• Follow Us on

Home KIO/KIA ထိန္းခ်ဳပ္ေဒသ၌ COVID-19 ေရာဂါကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးေဆာင္ရြက္ႏုိင္ရန္ တပ္မေတာ္မွ KIO/KIA အဖြဲ႕ထံ က်န္းမာေရးအေထာက္အကူျပဳပစၥည္းမ်ား သြားေရာက္ေပးပုိ႔

KIO/KIA ထိန္းခ်ဳပ္ေဒသ၌ COVID-19 ေရာဂါကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးေဆာင္ရြက္ႏုိင္ရန္ တပ္မေတာ္မွ KIO/KIA အဖြဲ႕ထံ က်န္းမာေရးအေထာက္အကူျပဳပစၥည္းမ်ား သြားေရာက္ေပးပုိ႔

Share this post

ရန္ကုန္၊ ေမ – ၂၁
 
ကခ်င္ျပည္နယ္ KIO/KIA ထိန္းခ်ဳပ္ေဒသ၌ COVID-19 ေရာဂါကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးေဆာင္ရြက္ႏုိင္ ရန္ တပ္မေတာ္မွ KIO/KIA အဖြဲ႕ထံ က်န္းမာေရးအေထာက္အကူျပဳပစၥည္းမ်ား သြားေရာက္ေပးပုိ႔လွဴဒါန္းခဲ့ပါ တယ္။
 
အဆုိပါလွဴဒါန္းမႈကုိ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တြဲဖက္စစ္ေရးခ်ဳပ္ ဗိုလ္ခ်ဳပ္ ခြန္သန႔္ေဇာ္ထူးႏွင့္ တာ ဝန္ရွိသူမ်ားက လိုင္ဇာအနီးရွိ မိုင္ဆာပါေဒသသုိ႔ သြားေရာက္ေပးအပ္လွဴဒါန္းခဲ့ျခင္းျဖစ္ၿပီး KIO/KIA (အဖြဲ႕) ဒုတိယဥကၠ႒ ဦးအက္စ္ဂြန္ေမာ္၊ ဗဟိုေကာ္မတီဝင္ ဦးဆြမ္လြတ္ဂမ္ႏွင့္ တာဝန္ရွိသူမ်ားက ႀကိဳဆိုလက္ခံၾကပါ တယ္။
 
တပ္မေတာ္မွ KIO/KIA ထံ COVID-19 ေရာဂါကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးအေထာက္အကူ ပစၥည္းမ်ားျဖစ္ သည့္ Surgical Mask ၂၀၀၀၀ ခု၊ N95 Mask ၁၀၀၀ ခု၊ Face Shield-၂၅၀ ခု၊ Bleaching Powder ၅ ပုံး၊ Personal Protective Equipment (PPE) ဝတ္စုံ ၅၀၀ စုံ၊ Surgical Gloves ၁၀၀၀ ခု၊ Hand Gel ၁၅၀ ဘူး၊ Hand Sanitizer ၁၅၀ ဘူးႏွင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ ေမတၱာလက္ေဆာင္စားေသာက္ဖြယ္ရာ မ်ားကို ေပးအပ္လွဴဒါန္းခဲ့ျခင္းျဖစ္ပါတယ္။
 
#PeopleMedia #တပ္မေတာ္ #KIO/KIA
 
(Unicode)
KIO/KIA ထိန်းချုပ်ဒေသ၌ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်နိုင်ရန် တပ်မတော်မှ KIO/KIA အဖွဲ့ထံ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ သွားရောက်ပေးပို့
……………………………………………………
 
ရန်ကုန်၊ မေ – ၂၁
 
ကချင်ပြည်နယ် KIO/KIA ထိန်းချုပ်ဒေသ၌ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်နိုင် ရန် တပ်မတော်မှ KIO/KIA အဖွဲ့ထံ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ သွားရောက်ပေးပို့လှူဒါန်းခဲ့ပါ တယ်။
 
အဆိုပါလှူဒါန်းမှုကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးနှင့် တာ ဝန်ရှိသူများက လိုင်ဇာအနီးရှိ မိုင်ဆာပါဒေသသို့ သွားရောက်ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး KIO/KIA (အဖွဲ့) ဒုတိယဥက္ကဋ္ဌ ဦးအက်စ်ဂွန်မော်၊ ဗဟိုကော်မတီဝင် ဦးဆွမ်လွတ်ဂမ်နှင့် တာဝန်ရှိသူများက ကြိုဆိုလက်ခံကြပါ တယ်။
 
တပ်မတော်မှ KIO/KIA ထံ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအထောက်အကူ ပစ္စည်းများဖြစ် သည့် Surgical Mask ၂၀၀၀၀ ခု၊ N95 Mask ၁၀၀၀ ခု၊ Face Shield-၂၅၀ ခု၊ Bleaching Powder ၅ ပုံး၊ Personal Protective Equipment (PPE) ဝတ်စုံ ၅၀၀ စုံ၊ Surgical Gloves ၁၀၀၀ ခု၊ Hand Gel ၁၅၀ ဘူး၊ Hand Sanitizer ၁၅၀ ဘူးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ မေတ္တာလက်ဆောင်စားသောက်ဖွယ်ရာ များကို ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်။
 
#PeopleMedia #တပ်မတော် #KIO/KIA

Share this post