• Follow Us on

Home COVID-19 ေရာဂါကူးစက္မႈမ်ား႐ွိၿပီးေနာက္ ခ်င္းေဒါင္ၿမိဳ႕တစ္ၿမိဳ႕လံုးကို စစ္ေဆးမႈျပဳလုပ္ရန္စီစဥ္ေန

COVID-19 ေရာဂါကူးစက္မႈမ်ား႐ွိၿပီးေနာက္ ခ်င္းေဒါင္ၿမိဳ႕တစ္ၿမိဳ႕လံုးကို စစ္ေဆးမႈျပဳလုပ္ရန္စီစဥ္ေန

Share this post

ေဘက်င္း၊ ေအာက္တိုဘာ ၁၂

၅ ရက္အတြင္း ၿမိဳ႕ခံ ၉ သန္းစလံုးကို COVID-19 ေရာဂါကူးစက္ခံထားရျခင္း႐ွိ၊ မ႐ွိစစ္ေဆးသြားမည္ဟု တ႐ုတ္ႏုိင္ငံ႐ွိ ခ်င္းေဒါင္ၿမိဳ႕အာဏာပိုင္မ်ားက ေအာက္တိုဘာ ၁၂ ရက္တြင္ေျပာသည္။

ႏိုင္ငံျခားျပန္မ်ားကိုေရာဂါကုသမႈေပးေနသည့္ေဆး႐ံုႏွင့္ဆက္စပ္ေနသည့္ကူးစက္မႈမ်ား႐ွိလာၿပီးေနာက္ ယခုကဲ့သို႔စစ္ေဆးရန္ဆံုးျဖတ္ျခင္းျဖစ္သည္။

ေအာက္တိုဘာ ၁၁ ရက္ညပိုင္းအထိ ထိုၿမိဳ႕တြင္ ကူးစက္အတည္ျပဳလူနာ ၆ ေယာက္ႏွင့္ ေရာဂါလကၡဏာ မျပသည့္လူနာ ၆ ေယာက္ေတြ႔႐ွိခဲ့ၿပီး အားလံုးသည္ ခ်င္းေဒါင္ႏွလံုးႏွင့္အဆုတ္ေဆး႐ံုႏွင့္ဆက္စပ္ေနသည္။

ခရိုင္ ၅ ခုကို ၃ ရက္အတြင္းအၿပီးစစ္ေဆးမည္ျဖစ္ၿပီး တၿမိဳ႕လံုးကို ၅ ရက္အတြင္းစစ္ေဆးမည္ဟု ထုတ္ျပန္ခ်က္တြင္ပါ၀င္သည္။

တ႐ုတ္အေ႐ွ႕ပိုင္း႐ွန္ေဒါင္းျပည္နယ္မွ ႏိုင္ငံ၏အဓိကပင္လယ္ဆိပ္ကမ္းတည္႐ွိရာခ်င္းေဒါင္ၿမိဳ႕မွ ႏွလံုးႏွင့္ အဆုတ္ေဆး႐ံုႏွင့္ အေရးေပၚဌာနကို ပိတ္ဆို႔မႈမ်ားျပဳလုပ္လိုက္သည္။

ဗိုင္းရပ္စ္မပ်ံ႕ႏွံ႔ေရးအစီအမံမ်ားတစိတ္တပိုင္းအေနျဖင့္ အတည္ျပဳလူနာမ်ားေနထိုင္သည့္အေဆာက္အဦ မ်ားကိုလည္း ပိတ္ဆို႔ကန္႔သတ္လိုက္သည္။

က်န္းမာေရး၀န္ထမ္းမ်ား၊ ေဆး႐ံုလာျပသည့္လူနာမ်ားႏွင့္ အမႈထမ္းမ်ား စုစုေပါင္း ၁၄၀၀၀၀ ကို စစ္ေဆးမႈ မ်ားျပဳလုပ္ထားေၾကာင္း တ႐ုတ္က်န္းမာေရးေကာ္မ႐ွင္က အတည္ျပဳသည္။

တ႐ုတ္ႏိုင္ငံတြင္ အတည္ျပဳလူနာ ၈၅၅၇၈ ေယာက္႐ွိေနၿပီး ေသဆံုးသူ ၄၆၃၄ ေယာက္႐ွိေနသည္။

Ref : China’s Qingdao orders city-wide COVID-19 testing following new infections

#PeopleMedia

(Unicode)
COVID-19 ရောဂါကူးစက်မှုများရှိပြီးနောက် ချင်းဒေါင်မြို့တစ်မြို့လုံးကို စစ်ဆေးမှုပြုလုပ်ရန်စီစဉ်နေ
………………………………………

ဘေကျင်း၊ အောက်တိုဘာ ၁၂

၅ ရက်အတွင်း မြို့ခံ ၉ သန်းစလုံးကို COVID-19 ရောဂါကူးစက်ခံထားရခြင်းရှိ၊ မရှိစစ်ဆေးသွားမည်ဟု တရုတ်နိုင်ငံရှိ ချင်းဒေါင်မြို့အာဏာပိုင်များက အောက်တိုဘာ ၁၂ ရက်တွင်ပြောသည်။

နိုင်ငံခြားပြန်များကိုရောဂါကုသမှုပေးနေသည့်ဆေးရုံနှင့်ဆက်စပ်နေသည့်ကူးစက်မှုများရှိလာပြီးနောက် ယခုကဲ့သို့စစ်ဆေးရန်ဆုံးဖြတ်ခြင်းဖြစ်သည်။

အောက်တိုဘာ ၁၁ ရက်ညပိုင်းအထိ ထိုမြို့တွင် ကူးစက်အတည်ပြုလူနာ ၆ ယောက်နှင့် ရောဂါလက္ခဏာ မပြသည့်လူနာ ၆ ယောက်တွေ့ရှိခဲ့ပြီး အားလုံးသည် ချင်းဒေါင်နှလုံးနှင့်အဆုတ်ဆေးရုံနှင့်ဆက်စပ်နေသည်။

ခရိုင် ၅ ခုကို ၃ ရက်အတွင်းအပြီးစစ်ဆေးမည်ဖြစ်ပြီး တမြို့လုံးကို ၅ ရက်အတွင်းစစ်ဆေးမည်ဟု ထုတ်ပြန်ချက်တွင်ပါဝင်သည်။

တရုတ်အရှေ့ပိုင်းရှန်ဒေါင်းပြည်နယ်မှ နိုင်ငံ၏အဓိကပင်လယ်ဆိပ်ကမ်းတည်ရှိရာချင်းဒေါင်မြို့မှ နှလုံးနှင့် အဆုတ်ဆေးရုံနှင့် အရေးပေါ်ဌာနကို ပိတ်ဆို့မှုများပြုလုပ်လိုက်သည်။

ဗိုင်းရပ်စ်မပျံ့နှံ့ရေးအစီအမံများတစိတ်တပိုင်းအနေဖြင့် အတည်ပြုလူနာများနေထိုင်သည့်အဆောက်အဦ များကိုလည်း ပိတ်ဆို့ကန့်သတ်လိုက်သည်။

ကျန်းမာရေးဝန်ထမ်းများ၊ ဆေးရုံလာပြသည့်လူနာများနှင့် အမှုထမ်းများ စုစုပေါင်း ၁၄၀၀၀၀ ကို စစ်ဆေးမှု များပြုလုပ်ထားကြောင်း တရုတ်ကျန်းမာရေးကော်မရှင်က အတည်ပြုသည်။

တရုတ်နိုင်ငံတွင် အတည်ပြုလူနာ ၈၅၅၇၈ ယောက်ရှိနေပြီး သေဆုံးသူ ၄၆၃၄ ယောက်ရှိနေသည်။

Ref : China’s Qingdao orders city-wide COVID-19 testing following new infections

#PeopleMedia


Share this post