• Follow Us on

Home COVID-19 ကာကြယ္ေဆးအတြက္ FDA ၏ တင္းၾကပ္ေသာညႊန္ၾကားခ်က္မ်ားကို ေလွ်ာ့ေပါ့ေပးႏိုင္ေခ်႐ွိ၊ မ႐ွိ မေသခ်ာေသးဟု ထရမ့္ေျပာ

COVID-19 ကာကြယ္ေဆးအတြက္ FDA ၏ တင္းၾကပ္ေသာညႊန္ၾကားခ်က္မ်ားကို ေလွ်ာ့ေပါ့ေပးႏိုင္ေခ်႐ွိ၊ မ႐ွိ မေသခ်ာေသးဟု ထရမ့္ေျပာ

Share this post

၀ါ႐ွင္တန္၊ စက္တင္ဘာ ၂၄

ပိုမိုတင္းၾကပ္သည့္ အေမရိကန္အစားအစာႏွင့္ေဆး၀ါးႀကီးၾကပ္ကြပ္ကဲမႈဌာန FDA ၏စံႏႈန္းမ်ားကို COVID-19 ကာကြယ္ေဆး အေရးေပၚခြင့္ျပဳေရးအတြက္ ခြင့္ျပဳေပးႏိုင္ေခ်႐ွိေသာ္လည္း FDA အဆိုျပဳခ်က္သည္ ႏိုင္ငံေရးဆန္သည္ဟု အေမရိကန္သမၼတေဒၚနယ္ ထရမ့္က စက္တင္ဘာ ၂၃ ရက္ ဗုဒၶဟူးေန႔တြင္ေျပာသည္။

ႏို၀င္ဘာ ၃ ရက္ အေမရိကန္သမၼတေ႐ြးေကာက္ပြဲမတိုင္ခင္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ျဖစ္သည့္ေရာဂါအတြက္ ကာကြယ္ေဆးအဆင္သင့္႐ွိႏိုင္ေၾကာင္း အေစာပိုင္းတြင္ ထရမ့္က ထပ္ကာထပ္ကာေျပာသည္။

ကာကြယ္ေဆးေစာစီးစြာျဖန္႔ခ်ိရန္ခြင့္ျပဳရာတြင္ ထရမ့္အစိုးရက ၀င္ေရာက္စြက္ဖက္ႏိုင္သည္ဟု က်န္းမာေရးကၽြမ္းက်င္သူမ်ား၏စိုးရိမ္မႈျမင့္တက္ေနခ်ိန္တြင္ ပြင့္လင္းျမင္သာမႈႏွင့္ လူထုယံုၾကည္မႈျမွင့္ တင္ေရးအတြက္ ညႊန္ၾကားခ်က္မ်ားထုတ္ျပန္သြားမည္ဟု FDA ကေျပာသည္ဆိုၿပီး အဂၤါေန႔တြင္ ၀ါ႐ွင္တန္ပို႔စ္သတင္းစာကေဖာ္ျပသည္။

ကာကြယ္ေဆးတစ္မ်ိဳးကို အခ်ိန္ဆြဲထားရန္ မည္သည့္အတြက္လိုအပ္ေၾကာင္း ထရမ့္က ျပန္လွန္ေမးခြန္း ထုတ္ခဲ့ၿပီး FDA ၏အဆိုျပဳခ်က္သည္ ႏုိင္ငံေရးအရျဖစ္ႏိုင္ေၾကာင္းေျပာသည္။

အေမရိကန္သမၼတေ႐ြးေကာက္ပြဲမတိုင္ခင္ ကာကြယ္ေဆးထုတ္လုပ္သူမ်ား၏ တိက်ေသာစမ္းသပ္ကုသမႈ ရလဒ္မ်ား ထြက္ေပၚလာႏုိင္သည္။

Ref : Trump says he may block stricter FDA guidelines for COVID-19 vaccine

#PeopleMedia

(Unicode)
COVID-19 ကာကွယ်ဆေးအတွက် FDA ၏တင်းကြပ်သောညွှန်ကြားချက်များကို လျှော့ပေါ့ပေးနိုင်ချေရှိ၊ မရှိ မသေချာသေးဟု ထရမ့်ပြော
…………………………………………………

၀ါရှင်တန်၊ စက်တင်ဘာ ၂၄

ပိုမိုတင်းကြပ်သည့် အမေရိကန်အစားအစာနှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲမှုဌာန FDA ၏စံနှုန်းများကို COVID-19 ကာကွယ်ဆေး အရေးပေါ်ခွင့်ပြုရေးအတွက် ခွင့်ပြုပေးနိုင်ချေရှိသော်လည်း FDA အဆိုပြုချက်သည် နိုင်ငံရေးဆန်သည်ဟု အမေရိကန်သမ္မတဒေါ်နယ် ထရမ့်က စက်တင်ဘာ ၂၃ ရက် ဗုဒ္ဓဟူးနေ့တွင်ပြောသည်။

နိုဝင်ဘာ ၃ ရက် အမေရိကန်သမ္မတရွေးကောက်ပွဲမတိုင်ခင် ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်သည့်ရောဂါအတွက် ကာကွယ်ဆေးအဆင်သင့်ရှိနိုင်ကြောင်း အစောပိုင်းတွင် ထရမ့်က ထပ်ကာထပ်ကာပြောသည်။

ကာကွယ်ဆေးစောစီးစွာဖြန့်ချိရန်ခွင့်ပြုရာတွင် ထရမ့်အစိုးရက ဝင်ရောက်စွက်ဖက်နိုင်သည်ဟု ကျန်းမာရေးကျွမ်းကျင်သူများ၏စိုးရိမ်မှုမြင့်တက်နေချိန်တွင် ပွင့်လင်းမြင်သာမှုနှင့် လူထုယုံကြည်မှုမြှင့် တင်ရေးအတွက် ညွှန်ကြားချက်များထုတ်ပြန်သွားမည်ဟု FDA ကပြောသည်ဆိုပြီး အင်္ဂါနေ့တွင် ၀ါရှင်တန်ပို့စ်သတင်းစာကဖော်ပြသည်။

ကာကွယ်ဆေးတစ်မျိုးကို အချိန်ဆွဲထားရန် မည်သည့်အတွက်လိုအပ်ကြောင်း ထရမ့်က ပြန်လှန်မေးခွန်း ထုတ်ခဲ့ပြီး FDA ၏အဆိုပြုချက်သည် နိုင်ငံရေးအရဖြစ်နိုင်ကြောင်းပြောသည်။

အမေရိကန်သမ္မတရွေးကောက်ပွဲမတိုင်ခင် ကာကွယ်ဆေးထုတ်လုပ်သူများ၏ တိကျသောစမ်းသပ်ကုသမှု ရလဒ်များ ထွက်ပေါ်လာနိုင်သည်။

Ref : Trump says he may block stricter FDA guidelines for COVID-19 vaccine

#PeopleMedia


Share this post