• Follow Us on

Home COVID-19 ရောဂါကို ခံနိုင်ရည်ရှိပြီဟု ထရမ့်ပြော


Share this post

 
 
 
 
 
 
 
 
#PeopleMedia
 
(Unicode)
COVID-19 ရောဂါကို ခံနိုင်ရည်ရှိပြီဟု ထရမ့်ပြော
…………………………………
 
၀ါရှင်တန်၊ အောက်တိုဘာ ၁၂
 
COVID-19 ရောဂါကို ခံနိုင်ရည်ရှိပြီဟု အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က ကြေညာပြီး အမေရိကန်သမ္မတ အဖြစ်ပြန်လည်ရွေးကောက်ခံမည့်အချိန်နီးကပ်နေချိန်လာချိန်တွင် ရွေးကောက်ပွဲယှဉ်ပြိုင်ရန် အဆင်သင့်ဖြစ်နေ ပြီဟုလည်း တနင်္ဂနွေနေ့တွင်ပြောသည်။
 
ရောဂါခံနိုင်ရည်ရှိကြောင်းသက်သေမပြနိုင်သေးဘဲ ဗိုင်းရပ်စ်ကင်းစင်ကြောင်းကြေညာရန်ရှိနေသော်လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်နိုင်သည့်အန္တရာယ်မရှိဟု စနေနေ့တွင် အိမ်ဖြူတော်ဆရာဝန်များက ပြောခဲ့ပြီး မဲပြန်ဆွယ်နိုင်ကြောင်းပြောသည်။
 
သို့သော် မည်သည့်အတိုင်းအတာဖြင့် COVID-19 ကူးစက်ခံထားရမှုသည် ရောဂါခံနိုင်ရည်ရှိကြောင်း တိကျသည့်ဖွင့်ဆိုချက်မရှိသေးဘဲ အစောပိုင်းလေ့လာမှုများအရ လပိုင်းအထိကြာနိုင်ကြောင်းနှင့် နောက်ပိုင်းလေ့လာမှုများတွင် ပိုကြာနိုင်ကြောင်းတွေ့ရှိသည်။
 
ကူးစက်မှုခံနိုင်ရည်ရှိပြီဟု ထရမ့်ကပြောထားသည့်တွစ်တာပို့စ်တွင် ထိုအချက်အလက်သည် သတင်းမှား ဘက်ဦးတည်သည့်စည်းမျဉ်းများကိုချိုးဖောက်ထားကြောင်းနှင့် အန္တရာယ်ရှိသည့်သတင်းမှားဖြစ်နိုင်ကြောင်း တွစ်တာက ပြသထားသည်။
 
သို့သော်လည်း ထိုပြသချက်ကို နှိပ်လိုက်ပါက ထိုပို့စ်ကို မြင်နိုင်သေးသည်။
 
ထရမ့်၏ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးအဖွဲ့က ထရမ့်ကူးစက်ခံနေရချိန်တွင် လူမှုကွန်ရက်တွင် မဲဆွယ်ပေးနေကြသည်။
 
Ref : Trump says he is ‘immune’ from COVID-19
 
#PeopleMedia

Share this post