• Follow Us on

Home COVID-19 ရောဂါကူးစက်မှုလျော့ချနိုင်ရန် ရုံးပိတ်ရက်အတွင်း ရန်ကုန်မြို့ရှိ ယာဉ်လိုင်းအချို့ရပ်နားမည်

COVID-19 ရောဂါကူးစက်မှုလျော့ချနိုင်ရန် ရုံးပိတ်ရက်အတွင်း ရန်ကုန်မြို့ရှိ ယာဉ်လိုင်းအချို့ရပ်နားမည်

Share this post

ရန်ကုန်၊ ဇူလိုင် – ၁၆ (People Media)

COVID-19 ရောဂါကူးစက်မှုလျော့ချနိုင်ရန် ရုံးပိတ်ရက်ကာလအတွင်း ရန်ကုန်မြို့အတွင်း ပြေးဆွဲလျှက်ရှိသည့် ယာဉ်လိုင်းအချို့ရပ်နားမည်ဖြစ်သည်။

ရုံးပိတ်ကာလအတွင်း ရပ်နားထားမည့် ယာဉ်လိုင်းတို့မှာ လူထုမိတ်ဆွေ၊ ပြည်သူ့အကျိုးပြုယာဉ်လိုင်းမှ တာ ဝန်ယူပြေးဆွဲနေသည့် YBS-32၊ 78၊ 93၊ 94၊ 97 ယာဉ်လိုင်းများ ပြေးဆွဲမှုကို အများပြည်သူရုံးပိတ်ရက်ရှည် ဖြစ်သည့် လာမည့် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်မှ စတင်ကာ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့အထိ ယာယီရပ်နားထားမည်ဖြစ်သည်။

ထပ်မံ၍ Omni Focus မှ တာဝန်ယူပြေးလျှက်ရှိသော YBS-20၊ 56၊ 82၊ 83၊ 98၊ 99 ယာဉ်လိုင်းများ၏ ပြေးဆွဲမှုများအား အများပြည်သူရုံးပိတ်ရက်များဖြစ်သည့် ဇူလိုင်လ (၁၇) ရက်နေ့မှ ဇူလိုင်လ (၂၅) ရက် နေ့အထိ ယာယီရပ်နားသွားမည်ဖြစ်သည်။

လက်ရှိ ရန်ကုန်မြို့တွင် COVID-19 ရောဂါတတိယလှိုင်း ဖြစ်ပွားနေမှုကြောင့် ကူးစက်မှုနှုန်းမြင့်မားနေသလို သေဆုံးမှုများလည်း မြင့်တက်နေသည့်အတွက် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း နစကအစိုးရမှ COVID-19 ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် ဇူလိုင်လ (၁၇) ရက်နေ့မှ ဇူလိုင်လ (၂၅) ရက်နေ့အထိ ရုံးပိတ်ရက်အဖြစ် သတ်မှတ် ပေးထားသည်။

#PeopleMedia #မြို့တွင်းယာဉ်လိုင်း

(unicode)
…………………………………………








Share this post