• Follow Us on

Home အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် လူမျိုးတုန်းသတ်ဖြတ်ခြင်းအဆင့်ကျူးလွန်ခဲ့သည်ဟု သတ်မှတ်ကြောင်း ပြောကြားမှုအား ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း ရန်ကုန်တိုင်း YMBA ကြေညာ ချက်ထုတ်ပြန်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် လူမျိုးတုန်းသတ်ဖြတ်ခြင်းအဆင့်ကျူးလွန်ခဲ့သည်ဟု သတ်မှတ်ကြောင်း ပြောကြားမှုအား ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း ရန်ကုန်တိုင်း YMBA ကြေညာ ချက်ထုတ်ပြန်

Share this post

နေပြည်တော်၊ မတ် ၂၃

 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က မြန်မာနိုင်ငံအနေဖြင့် လူမျိုးတုန်းသတ်ဖြတ်ခြင်းအဆင့် ကျူးလွန်ခဲ့သည်ဟုသတ်မှတ်ကြောင်း မှားယွင်းစွာစွပ်စွဲပြောကြားမှုအား ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်းမှ ကြောညာချက် ထုတ်ပြန်လိုက်သည်။

 

ပြီးခဲ့သည့်ရက်ပိုင်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က မြန်မာနိုင်ငံအနေဖြင့် လူမျိုးတုန်း သတ်ဖြတ်ခြင်းအဆင့် ကျူးလွန်ခဲ့သည်ဟုသတ်မှတ်ကြောင်း မှားယွင်းစွာစွပ်စွဲပြောကြားမှု ပြုခဲ့ကြောင်း၊ မြန်မာ နိုင်ငံသမိုင်းတစ်လျှောက်၌ တရားဝင်မရှိခဲ့ဘူးသောအမည်ဖြင့် ရပ်တည်ကာ သမိုင်းလိမ်တည်ဆောက်သည့် အပြင် မြန်မာ့တပ်မတော်၏ နိုင်ငံတော်အချုပ်အခြာအာဏာ ကာကွယ်စောင့်ရှောက်မှုအား မျက်ကွယ်ပြုကာ ယခုကဲ့သို့ စွပ်စွဲပြောကြားမှုသည် ပြောကြားသူ၏ ဆင်ခြင်တုံတရားတရားနှင့် ဓမ္မဓိဋ္ဌာန်ကျမှုနှင့် သမာသမတ် ကျမှု အဆင့်အတန်းတို့အား ဖော်ပြနေကြောင်း ထုတ်ပြန်ထားသည်။

 

ထင်ရှားသောသာဓကအဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးလိုသော ဘင်္ဂါလီများအား မြန်မာ့တပ်မ တော်မှ တားမြစ်ပိတ်ဆို့သည်ဆိုသော အင်တိုနီဘလင်ကန်၏ မှတ်ချက်အား မြေပြင်မှတ်တမ်းများ၊ မြန်မာ့ မှတ်တမ်းများနှင့် ကမ္ဘာ့မှတ်တမ်းများဖြင့် ချိန်ထိုးကြည့်လျှင်ပင် ရယ်စရာကောင်းသောပြက်လုံးထက်ပိုသော စိတ်ပျက်ဖွယ် ပြက်လုံးဟုပင် ဆိုရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

မြန်မာနိုင်ငံသမိုင်း၌ လူမျိုးတုန်းသတ်ဖြတ်ခြင်းဟူသည် တစ်ခါမှမရှိခဲ့သလို ယခုကော နောင်ပါ မရှိနိုင်ပါ ကြောင်းလည်း သက်ဆိုင်သူတို့အား ပြတ်သားစွာ အသိပေးအပ်ကြောင်း၊ မြေပြင်အဖြစ်မှန်တို့အား ဘက် ပေါင်းစုံမှ ချဉ်းကပ်မလေ့လာ မသုံးသပ်ပဲ တစ်ဘက်သတ်မှားယွင်းစွာ ယခုကဲ့သို့ ပြောကြားသတ်မှတ်လာ ခြင်းအား ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia

 

(unicode)


………………………………………………

 


 


 


 


 


 

#PeopleMedia


Share this post