• Follow Us on

Home COVID-19 ကာကွယ်ရန် လက်ဆေးရန် ငွေမရှိပါက ၎င်းထံလာတောင်းရန် ပဲခူးတိုင်း ဝန်ကြီးချုပ် ပြောဆို


Share this post

ရန်ကုန်၊ မတ် – ၁၇







[Unicode]
COVID-19 ကာကွယ်ရန် လက်ဆေးရန် ငွေမရှိပါက ၎င်းထံလာတောင်းရန် ပဲခူးတိုင်း ဝန်ကြီးချုပ် ပြောဆို
…………………………………………………………………………

ရန်ကုန်၊ မတ် – ၁၇

COVID-19 ကာကွယ်ရန် လက်ဆေးရန် ငွေမရှိပါက ၎င်းထံ လာတောင်းရန် ပဲခူးတိုင်း ဝန်ကြီးချုပ်ဦးဝင်းသိန်းက ပြောဆိုခဲ့တယ်လို့ ပဲခူးမြို့အခြေစိုက် BaGo Weekly သတင်း ဌာနက ဖော်ပြထားပါတယ်။

မတ်(၁၆)ရက်၌ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ပဲခူးတက္ကသိုလ်ခန်းမ၌ ဝန်ကြီးချုပ်နှင့်ဒေသခံ တောင်သူများ တွေ့ဆုံပွဲမှ ဝန်ကြီးချုပ်ဦးဝင်းသိန်းက အထက်ပါအတိုင်း ပြောဆိုလိုက်တာ လည်းဖြစ်ပါတယ်။

ကိုယ်လက်ဝါးနှင့်ထိတဲ့နေရာတိုင်း အိမ်သာတံခါး၊ လက်ရန်တံခါးထိသည့်နေရာတိုင်း လက်ဆေးကြရန်၊ အလားတူ အိမ်သာသွားပြီးရင်လည်းလက်ဆေးကြရန် တိုက်တွန်းခဲ့ပြီး လက်ဆေးစရာ ပိုက်ဆံမရှိလျှင် ၎င်းထံ လာရောက်တောင်းခံနိုင်ကြောင်း ဝန်ကြီးချုပ်ဦးဝင်း သိန်းက ပြောဆိုလိုက်ပါတယ်။

COVID-19 နှင့်ပတ်သက်၍ မတ်(၁၃)မှ ဧပြီ(၃၀)ထိ ပွဲလမ်းသဘင်များကို ကျင်းပခွင့်မပြု ကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်စာထုတ်ပြန်ထားပြီးလည်းဖြစ်ပါတယ်။ ထို့အတူ လူစုလူဝေးမလုပ်ကြရန် တိုင်းဒေသကြီး/ပြည်နယ်အစိုးရများက ညွှန်ကြားထားပါတယ်။

photo – ပဲခူးတိုင်းအစိုးအဖွဲ့

#PeopleMedia #ပဲခူးဝန်ကြီးချုပ်


Share this post