• Follow Us on

Home ICJ ရှေ့တွင် မြန်မာကို သပိတ်မှောက်ရန် ဥရောပ ဘင်္ဂါလီများစီစဉ်


Share this post




Ref; thedailystar

#PeopleMedia

(Unicode)
ICJ ရှေ့တွင် မြန်မာကို သပိတ်မှောက်ရန် ဥရောပ ဘင်္ဂါလီများစီစဉ်
…………………………………………………………

ဥရောပတစ်လွှားက ဘင်္ဂါလီတွေဟာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ နိုင်ငံတကာတရားခုံရုံးမှာ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ကြားနာစစ်ဆေးခံမယ့် မြန်မာနိုင်ငံကို စုပေါင်းသပိတ်မှောက်ကြဖို့ စီစဉ်လျက်ရှိနေပါတယ်။

ဥရောပဘင်္ဂါလီကောင်စီ(ERC)နဲ့ နယ်သာလန် မြန်မာမူဆလင်အသင်း(MMAN)တို့ ဦးစီးပြီး ဒီဇင်ဘာ ၁၀ ရက် ကနေ ၁၂ ရက်နေ့အတွင်း သည်ဟိတ် အခြေစိုက် ICJ ရုံးရှေ့မှာ မြန်မာနိုင်ငံကို သပိတ်မှောက်ဖို့ ပြင်ဆင်နေကြ တာဖြစ်ပါတယ်။

ဥရောပဘင်္ဂါလီကောင်စီက မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဘင်္ဂါလီတွေအတွက် တာဝန် ယူမှုနဲ့ ကာလရှည်စောင့်ဆိုင်းခဲ့ရတဲ့ တရားမျှတမှုတို့အတွက် သပိတ်မှောက်မယ့် အစီအစဉ်မှာ ပါဝင်ကြဖို့ တွစ်တာက ကြေညာထားပါတယ်။

Ref; thedailystar

#PeopleMedia


Share this post