• Follow Us on

Home COVID-19 ကာကြယ္ေဆး ရ႐ွိလာပါက က်န္းမာေရး၀န္ထမ္းမ်ားႏွင့္ အသက္အ႐ြယ္ႀကီးၿပီး ေရာဂါအခံ႐ွိသူမ်ား ကို ဦးစားေပးထိုးႏွံသြားမည္

COVID-19 ကာကြယ္ေဆး ရ႐ွိလာပါက က်န္းမာေရး၀န္ထမ္းမ်ားႏွင့္ အသက္အ႐ြယ္ႀကီးၿပီး ေရာဂါအခံ႐ွိသူမ်ား ကို ဦးစားေပးထိုးႏွံသြားမည္

Share this post

ရန္ကုန္၊ ႏို၀င္ဘာ – ၂၆
 
ျမန္မာႏိုင္ငံတြင္ ကိုဗစ္-၁၉ ကာကြယ္ေဆးမ်ား ရ႐ွိလာပါက မိမိတို႔ႏိုင္ငံ႐ွိ ျပည္သူမ်ားကို ဦးစားေပးၿပီး ထိုးႏွံေပး မယ္လို႔ က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာျမင့္ေထြးက ႏို၀င္ဘာ ၂၅ ရက္ ေန႔တြင္ ေျပာပါတယ္။
 
ျမန္မာႏိုင္ငံ ကိုဗစ္-၁၉ ကာကြယ္ေဆး လုပ္ငန္းေပါင္းစပ္ညႇိႏႈိင္းစီမံခန္႔ခြဲမဥေကာ္မတီ၏ ပထမအႀကိမ္ အစည္း အေ၀းတြင္ ေဒါက္တာျမင့္ေထြးက အထက္ပါအတိုင္းေျပာၾကားခဲ့ပါတယ္။
 
“ကမ႓ာႏိုင္ငံမွာ အားလုံးမွ ကိုဗစ္-၁၉ ကာကငြယ္ေဆးကို လိုအပ္ေနသျဖင့္ အၿပိဳင္အဆိုင္၀ယ္ယူရန္ ႀကိဳးစား လွ်က္႐ွိတယ္” လို႔ ေဒါက္တာျမင့္ေထြးကေျပာပါတယ္။
 
အဆိုပါေဆြးေႏြးပြဲတြင္ ကိုဗစ္-၁၉ ကာကြယ္ေဆးကို လူနားမ်ားအား ကိုင္တြယ္ကုသေနရသည့္ က်န္းမာေရး ၀န္ထမ္းမ်ားကဲ့သို႔ ကူးစပ္ႏိုင္ေျခမ်ားျပားသူမ်ား၊ အသက္အ႐ြယ္ႀကီးၿပီး ေရာဂါအခံ႐ွိသူမ်ား၊ ေနရာေဒသ အလိုက္ ေရာဂါကူးစက္ပ်ံ႕ႏွံ႔မႈအေျခအေနအပါအ၀င္ အျခအေနအရပ္ရပ္ကို ဘက္စုံစဥ္းစားကာ ဦးစားေပး သတ္မွတ္ထိုးသြားမည္ျဖစ္ၿပီး ကာကြယ္ေဆးအေရအတြက္ ပိုမိုမ်ားရ႐ွိလာပါက အဆင့္ဆင့္တိုးခ်ဲ႕ထိုးႏွံသြား မည္လို႔လည္း ေဆြးေႏြးခဲ့ပါတယ္။
 
ထို႔အျပင္ ျမန္မာႏိုင္ငံတြင္ အရည္အေသြးျပည့္၀ေသာ ကာကြယ္ေဆးမ်ား က်ယ္က်ယ္ျပန္႔ျပန္႔ ထိုးႏွံႏိုင္ေရး အတြက္ ရန္ပုံေငြမ်ား အဓိကေထာက္ပ့ံေပးေနသည့္ Gavi, The Vaccine Alliance အဖြဲ႕အေနျဖင့္ COVAX Facility မွတစ္ဆင့္ မိမိတို႔ႏိုင္ငံ လူဦးေရမွာ ၂၀ ရာခိုင္ႏႈန္းအတြက္ ကိုဗစ္ႏိ္ိုင္တီးကာကြယ္ေဆးအား အထူး သက္သာေသာ ေဆးႏႈန္း(သို႔) အခမဲ့ရႏိုင္ေရးအတြက္ ေဆာင္႐ြက္ေပးသြားမည္လို႔လည္း ေျပာပါတယ္။
 
ကိုဗစ္-၁၉ ထိုးႏွံမည့္ အႀကိမ္ေရ၊ ထိုးႏွံသည့္ အႀကိမ္အလိုက္ ေရာဂါကာကြယ္ႏိုင္သည့္ အတိုင္းအတာကာလ၊ ေရာဂါကာကြယ္ႏိုင္စြမ္း႐ွိသည့္ အသက္အ႐ြယ္ေပၚမႈတည္၍ ေျပာင္းလဲႏိုင္မူေပၚမႈတည္၍ ဆန္းစစ္ေလ့လာ မည္ျဖစ္ေၾကာင္းကိုလည္း ေျပာၾကားခဲ့ပါတယ္။
 
#PeopleMedia #COVID
 
(unicode)
COVID-19 ကာကွယ်ဆေး ရရှိလာပါက ကျန်းမာရေးဝန်ထမ်းများနှင့် အသက်အရွယ်ကြီးပြီး ရောဂါအခံရှိသူများ ကို ဦးစားပေးထိုးနှံသွားမည်
…………………………………………………………
 
ရန်ကုန်၊ နိုဝင်ဘာ – ၂၆
 
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ရရှိလာပါက မိမိတို့နိုင်ငံရှိ ပြည်သူများကို ဦးစားပေးပြီး ထိုးနှံပေး မယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက နိုဝင်ဘာ ၂၅ ရက် နေ့တွင် ပြောပါတယ်။
 
မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်ဆေး လုပ်ငန်းပေါင်းစပ်ညှိနှိုင်းစီမံခန့်ခွဲမဥကော်မတီ၏ ပထမအကြိမ် အစည်း အဝေးတွင် ဒေါက်တာမြင့်ထွေးက အထက်ပါအတိုင်းပြောကြားခဲ့ပါတယ်။
 
“ကမ႓ာနိုင်ငံမှာ အားလုံးမှ ကိုဗစ်-၁၉ ကာကငွယ်ဆေးကို လိုအပ်နေသဖြင့် အပြိုင်အဆိုင်ဝယ်ယူရန် ကြိုးစား လျှက်ရှိတယ်” လို့ ဒေါက်တာမြင့်ထွေးကပြောပါတယ်။
 
အဆိုပါဆွေးနွေးပွဲတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးကို လူနားများအား ကိုင်တွယ်ကုသနေရသည့် ကျန်းမာရေး ဝန်ထမ်းများကဲ့သို့ ကူးစပ်နိုင်ခြေများပြားသူများ၊ အသက်အရွယ်ကြီးပြီး ရောဂါအခံရှိသူများ၊ နေရာဒေသ အလိုက် ရောဂါကူးစက်ပျံ့နှံ့မှုအခြေအနေအပါအဝင် အခြအနေအရပ်ရပ်ကို ဘက်စုံစဉ်းစားကာ ဦးစားပေး သတ်မှတ်ထိုးသွားမည်ဖြစ်ပြီး ကာကွယ်ဆေးအရေအတွက် ပိုမိုများရရှိလာပါက အဆင့်ဆင့်တိုးချဲ့ထိုးနှံသွား မည်လို့လည်း ဆွေးနွေးခဲ့ပါတယ်။
 
ထို့အပြင် မြန်မာနိုင်ငံတွင် အရည်အသွေးပြည့်ဝသော ကာကွယ်ဆေးများ ကျယ်ကျယ်ပြန့်ပြန့် ထိုးနှံနိုင်ရေး အတွက် ရန်ပုံငွေများ အဓိကထောက်ပ့ံပေးနေသည့် Gavi, The Vaccine Alliance အဖွဲ့အနေဖြင့် COVAX Facility မှတစ်ဆင့် မိမိတို့နိုင်ငံ လူဦးရေမှာ ၂၀ ရာခိုင်နှုန်းအတွက် ကိုဗစ်နိ်ိုင်တီးကာကွယ်ဆေးအား အထူး သက်သာသော ဆေးနှုန်း(သို့) အခမဲ့ရနိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည်လို့လည်း ပြောပါတယ်။
 
ကိုဗစ်-၁၉ ထိုးနှံမည့် အကြိမ်ရေ၊ ထိုးနှံသည့် အကြိမ်အလိုက် ရောဂါကာကွယ်နိုင်သည့် အတိုင်းအတာကာလ၊ ရောဂါကာကွယ်နိုင်စွမ်းရှိသည့် အသက်အရွယ်ပေါ်မှုတည်၍ ပြောင်းလဲနိုင်မူပေါ်မှုတည်၍ ဆန်းစစ်လေ့လာ မည်ဖြစ်ကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။
 
#PeopleMedia #COVID

Share this post