရပ်ကွက်၂နေဥိးမခေါင်ထလဂျာနေအိမ်တွင်စက်တင်ဘာ(၁၁)ရက်၊ည၇နာရီ၂၀မိနစ်အချိန်က၂၀၂၀ရွေးကောက်ပွဲအတွက်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီကိုယ်စားလှယ်လောင်းများမဲဆွယ်စည်းရုံးရေးပြုလုပ်ခဲ့ရာတွင် အထက်ပါ အတိုင်း အမှတ်(၂)မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း က ပြောဆိုသည်။ “မဲထည့်ရင်လူကိုလည်းကြည့်ပါပါတီကိုလည်းကြည့်ပါ။တနိုင်ငံလုံးမှာယှဉ်ပြိုင်မယ့်ပါတီကြီးကိုဦးစားပေးတတ်ရမယ်။မူဝါဒကောင်းတဲ့ပါတီကိုရွေးတတ်ရမယ်။အကျင့်စာရိတ္တကောင်းပြီးအများပြည်သူအတွက်အနစ်နာခံစိတ်သဘောထားကောင်းပြီးပေးဆပ်ချင်တဲ့သူအများအကျိုးကိုအမှန်တကယ်ဆောင်ရွက်ပေးတဲ့သူကိုရွေးချယ်တတ်ရမယ်။ကျွန်တော်တို့ဟာပြည်သူတွေရွေးချယ်မှုပေါ်မျာသာရှိတယ်။ပါတီကွဲလို့စိတ်ဝမ်းမကွဲကပါနဲ့စည်းလုံးကြပါ။”ဟု အမှတ်(၂)မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းဦးဆွမ်ဒူနော်အောင်ကပြောသည်။ ဆက်လက်ပြီးပြည်သူတွေမဲထည့်ရွေးကောက်တင်မြောက်မှုကြောင့်၂၀၁၅ခုနစ်ရွေးကောက်ပွဲတွင်မဲအောင်ခဲ့ပြီးပြည့်သူ့ အကျိုးကိုဆောင်ရွက်ခွင့်ရမှုကြောင့်ပြည်သူကိုအထူးကျေးဇူးတင်ကြောင်းနှင့်ဆက်လက်ပြီး၂၀၂၀ရွေးကောက်ပွဲတွင်ရွေးကောက်တင်မြောက်ပါကဆက်လက်ပြည်သူအကျိုးကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်းပြောဆိုခဲ့သည်။ “မဲတစ်ပြာရဲ့တန်ဖိုးကိုလျော့မတွက်နဲ့။ဦးနှောက်နဲ့ရွေးချယ်ပြီးထိထိရောက်ရောက်မဲရွေးချယ်တတ်ဖို့လိုတယ်။အစိုးရကောင်းကိုရွေးတတ်မှကိုယ်ကကောင်းမှာဖြစ်သလိုကိုယ်စားလှယ်ကောင်းကိုရွေးတတ်မှကိုယ့်မိသားစုကောင်းမှာဖြစ်တယ်။”ဟုပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးရယ်ဒမ်းဝမ်ယောဆက်ကပြောသည်။ ထို့အပြင်ပါတီဆိုတာလုပ်နိုင်ကိုင်နိုင်ပြီးကိုယ့်နိုင်ငံ၊ဒေသဖွံဖြိုးတိုးတက်ဖို့ပြိုင်တာဖြစ်လို့၂၀၂၀ရွေးကောက်ပွဲတွင်မဲဆန္ဒရှင်များရွေးချယ်ခြင်းခံရပါကကိုယ့်အားနည်းချက်ကိုပြုပြင်ထိန်းသိမ်းပြည်သူဆုံမမှုကိုလက်ခံပြိးကိုယ့်ဒေသဖွံဖြိုးမှုကိုအစွမ်းကုန်ကြိုးစားလုပ်ဆောင်သွားမည်ကြောင်းဦးရယ်ဒမ်းဝမ်ယောဆက်ကပြောသည်။ […]
Read Moreစစ်ရေးတင်းမာမှုများ အရှိန်တိုးမြှင့်လာသော ဘောလ်တစ်ပင်လယ်ဒေသ
နိုင်ငံတကာ၊ စက်တင်ဘာ ၁၂ စစ်အေးခေတ်နောက်ပိုင်း မကြုံတွေ့ဖူးသည့် တင်းမာမှုတစ်ခုအဖြစ် ဘောလ်တစ်ပင်လယ်ဒေသ၌ ရုရှား နှင့် အနောက်နိုင်ငံများ၏ စစ်ရေးလှုပ်ရှားမှုကြောင့် စစ်ရေးအရ အသင့်ဖြစ်မှုကို အရှိန်တိုးမြှင့်လုပ်ဆောင်ခဲ့ဟု ဆွီ ဒင်လက်နက်ကိုင်တပ်ဖွဲ့က သြဂုတ်လ ၂၄ ရက်တွင် သတင်းထုတ်ပြန်ချက်တစ်ခု […]
Read Moreမြန်မာနိုင်ငံ၌ ကျင်းပမည့် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဘင်္ဂါလီများပါဝင်ခွင့်ပြုရန် ကုလ သမဂ္ဂတိုက်တွန်း
ဂျီနီဗာ၊ စက်တင်ဘာ ၁၂ လာမည့်ရွေးကောက်ပွဲတွင် ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာ)များကို ပါဝင်ခွင့်ပြုရန် ကုလသမဂ္ဂလုံခြုံရေး ကောင်စီအဖွဲ့ဝင်နိုင်ငံ ၈ နိုင်ငံက သောကြာနေ့တွင် တိုက်တွန်းခဲ့သည်။ တံခါးပိတ်ရုပ်သံညီလာခံအပြီးတွင်ထုတ်ခဲ့သည့်ထုတ်ပြန်ချက်ကို ဘယ်လ်ဂျီယံ၊ ဒိုမီနီကန်သမ္မတနိုင်ငံ၊ အက်စတိုးနီးယား၊ ပြင်သစ်၊ ဂျာမနီ၊ တူနီးရှား၊ ဗြိတိန်နှင့် […]
Read Moreနိုင်ငံရေးအရ ပြုပြင်ပြောင်းလဲပေးနိုင်သော ပါတီကို မဲထည့်ရန် NLD အမတ်လောင်းပြော
မြစ်ကြီးနား၊ စက်တင်ဘာ ၁၁ မြစ်ကြီးနားမြို့နယ် မော်ဖောင်းနှင့် နန်းကွေ့ ကျေးရွာမှာ ယနေ့ စက်တင်ဘာ ၁၁ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းများက စည်းရုံးဟောပြောစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။ ” နိုင်ငံရေးကို ကောင်းအောင်လုပ်ပေးနိုင်တဲ့ မူဝါဒကောင်းတဲ့ […]
Read Moreပညာရေးဝန်ထမ်းများ ပါတီကိုယ်စားပြုသည့် အ၀တ်အစားများ ၀တ်ဆင်ခြင်းမပြုရန် အကြောင်းကြားစာထုတ်ပြန်
ရန်ကုန်၊ စက်တင်ဘာ ၁၁ ပညာရေးဝန်ထမ်းများ ပါတီကိုယ်စားပြုသည့် အ၀တ်အစား၊ဦးထုပ်၊နှာခေါင်းစည်း(Mask) များ ၀တ်ဆင်ခြင်းမပြုရန် မော်လိုက်မြို့နယ်ပညာရေးမှူးမှ အကြောင်းကြားစာထုတ်ပြန်ထားသည်။ ပညာရေးဝန်ထမ်းများသည် ပါတီတစ်ခုခု၏ အ၀တ်အစား အသုံးအဆောင်များအသုံးပြုပြီး မြို့တွင်းသို့ သွားလာခြင်းမပြုရန်လည်းထုတ်ပြန်ချက်တွင်ပါရှိသည်။ ၎င်းထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာ တင်မောင်ဝင်းက […]
Read More




