• Follow Us on

Home တိုင္းျပည္ေကာင္းေအာင္ ေစတနာထားလုပ္ေဆာင္မည့္ ကိုယ္စားလွယ္ေကာင္းမ်ားရရွိေရးကို ဂ႐ုတစိုက္စိစစ္ ေ႐ြးခ်ယ္သြားရန္ တပ္ခ်ဳပ္တုိက္တြန္း

တိုင္းျပည္ေကာင္းေအာင္ ေစတနာထားလုပ္ေဆာင္မည့္ ကိုယ္စားလွယ္ေကာင္းမ်ားရရွိေရးကို ဂ႐ုတစိုက္စိစစ္ ေ႐ြးခ်ယ္သြားရန္ တပ္ခ်ဳပ္တုိက္တြန္း

Share this post

ရန္ကုန္၊ ေအာက္တုိဘာ – ၁၅

၂၀၂၀ ေရြးေကာက္ပြဲ၌ တိုင္းျပည္ေကာင္းေအာင္ေစတနာထားလုပ္ေဆာင္မည့္ ကိုယ္စားလွယ္ေကာင္းမ်ား ရရွိေရးကို ဂ႐ုတစိုက္စိစစ္ေ႐ြးခ်ယ္သြားရန္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္း ေအာင္လိႈင္က တုိက္တြန္းေျပာဆုိလုိက္ပါတယ္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္က တစ္ႏုိင္ငံလုံး ပစ္ခတ္တုိက္ခုိက္မႈ ရပ္ဆဲေရး သေဘာတူစာခ်ဳပ္ NCA ခ်ဳပ္ဆုိျခင္း (၅)ႏွစ္ျပည့္ ႏွစ္ပတ္လည္ေန႔တြင္ ေပးပုိ႔သည့္ သဝဏ္လႊာ၌ အထက္ပါအတုိင္း ေျပာဆုိလုိက္တာ ျဖစ္ပါတယ္။

“ေ႐ြးေကာက္ပြဲတြင္ ျပည္ေထာင္စုစိတ္ဓာတ္စစ္စစ္ျဖင့္ တိုင္းျပည္ေကာင္းေအာင္ ေစတနာထားလုပ္ေဆာင္မည့္၊ ဥပေဒကိုစိတ္ဝင္စားအေလးထားသည့္ ကိုယ္စားလွယ္ေကာင္းမ်ားရရွိေရးကိုဂ႐ုတစိုက္စိစစ္ေ႐ြးခ်ယ္သြားရန္ အသိေပးလိုပါသည္။ ေ႐ြးခ်ယ္မႈမွန္ကန္မွသာ တိုင္းရင္းသားမ်ားလိုလားသည့္ ဒီမိုကေရစီေရး၊ ၿငိမ္းခ်မ္းေရးႏွင့္ ဖြံ႕ၿဖိဳးေရးတို႔ကို ျပည့္ျပည့္ဝဝခံစားနိုင္မည္ျဖစ္ပါသည္” လုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္က တုိက္တြန္းေျပာဆုိလုိက္ပါတယ္။

ထုိ႔အတူ ၂၀၂၀ ေ႐ြးေကာက္ပြဲသည္အသက္ပင္ျဖစ္သည့္အတြက္ ေ႐ြးေကာက္ပြဲသည္ လြတ္လပ္ၿပီး တရား မွ်တသည့္ ေ႐ြးေကာက္ပြဲျဖစ္ရန္လိုအပ္ေၾကာင္း ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္က ေျပာပါတယ္။

#PeopleMedia #NCA #တပ္မေတာ္

(unicode)
တိုင်းပြည်ကောင်းအောင် စေတနာထားလုပ်ဆောင်မည့် ကိုယ်စားလှယ်ကောင်းများရရှိရေးကို ဂရုတစိုက်စိစစ် ရွေးချယ်သွားရန် တပ်ချုပ်တိုက်တွန်း
……………………………………………………………

ရန်ကုန်၊ အောက်တိုဘာ – ၁၅

၂၀၂၀ ရွေးကောက်ပွဲ၌ တိုင်းပြည်ကောင်းအောင်စေတနာထားလုပ်ဆောင်မည့် ကိုယ်စားလှယ်ကောင်းများ ရရှိရေးကို ဂရုတစိုက်စိစစ်ရွေးချယ်သွားရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆဲရေး သဘောတူစာချုပ် NCA ချုပ်ဆိုခြင်း (၅)နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် ပေးပို့သည့် သဝဏ်လွှာ၌ အထက်ပါအတိုင်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“ရွေးကောက်ပွဲတွင် ပြည်ထောင်စုစိတ်ဓာတ်စစ်စစ်ဖြင့် တိုင်းပြည်ကောင်းအောင် စေတနာထားလုပ်ဆောင်မည့်၊ ဥပဒေကိုစိတ်ဝင်စားအလေးထားသည့် ကိုယ်စားလှယ်ကောင်းများရရှိရေးကိုဂရုတစိုက်စိစစ်ရွေးချယ်သွားရန် အသိပေးလိုပါသည်။ ရွေးချယ်မှုမှန်ကန်မှသာ တိုင်းရင်းသားများလိုလားသည့် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးတို့ကို ပြည့်ပြည့်ဝဝခံစားနိုင်မည်ဖြစ်ပါသည်” လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ထို့အတူ ၂၀၂၀ ရွေးကောက်ပွဲသည်အသက်ပင်ဖြစ်သည့်အတွက် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရား မျှတသည့် ရွေးကောက်ပွဲဖြစ်ရန်လိုအပ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

#PeopleMedia #NCA #တပ်မတော်


Share this post