• Follow Us on

Home e-ID စနစ်လုပ်ငန်းအား ယခုနိုင်ငံတော်အစိုးရကာလအတွင်း ပြီးစီးနိုင်သောလုပ်ငန်းများကို ရုပ်လုံးပေါ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လဝကဝန်ကြီး ပြောကြား

e-ID စနစ်လုပ်ငန်းအား ယခုနိုင်ငံတော်အစိုးရကာလအတွင်း ပြီးစီးနိုင်သောလုပ်ငန်းများကို ရုပ်လုံးပေါ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လဝကဝန်ကြီး ပြောကြား

Share this post

ရန်ကုန်၊ မတ် ၂၃

 

e-ID စနစ်လုပ်ငန်းအား ယခုနိုင်ငံတော်အစိုးရကာလအတွင်း ပြီးစီးနိုင်သမျှသောလုပ်ငန်းများကို အတတ်နိုင်ဆုံး ကြိုးပမ်းကာ ရုပ်လုံးပေါ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။

 

ယမန်နေ့က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည့် e-ID စနစ်လုပ်ငန်းကော်မတီ၊ အစည်းအဝေး၌ လဝကဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့သည်။

 

“ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက်က ကျင်းပခဲ့တဲ့ ပထမအကြိမ် e-ID စနစ်လုပ်ငန်းကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်တွေကို နိုင်ငံတော်အကြီးအကဲထံ တင်ပြဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ e-ID စနစ် လုပ်ငန်းဟာ အရင်အစိုးရကာလအတွင်းက ဆောင်ရွက်ဖို့ ကြိုးပမ်းခဲ့ပေမယ့် လုပ်ငန်းတွေ ရပ်တန့်နေပြီး အခုအစိုးရကာလမှာ ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်ဖို့ ဆက်လက်ကြိုးပမ်းဆောင်ရွက်တာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်ဟာ ကြီးမားကျယ်ပြန့်ပြီး နိုင်ငံတော်အစိုးရက အကောင်အထည်ဖော်ဆောင်ရွက် နေတဲ့ e-Government စနစ်ရဲ့ အခြေခံအုတ်မြစ် ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောသည်။

 

ယခုကာလအတွင်း Unit-ID ကို စတင်ဆောင်ရွက်ရန် လျာထားရာတွင်လည်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စသည့် တိုင်းဒေသကြီး (၃) ခုမှ မြို့နယ် (၈၁) မြို့နယ်ကို ဦးစွာဆောင်ရွက်ရန် လျာထားပါကြောင်း၊ Unit-ID ကောက်ယူရာတွင် နိုင်ငံအတွင်းရှိ အသက် (၁၀) နှစ်နှင့် အထက်ရှိသူအားလုံးကို အီလက်ထရောနစ်စနစ်ဖြင့် ကိုယ်ရေးအချက်အလက် (Biographic Data) (၆) ချက်ကောက်ယူခြင်းနှင့် ဇီဝဆိုင်ရာအချက်အလက် (Biom etric Data) (၃) မျိုး ကောက်ယူခြင်းတို့ ဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း၊ လုပ်ငန်းပြီးစီးမှုအပေါ်မူတည်၍ ယင်းလုပ်ငန်းစဉ်ကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး National-ID ခေါ် Smart Card  ထုတ်ပေးရေး လုပ်ငန်းကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ က ပြောကြားသည်။

 

#PeopleMedia

 

(unicode)


……………………………………….

 


 


 


 


 


 

#PeopleMedia


Share this post