• Follow Us on

Home COVID ေၾကာင့္ အခက္အခဲျဖစ္ေနသည့္ အထည္ခ်ဳပ္စက္႐ုံမ်ားမွ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးတစ္ဦးလၽွင္ က်ပ္ ခုႏွစ္ေသာင္းႏူန္း ေထာက္ပံ့မည္

COVID ေၾကာင့္ အခက္အခဲျဖစ္ေနသည့္ အထည္ခ်ဳပ္စက္႐ုံမ်ားမွ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးတစ္ဦးလၽွင္ က်ပ္ ခုႏွစ္ေသာင္းႏူန္း ေထာက္ပံ့မည္

Share this post

ရန္ကုန္၊ ေအာက္တိုဘာ ၂၇
 
COVID-19 ေၾကာင့္ အလုပ္အကိုင္အခက္အခဲျဖစ္ေနသည့္ အထည္ခ်ဳပ္စက္႐ုံမ်ားမွ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီး ၃၅၀ ဦးအတြက္တစ္ဦးလွ်င္ က်ပ္ခုႏွစ္ေသာင္းႏူန္းေထာက္ပံ့မည္ဟု စားနပ္ရိကၡာဖူလုံေရး ရန္ပုံေငြအဖြဲ႕(LIFT) ေထာက္ပံ့ေပးသြားမည္ျဖစ္ေၾကာင္း အျပည္ျပည္ဆိုင္ရာကဲရ္အဖြဲ႕(ျမန္မာ)က ထုတ္ျပန္သည္။
 
ထိုသို႔အခက္အခဲျဖစ္ေနသည့္ အထည္ခ်ဳပ္စက္႐ုံလုပ္သားကိုယ္ဝန္ေဆာင္အမ်ိဳးသမီးမ်ားအား ေထာက္ပံ့မႈေပး ရန္ အသက္ေမြးဝမ္းေက်ာင္းမူႏွင့္မွ ရန္ပုံေငြေထာက္ပံ့ေပးျခင္းျဖစ္ၿပီး COVID-19 ေရာဂါ၏ ေနာက္ဆက္တြဲ ရိုက္ခက္မႈေၾကာင့္ အလုပ္အကိုင္ထိခိုက္သြားေသာ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးလုပ္သားမ်ား ေလွ်ာက္ထား နိုင္ေၾကာင္း Care(Myanmar)၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
 
ေလွ်ာက္ထားမႈအက်ံဳးဝင္သူမ်ားသည္ စက္႐ုံပိတ္သိမ္းျခင္းေၾကာင့္ အလုပ္လက္မဲ့ျဖစ္သြားသည့္ ကိုယ္ဝန္ ေဆာင္ အမ်ိဳးသမီးမ်ား၊ အလုပ္ထုတ္ပယ္ခံရျခင္း (သို႔မဟုတ္) အလုပ္သမားအေလ်ာ့ခံရျခင္းအစီအစဥ္တြင္ ပါဝင္သည့္ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးမ်ား၊ လုပ္ငန္းခြင္မွ အလုပ္ယာယီဆိုင္ငံျခင္းခံထားရသည့္ ကိုယ္ဝန္ ေဆာင္အမ်ိဳးသမီးမ်ား၊ စက္႐ုံမ်ားမွရပ္စဲထားျခင္းမရွိေသာ္လည္း ကိုဗစ္ကာလက်န္းမာေရးလမ္းညြန္ခ်က္ ေၾကာင့္ လုပ္ငန္းခြင္ဝင္ေရာက္ျခင္းမွ ယာယီရပ္နားထားရၿပီး လုပ္ခလစာမရရွိသည့္ အလုပ္ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးမ်ားျဖစ္ေၾကာင္း ဆက္လက္ေဖာ္ျပထားသည္။
 
အဆိုပါ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးလုပ္သားမ်ားအေနျဖင့္ အေရးေပၚရန္ပုံေငြအား တစ္ဦးခ်င္းျဖစ္ေစ၊ အလုပ္ သမားအဖြဲ႕အစည္း၊ ဆက္စပ္အဖြဲ႕အစည္းမ်ားမွျဖစ္ေစ၊ လုပ္ကိုင္ခဲ့သည့္စက္႐ုံမ်ားမွတဆင့္ျဖစ္ေစ နိုဝင္ဘာ ၆ ရက္ ေနာက္ဆုံးထားေလွ်ာက္ထားနိုင္ေၾကာင္း အသိေပးထားသည္။
 
#PeopleMedia
 
(unicode)
COVID ကြောင့် အခက်အခဲဖြစ်နေသည့် အထည်ချုပ်စက်ရုံများမှ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးလျှင် ကျပ် ခုနှစ်သောင်းနူန်း ထောက်ပံ့မည်
……………………………………………..
 
ရန်ကုန်၊ အောက်တိုဘာ ၂၇
 
COVID-19 ကြောင့် အလုပ်အကိုင်အခက်အခဲဖြစ်နေသည့် အထည်ချုပ်စက်ရုံများမှ ကိုယ်ဝန်ဆောင်အမျိုးသမီး ၃၅၀ ဦးအတွက်တစ်ဦးလျှင် ကျပ်ခုနှစ်သောင်းနူန်းထောက်ပံ့မည်ဟု စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေအဖွဲ့(LIFT) ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာကဲရ်အဖွဲ့(မြန်မာ)က ထုတ်ပြန်သည်။
 
ထိုသို့အခက်အခဲဖြစ်နေသည့် အထည်ချုပ်စက်ရုံလုပ်သားကိုယ်ဝန်ဆောင်အမျိုးသမီးများအား ထောက်ပံ့မှုပေး ရန် အသက်မွေးဝမ်းကျောင်းမူနှင့်မှ ရန်ပုံငွေထောက်ပံ့ပေးခြင်းဖြစ်ပြီး COVID-19 ရောဂါ၏ နောက်ဆက်တွဲ ရိုက်ခက်မှုကြောင့် အလုပ်အကိုင်ထိခိုက်သွားသော ကိုယ်ဝန်ဆောင်အမျိုးသမီးလုပ်သားများ လျှောက်ထား နိုင်ကြောင်း Care(Myanmar)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
လျှောက်ထားမှုအကျုံးဝင်သူများသည် စက်ရုံပိတ်သိမ်းခြင်းကြောင့် အလုပ်လက်မဲ့ဖြစ်သွားသည့် ကိုယ်ဝန် ဆောင် အမျိုးသမီးများ၊ အလုပ်ထုတ်ပယ်ခံရခြင်း (သို့မဟုတ်) အလုပ်သမားအလျော့ခံရခြင်းအစီအစဉ်တွင် ပါဝင်သည့်ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ လုပ်ငန်းခွင်မှ အလုပ်ယာယီဆိုင်ငံခြင်းခံထားရသည့် ကိုယ်ဝန် ဆောင်အမျိုးသမီးများ၊ စက်ရုံများမှရပ်စဲထားခြင်းမရှိသော်လည်း ကိုဗစ်ကာလကျန်းမာရေးလမ်းညွန်ချက် ကြောင့် လုပ်ငန်းခွင်ဝင်ရောက်ခြင်းမှ ယာယီရပ်နားထားရပြီး လုပ်ခလစာမရရှိသည့် အလုပ်ကိုယ်ဝန်ဆောင် အမျိုးသမီးများဖြစ်ကြောင်း ဆက်လက်ဖော်ပြထားသည်။
 
အဆိုပါ ကိုယ်ဝန်ဆောင်အမျိုးသမီးလုပ်သားများအနေဖြင့် အရေးပေါ်ရန်ပုံငွေအား တစ်ဦးချင်းဖြစ်စေ၊ အလုပ် သမားအဖွဲ့အစည်း၊ ဆက်စပ်အဖွဲ့အစည်းများမှဖြစ်စေ၊ လုပ်ကိုင်ခဲ့သည့်စက်ရုံများမှတဆင့်ဖြစ်စေ နိုဝင်ဘာ ၆ ရက် နောက်ဆုံးထားလျှောက်ထားနိုင်ကြောင်း အသိပေးထားသည်။
 
#PeopleMedia

Share this post