• Follow Us on

Home COVID-19 ကာကြယ္ေဆး လူသားမ်ားတြင္စမ္းသပ္ရန္ အေမရိကန္ေဆးကုမၸဏီေစတနာ့၀န္ထမ္းမ်ားစုေဆာင္းေန

COVID-19 ကာကြယ္ေဆး လူသားမ်ားတြင္စမ္းသပ္ရန္ အေမရိကန္ေဆးကုမၸဏီေစတနာ့၀န္ထမ္းမ်ားစုေဆာင္းေန

Share this post

ကီေနးေဝါ့သ္၊ စက္တင္ဘာ ၁၁

COVID-19 ကာကြယ္ေဆးေလ့လာမႈအေစာပိုင္းအဆင့္အတြက္ အေမရိကန္ေဆးကုမၸဏီ မာ့က္(Merck & Co) က ေစတနာ့၀န္ထမ္းမ်ားစတင္စုေဆာင္းေနသည္။

ဘယ္လ္ဂ်ီယံတြင္အေျခစိုက္သည့္ အဆင့္ ၁ ႏွင့္ ၂ စမ္းသပ္ကုသမႈမ်ားသည္ က်န္းမာသည့္ေစတနာ့၀န္ထမ္းအေယာက္ ၂၆၀ စုေဆာင္းၿပီး စမ္းသပ္ကာကြယ္ေဆး V591 ကိုစမ္းသပ္ရန္ရည္႐ြယ္သည္။

ၾသစေၾတးလ်ကာကြယ္ေဆးကုမၸဏီ သီးမစ္ဇီ၀သိပၸံ Themis Bioscience ႏွင့္ေပါင္းစပ္ထုတ္လုပ္ေနျခင္းျဖစ္သည္။

ထိုကာကြယ္ေဆးသည္ အဆင့္ႁမွင့္တင္ထားေသာ၀က္သက္ဗိုင္းရပ္စ္အေပၚအေျခခံထားသည္။

ၿပိဳင္ဘက္ကုမၸဏီမ်ားျဖစ္သည့္ ဖီဇာ Pfizer၊ အက္စထရာဇီနီကာ AstraZeneca ႏွင့္ မိုဒီနာ Moderna တို႔က အသက္႐ွဴလမ္းေၾကာင္းဆိုင္ရာေရာဂါကာကြယ္ေဆးအတြက္ ေနာက္ဆံုးအဆင့္စမ္းသပ္မႈမ်ားလုပ္ေနခ်ိန္တြင္ မာ့က္သည္ ၿပိဳင္ဆိုင္မႈအတြင္းေနာက္က်၀င္ေရာက္လာျခင္းျဖစ္သည္။

အက်ိဳးအျမတ္မယူသည့္သုေတသနလုပ္ငန္း IAVI ႏွင့္ပူးေပါင္းၿပီး မာ့က္၏အီဘိုလာကာကြယ္ေဆး ERVEBO တြင္အသံုးျပဳသည့္နည္းပညာအေပၚအေျခခံသည့္ ေနာက္ထပ္ COVID-19 ကာကြယ္ေဆးကိုလည္း ပူးေပါင္းထုတ္လုပ္ေနသည္။

Ref : Merck starts recruitment for COVID-19 vaccine human trial

#PeopleMedia

(unicode)
COVID-19 ကာကွယ်ဆေး လူသားများတွင်စမ်းသပ်ရန် အမေရိကန်ဆေးကုမ္ပဏီစေတနာ့ဝန်ထမ်းများစုဆောင်းနေ
……………………………………………

ကီနေးဝေါ့သ်၊ စက်တင်ဘာ ၁၁

COVID-19 ကာကွယ်ဆေးလေ့လာမှုအစောပိုင်းအဆင့်အတွက် အမေရိကန်ဆေးကုမ္ပဏီ မာ့က်(Merck & Co) က စေတနာ့ဝန်ထမ်းများစတင်စုဆောင်းနေသည်။

ဘယ်လ်ဂျီယံတွင်အခြေစိုက်သည့် အဆင့် ၁ နှင့် ၂ စမ်းသပ်ကုသမှုများသည် ကျန်းမာသည့်စေတနာ့ဝန်ထမ်းအယောက် ၂၆၀ စုဆောင်းပြီး စမ်းသပ်ကာကွယ်ဆေး V591 ကိုစမ်းသပ်ရန်ရည်ရွယ်သည်။

ဩစတြေးလျကာကွယ်ဆေးကုမ္ပဏီ သီးမစ်ဇီဝသိပ္ပံ Themis Bioscience နှင့်ပေါင်းစပ်ထုတ်လုပ်နေခြင်းဖြစ်သည်။

ထိုကာကွယ်ဆေးသည် အဆင့်မြှင့်တင်ထားသောဝက်သက်ဗိုင်းရပ်စ်အပေါ်အခြေခံထားသည်။

ပြိုင်ဘက်ကုမ္ပဏီများဖြစ်သည့် ဖီဇာ Pfizer၊ အက်စထရာဇီနီကာ AstraZeneca နှင့် မိုဒီနာ Moderna တို့က အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါကာကွယ်ဆေးအတွက် နောက်ဆုံးအဆင့်စမ်းသပ်မှုများလုပ်နေချိန်တွင် မာ့က်သည် ပြိုင်ဆိုင်မှုအတွင်းနောက်ကျဝင်ရောက်လာခြင်းဖြစ်သည်။

အကျိုးအမြတ်မယူသည့်သုတေသနလုပ်ငန်း IAVI နှင့်ပူးပေါင်းပြီး မာ့က်၏အီဘိုလာကာကွယ်ဆေး ERVEBO တွင်အသုံးပြုသည့်နည်းပညာအပေါ်အခြေခံသည့် နောက်ထပ် COVID-19 ကာကွယ်ဆေးကိုလည်း ပူးပေါင်းထုတ်လုပ်နေသည်။

Ref : Merck starts recruitment for COVID-19 vaccine human trial

#PeopleMedia


Share this post