• Follow Us on

Home Covid-19 နှင့်ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းဒေသကြီး ပြည်နယ်ဝန်ကြီး ချုပ်များ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးမည်


Share this post

ရန်ကုန်၊ မတ် – ၂၄






#PeopleMedia

(Unicode)
Covid-19 နှင့်ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းဒေသကြီး ပြည်နယ်ဝန်ကြီး ချုပ်များ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးမည်
…………………………………………………………

ရန်ကုန်၊ မတ် – ၂၄

Covid-19 နှင့်ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းဒေသကြီး ပြည်နယ် ဝန်ကြီးချုပ်များ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။

Coronavirus Disease 2019 (Covid-19) ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော် မတီတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ ပြည်ထောင် စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနများနှင့် မတ် ၁၃ ရက်တွင် တိုးမြှင့်ဖွဲ့စည်းခဲ့သည်။

Covid-19 ရောဂါကြည့်ရှုစောင့်ကြပ်မှုနှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ ချင်းပြည် နယ်၊ တီးတိန်မြို့တွင်နေထိုင်သည် အမျိုးသားတစ်ဦးနှင့် အင်္ဂလန်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် အမျိုး သားနှစ်ဦးထံတွင် ရောဂါပိုးတွေ့ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါအမျိုးသားနှစ်ဦးနှင့် ထိတွေ့ခဲ့သူအားလုံးကို စုံစမ်းဖော်ထုတ်၍ စောင့်ကြပ်ကြည့်ရှုသွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာမှ မတ် ၂၃ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

Photo – Myanmar State Counsellor

#PeopleMedia


Share this post