• Follow Us on

Home FAME ထုတ်ကုန်များ လာမည့် ဒီဇင်ဘာလမှစပြီး ပြင်သစ်နိုင်ငံ၌ ဝယ်ယူရရှိနိုင်

FAME ထုတ်ကုန်များ လာမည့် ဒီဇင်ဘာလမှစပြီး ပြင်သစ်နိုင်ငံ၌ ဝယ်ယူရရှိနိုင်

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၂၆ (People Media)

 

မြန်မာနိုင်ငံ FAME ဆေးဝါးစက်ရုံမှ ထုတ်ကုန်များကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ပြီး ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ Superalibio တွင် ဝယ်ယူနိုင်ရရှိနိုင်ပြီဖြစ်ကြောင်း FAME Pharmaceuticals က ထုတ်ပြန်ထား သည်။

 

FAME Pharmaceuticals မှ ထုတ်ကုန်များကို ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ ဆွစ်ဇာလန်၊ မိုနာကို၊ အန်ဒိုရာနှင့် လူ ဇင်ဘတ်အစရှိသည့် ဥရောပနိုင်ငံများတွင် ဖြန့်ဖြူးရောင်းချရန်အတွက် ပြင်သစ်နိုင်ငံရှိ Superalibio Limited မှ စတင်ကမ်းလှမ်းလာခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကမ်းလှမ်းချက်များအရ ပြင်သစ်နိုင်ငံရှိ Superalibio မှ Mr. Jean- Marc Brule နှင့်အဖွဲ့သည် FAME ဆေးဝါးစက်ရုံသို့ လာရောက်လေ့လာခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင် အဆိုပါနိုင်ငံများ အတွက် Exclusive Distributorship Agreement ကို FAME နှင့် သဘောတူ စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။

 

FAME ထုတ်ကုန်များကို ဥရောပဈေးကွက်အတွင်း ထိုးဖောက်နိုင်ရန်အတွက် ပြင်သစ်နိုင်ငံ အသိအမှတ်ပြု The Directorate General for Competition, Consumer Affairs and Fraud Control (DGCCRF) တွင် မှတ်ပုံ တင်သည့် လုပ်ငန်းများကို ဆောင်ရွက်ထားပြီးလည်းဖြစ်ကြောင်း သိရသည်။

 

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ပြီး ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ Superalibio တွင် FAME Pharmaceuticals မှ ထုတ်လုပ်ထားသည့် Nonifit Gold (ရဲယိုသီးအနှစ်)၊ Noni Honey (ရဲယိုသီးပျားရည်)၊ Nonicap (ရဲယိုဆေး)၊ Appletec (ပန်းသီးဆေး)၊ Bromelain (နာနတ်သီးဆေး)၊ Ganocan (လင်ဇီးဆေး)၊ HerbalFresh (စိတ်မြှင့် ဆေး)၊ Immunoplex (သဘာဝကိုယ်ခံ စွမ်းအားတိုးဆေး)၊ Mangosteen (မင်းကွတ်သီးဆေး)၊ Moringa (ဒန့်သလွန်ရွက်ဆေး)၊ Rejuvir (ဒေါင်းကွေးဆေး)၊ Resveratrol (စပျစ်သီးဆေး) နှင့် SpiruEmblica (သဘာဝအားဆေး) များကို ဝယ်ယူနိုင်ပြီဖြစ်ကြောင်း FAME Pharmaceuticalsမှ ထုတ်ပြန်ထားသည်။

 

#PeopleMedia #FAME

 

(unicode)


………………………………………………………

 


 


 


 


 


 


 

#PeopleMedia #FAME


Share this post