• Follow Us on

Home COVID-19 ေရာဂါ ဖြံၿဖိဳးဆဲနိုင္ငံမ်ားတြင္ကုသရန္ႏွင့္ကာကြယ္ေဆးတို႔အတြက္ ကမၻာ့ဘဏ္က ေဒၚလာသန္း ၁၂၀၀၀ ခြင့္ျပဳေပး

COVID-19 ေရာဂါ ဖြံၿဖိဳးဆဲနိုင္ငံမ်ားတြင္ကုသရန္ႏွင့္ကာကြယ္ေဆးတို႔အတြက္ ကမၻာ့ဘဏ္က ေဒၚလာသန္း ၁၂၀၀၀ ခြင့္ျပဳေပး

Share this post

ဝါရွင္တန္၊ ေအာက္တိုဘာ ၁၄

ဖြံ့ၿဖိဳးဆဲနိုင္ငံမ်ားတြင္ COVID-19 ေရာဂါကာကြယ္ေဆးမ်ား၀ယ္ယူျဖန႔္ျဖဴးမႈ၊ စမ္းသပ္မႈႏွင့္ ကုသမႈမ်ားအတြက္ေထာက္ပံ့ရန္ ဘုတ္အဖြဲ႕က အေမရိကန္ေဒၚလာသန္း ၁၂၀၀၀ ခြင့္ျပဳလိုက္သည္ဟု ကမၻာ့ဘဏ္က အဂၤါေန႔တြင္ေၾကညာသည္။

ကိုရိုနာဗိုင္းရပ္စ္ကမၻာ့ကပ္ေရာဂါကိုရင္ဆိုင္ရန္ ဖြံ့ၿဖိဳးဆဲနိုင္ငံမ်ားကို ၂၀၂၁ ခုႏွစ္၊ ဇြန္အထိကူညီမည္ဟု ကမၻာ့ဘဏ္က ကတိျပဳထားသည့္ အေမရိကန္ေဒၚလာ သန္း ၁၆၀၀၀၀ ၏တစိတ္တပိုင္းျဖစ္သည္။

ေငြေခ်းမည့္အစီအစဥ္တြင္ ရယူမည့္နိုင္ငံမ်ားအတြက္ နည္းပညာအေထာက္အပံ့ေပးရန္လည္းပါ၀င္ၿပီး ကာကြယ္ေဆးမ်ားကို ခ်ိန္သားကိုက္ျဖန႔္ခ်ိေပးနိုင္ရန္ရည္ရြယ္သည္။

ကာကြယ္ေဆးမ်ားေစ်းကြက္တြင္ေပၚမလာေသးေသာ္လည္း ျဖန႔္ျဖဴးရမည့္လုပ္ငန္းစဥ္မ်ားရႈပ္ေထြးသျဖင့္ ျပင္ဆင္ထားရန္လိုအပ္ေၾကာင္း ကမၻာ့ဘဏ္အုပ္စုဥကၠ႒ ေဒးဗစ္ မယ္ပတ္စ္က သတိေပးသည္။

ကမၻာ့ဘဏ္၏ယခုခ်ည္းကပ္မႈသည္ ကာကြယ္ေဆးျဖင့္ကာကြယ္နိုင္ေသာေရာဂါမ်ားအတြက္ ေရာဂါခုခံနိုင္စြမ္းပမာဏအႀကီးစားေပၚထြက္လာရန္ သိသာထင္ရွားသည့္ကၽြမ္းက်င္မႈကို ေကာက္ခ်က္ခ်နိုင္ျခင္းျဖစ္သည္ဟု ကမၻာ့ဘဏ္ထုတ္ျပန္ခ်က္တြင္ပါ၀င္သည္။

Ref : World Bank board approves US$12 billion for COVID-19 vaccines, treatments in developing countries

#PeopleMedia

(unicode)
COVID-19 ရောဂါ ဖွံဖြိုးဆဲနိုင်ငံများတွင်ကုသရန်နှင့်ကာကွယ်ဆေးတို့အတွက် ကမ္ဘာ့ဘဏ်က ဒေါ်လာသန်း ၁၂၀၀၀ ခွင့်ပြုပေး …………………………………………………..
ဝါရှင်တန်၊ အောက်တိုဘာ ၁၄ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် COVID-19 ရောဂါကာကွယ်ဆေးများ၀ယ်ယူဖြန့်ဖြူးမှု၊ စမ်းသပ်မှုနှင့် ကုသမှုများအတွက်ထောက်ပံ့ရန် ဘုတ်အဖွဲ့က အမေရိကန်ဒေါ်လာသန်း ၁၂၀၀၀ ခွင့်ပြုလိုက်သည်ဟု ကမ္ဘာ့ဘဏ်က အင်္ဂါနေ့တွင်ကြေညာသည်။ ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါကိုရင်ဆိုင်ရန် ဖွံ့ဖြိုးဆဲနိုင်ငံများကို ၂၀၂၁ ခုနှစ်၊ ဇွန်အထိကူညီမည်ဟု ကမ္ဘာ့ဘဏ်က ကတိပြုထားသည့် အမေရိကန်ဒေါ်လာ သန်း ၁၆၀၀၀၀ ၏တစိတ်တပိုင်းဖြစ်သည်။ ငွေချေးမည့်အစီအစဉ်တွင် ရယူမည့်နိုင်ငံများအတွက် နည်းပညာအထောက်အပံ့ပေးရန်လည်းပါ၀င်ပြီး ကာကွယ်ဆေးများကို ချိန်သားကိုက်ဖြန့်ချိပေးနိုင်ရန်ရည်ရွယ်သည်။ ကာကွယ်ဆေးများစျေးကွက်တွင်ပေါ်မလာသေးသော်လည်း ဖြန့်ဖြူးရမည့်လုပ်ငန်းစဉ်များရှုပ်ထွေးသဖြင့် ပြင်ဆင်ထားရန်လိုအပ်ကြောင်း ကမ္ဘာ့ဘဏ်အုပ်စုဥက္ကဋ္ဌ ဒေးဗစ် မယ်ပတ်စ်က သတိပေးသည်။ ကမ္ဘာ့ဘဏ်၏ယခုချည်းကပ်မှုသည် ကာကွယ်ဆေးဖြင့်ကာကွယ်နိုင်သောရောဂါများအတွက် ရောဂါခုခံနိုင်စွမ်းပမာဏအကြီးစားပေါ်ထွက်လာရန် သိသာထင်ရှားသည့်ကျွမ်းကျင်မှုကို ကောက်ချက်ချနိုင်ခြင်းဖြစ်သည်ဟု ကမ္ဘာ့ဘဏ်ထုတ်ပြန်ချက်တွင်ပါ၀င်သည်။ Ref : World Bank board approves US$12 billion for COVID-19 vaccines, treatments in developing countries
#PeopleMedia


Share this post