• Follow Us on

Home COVID-19 နှင့်ပတ်သက်သည့် အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ ဇန်နဝါရီ (၃၁)ထိ ရက်တိုးမြှင့် သတ်မှတ်ကြောင်း ထုတ်ပြန်ချက်အပေါ် ‘‘အခုတစ်မျိုး တော်ကြာတစ်မျိုး၊ ပြည်ထောင်စုကတစ်မျိုး၊ ဗဟိုဆို တာကြီးက တစ်မျိုး၊ တိုင်းဒေသကြီးက တစ်မျိုး၊ မြို့နယ်ကတစ်မျိုး၊ ရက်ကွက်က တစ်မျိုး” ဟူ၍ မှတ်ချက် ပြုရေးသားသည့် မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်

COVID-19 နှင့်ပတ်သက်သည့် အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ ဇန်နဝါရီ (၃၁)ထိ ရက်တိုးမြှင့် သတ်မှတ်ကြောင်း ထုတ်ပြန်ချက်အပေါ် ‘‘အခုတစ်မျိုး တော်ကြာတစ်မျိုး၊ ပြည်ထောင်စုကတစ်မျိုး၊ ဗဟိုဆို တာကြီးက တစ်မျိုး၊ တိုင်းဒေသကြီးက တစ်မျိုး၊ မြို့နယ်ကတစ်မျိုး၊ ရက်ကွက်က တစ်မျိုး” ဟူ၍ မှတ်ချက် ပြုရေးသားသည့် မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်

Share this post

ရန်ကုန်၊ ဒီဇင်ဘာ- ၃၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

COVID-19 နှင့်ပတ်သက်သည့် အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ ဇန်နဝါရီ (၃၁)ထိ ရက်တိုးမြှင့် သတ်မှတ်ကြောင်း နိုင်ငံတော်အစိုးရက ဒီဇင်ဘာ ၂၉ ရက် ညပိုင်းက နိုင်ငံပိုင်မီဒီယာများများမှ တစ်ဆင့် ထုတ်ပြန်လိုက်သည်။

အဆိုပါ ထုတ်ပြန်ချက်အပေါ် မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ‘‘အခုတစ်မျိုး တော်ကြာတစ်မျိုး၊ ပြည် ထောင်စုကတစ်မျိုး၊ ဗဟိုဆိုတာကြီးက တစ်မျိုး၊ တိုင်းဒေသကြီးက တစ်မျိုး၊ မြို့နယ်က တစ်မျိုး၊ ရပ်ကွက်က တစ်မျိုး” ဟူ၍ မှတ်ချက်ပြုရေးသားထားသည်။

အများပြည်သူများသည် ဇန်နဝါရီလမှ စတင်၍ COVID-19 နှင့်ပတ်သက်သည့် အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များကို ဖြေလျော့ပေး၍ အဝေးပြေးယာဉ်လိုင်များအသုံးပြုခွင့်ရရှိရန် မျော်လင့်ထားကြသည်။

ထို့အတူ ရန်ကုန်၊ မန္တလေးရှိ လက်ဖက်ရည်ဆိုင်များ စားသောက်ဆိုင်များသည်လည်း COVID-19 စည်းကမ်း ချက်နှင့်အညီ ဖွင့်ခွင့်ရရန် မျှော်လင့်နေကြကြောင်း လုပ်ငန်းရှင်များက ပြောဆိုနေကြသည်။

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်သည် မန္တလေးမြို့၏ လမ်း၊ ရေမြောင်း၊ လမ်းမီးစသည်ဖြင့် ရေတို/ရေ ရှည်စီမံကိန်းချ၍ ဆောင်ရွက်နိုင်ခဲ့သည့် မြို့တော်ဝန်တစ်ဦးဖြစ်သလို မန္တလေးမြို့ခံများ အများပြည်သူတို့၏ ယုံကြည်ကြိုးစားမှုကို ရရှိနေသူတစ်ဦးဖြစ်သည်။

သို့သော် ဒေါက်တာရဲလွင်သည် လာမည့် အစိုးရသစ်လက်ထက်၌ အစိုးရတာဝန်များကို ဆက်လက်ထမ်း ဆောင်ရန် ငြင်းပယ်ထားသူတစ်ဦးဖြစ်သည်။

#PeopleMedia #ဒေါက်တာရဲလွင် #မန်းမြို့တော်ဝန်

(unicode)
………………………………………………………………










Share this post