• Follow Us on

Home COVID-19 ေရာဂါရွိ-မရွိ စစ္ေဆးနိုင္သည့္ Test Kits မ်ား ကိုရီးယားႏုိင္ငံမွ ျမန္မာနိုင္ငံသို႔ လွဴဒါန္း

COVID-19 ေရာဂါရွိ-မရွိ စစ္ေဆးနိုင္သည့္ Test Kits မ်ား ကိုရီးယားႏုိင္ငံမွ ျမန္မာနိုင္ငံသို႔ လွဴဒါန္း

Share this post

COVID-19 ေရာဂါ ရွိ၊ မရွိ စစ္ေဆးနိုင္သည့္ Test Kits မ်ား ကိုရီးယားသမၼတနိုင္ငံရွိ IoneBio Inc ၏ ဥကၠ႒ျဖစ္သူ Mr. Kim Min-Bae က ယေန႔ စက္တင္ဘာလ ၂၉ ရက္ နံနက္ ၁၁ နာရီခြဲအခ်ိန္က ဆိုးလ္ၿမိဳ႕ ျမန္မာသံ႐ုံးသို႔ လာေရာက္လွဴဒါန္းခဲ့ေၾကာင္း နိုင္ငံျခားေရး၀န္ႀကီးဌာနက ထုတ္ျပန္ထားသည္။

Test Kits မ်ားသည္ လူဦးေရတစ္ေသာင္းအသုံးျပဳနိုင္ေၾကာင္း နိုင္ငံျခားေရး၀န္ႀကီးဌာနထုတ္ျပန္ခ်က္၌ ေဖာ္ျပထားသည္။

အဆိုပါ Test Kit မ်ားမွာ COVID-19 ေရာဂါ ရွိ၊ မရွိ စစ္ေဆးမႈရလဒ္ကို မိနစ္ (၂၀) တြင္ ရရွိနိုင္မည္ျဖစ္ၿပီး Rapid Test Kit မ်ားထက္ အရည္အေသြးပိုမိုေကာင္းမြန္ကာ ပုံမွန္ PCR Test Kits မ်ားကဲ့သို႔ပင္ အေျဖတိ က်မႈရွိေၾကာင္းႏွင့္ ယင္း Test Kit မ်ား အသုံးျပဳပုံမွာလည္း လြယ္ကူရိုးရွင္းၿပီး အပူခ်ိန္ -15°C မွ -20°C ၾကား တြင္ သိမ္းဆည္းထားရမည္ျဖစ္သည္။

ျမန္မာသံ႐ုံး၊ ဆိုးလ္ၿမိဳ႕အေနျဖင့္ ယင္းလက္ခံရရွိေသာ Test Kit မ်ားပါဝင္သည့္ ေသတၱာပုံးကို ျမန္မာနိုင္ငံသို႔ ေဆာလ်င္စြာ ဆက္လက္ပို႔ေဆာင္ေပးသြားမည္ျဖစ္ေၾကာင္းပါရွိသည္။

#PeopleMedia #ကိုရီးယားနိုင္ငံ #COVID19

(Unicode)
COVID-19 ရောဂါရှိ-မရှိ စစ်ဆေးနိုင်သည့် Test Kits များ ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်း
………………………………………………

COVID-19 ရောဂါ ရှိ၊ မရှိ စစ်ဆေးနိုင်သည့် Test Kits များ ကိုရီးယားသမ္မတနိုင်ငံရှိ IoneBio Inc ၏ ဥက္ကဋ္ဌဖြစ်သူ Mr. Kim Min-Bae က ယနေ့ စက်တင်ဘာလ ၂၉ ရက် နံနက် ၁၁ နာရီခွဲအချိန်က ဆိုးလ်မြို့ မြန်မာသံရုံးသို့ လာရောက်လှူဒါန်းခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Test Kits များသည် လူဦးရေတစ်သောင်းအသုံးပြုနိုင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အဆိုပါ Test Kit များမှာ COVID-19 ရောဂါ ရှိ၊ မရှိ စစ်ဆေးမှုရလဒ်ကို မိနစ် (၂၀) တွင် ရရှိနိုင်မည်ဖြစ်ပြီး Rapid Test Kit များထက် အရည်အသွေးပိုမိုကောင်းမွန်ကာ ပုံမှန် PCR Test Kits များကဲ့သို့ပင် အဖြေတိ ကျမှုရှိကြောင်းနှင့် ယင်း Test Kit များ အသုံးပြုပုံမှာလည်း လွယ်ကူရိုးရှင်းပြီး အပူချိန် -15°C မှ -20°C ကြား တွင် သိမ်းဆည်းထားရမည်ဖြစ်သည်။

မြန်မာသံရုံး၊ ဆိုးလ်မြို့အနေဖြင့် ယင်းလက်ခံရရှိသော Test Kit များပါဝင်သည့် သေတ္တာပုံးကို မြန်မာနိုင်ငံသို့ ဆောလျင်စွာ ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်းပါရှိသည်။

#PeopleMedia #ကိုရီးယားနိုင်ငံ #COVID19


Share this post