• Follow Us on

Home LockDown ခ်ထားသည့္ မႏၲေလးၿမိဳ႕၊ ဥပုတ္ေတာ္ရပ္ကြက္၌ အတည္ျပဳလူနာ အေရအတြက္ ၃၀ နီးပါး ရွိလာ

LockDown ခ်ထားသည့္ မႏၲေလးၿမိဳ႕၊ ဥပုတ္ေတာ္ရပ္ကြက္၌ အတည္ျပဳလူနာ အေရအတြက္ ၃၀ နီးပါး ရွိလာ

Share this post

မႏၲေလး၊ ေအာက္တိုဘာလ – ၃

Lockdown (အဝင္အထြက္ ကန႔္သတ္ပိတ္ပင္ဧရိယာ) အျဖစ္ သတ္မွတ္ခဲ့သည့္ မႏၲေလးၿမိဳ႕၊ ေအာင္ေျမသာ စံၿမိဳ႕နယ္၊ ဥပုတ္ေတာ္ရပ္ကြက္အတြင္းရွိ အကြက္(၂၀)ႏွင့္ အကြက္(၂၉) တို႔တြင္ ေအာက္တိုဘာလ ၂ ရက္ ည အထိ COVID-19 ဓါတ္ခြဲ အတည္ျပဳလူနာအေရအတြက္သည္ ၃၀ ဦး နီးပါးရွိေၾကာင္း ဥပုတ္ေတာ္ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး႐ုံးက ေျပာသည္။

ေအာက္တိုဘာလ ၂ ရက္ ညပိုင္းတြင္ ဓါတ္ခြဲအတည္ျပဳ လူနာသစ္ ၂ ဦး ထပ္မံေတြ႕ရွိခဲ့ၿပီးေနာက္ ဥပုတ္ေတာ္ ရပ္ကြက္အတြင္း၌ စုစုေပါင္း အတည္ျပဳလူနာအေရအတြက္ ဦးေရသည္ ၂၉ ဦးအထိရွိလာေၾကာင္း ဥပုတ္ေတာ္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးညီညီဟန္က အတည္ျပဳေျပာၾကားသည္။

ေအာက္တိုဘာလ ၁ ရက္မွစတင္၍ COVID-19 အတည္ျပဳလူနာမ်ား ေတြ႕ရွိခဲ့သည့္ အကြက္ (၂၀) ႏွင့္ အကြက္ (၂၉) တို႔ အတြင္းရွိ လမ္း ၄ လမ္းကို အဝင္အထြက္ ပိတ္ထားခဲ့ၿပီး ထိုေနရာအတြင္း ေနထိုင္သူမ်ားကို လည္း အျပင္ထြက္ခြင့္ ကန႔္သတ္တားျမစ္ခဲ့ျခင္းျဖစ္သည္။

“Positive ထြက္တဲ့ေနရာေတြျဖစ္ေတာ့ ၿမိဳ႕နယ္အဆင့္ဆင့္ကလာၿပီး ၾကည့္ရႈၿပီးေတာ့ အျပင္ထြက္ခြင့္မျပဳတဲ့ semi lockdown အေနနဲ႔ ခ်ထားပါတယ္၊ ပံ့ပိုးမႈအပိုင္းက ဒီမနက္အထိ စီစဥ္ထားတာပဲ ရွိပါေသးတယ္၊ မေန႔က ဝန္ႀကီးခ်ဳပ္လာၾကည့္ခဲ့ပါတယ္၊ အိမ္ေထာင္စုစာရင္းေတြ၊ လူဦးေရစာရင္းေတြ ေကာက္ခိုင္းၿပီး ေထာက္ပံ့ဖို႔ အစီအစဥ္ေတြ လုပ္ကိုင္ေဆာင္ရြက္ေနပါတယ၊” ဟု ၎ကဆိုသည္။

အထက္ပါ ဥပုတ္ရပ္ကြက္အတြင္းရွိ ကန႔္သတ္ဧရိယာ ၂ ခု အတြင္း၌ လူတန္းစားအလႊာအသီးသီး ရွိေသာ္ လည္း အမ်ားစုမွာ အေျခခံလူတန္းစားမ်ားသာ ျဖစ္သည္။

ႏွာေခါင္းစည္းမ်ားႏွင့္ စံမေဟာ္ကုမၸဏီက လာေရာက္လွဴဒါန္းထားသည့္ အသင့္စားအစားအစာထုတ္မ်ားကို ကန႔္သတ္ဧရိယာအတြင္းရွိ ေနထိုင္သူမ်ားထံ လိုက္လံေဝမွ်ေပးရန္ စီစဥ္ထားၿပီး အစားအေသာက္အတြက္ လိုအပ္သည္မ်ား ဝယ္ယူေပးရန္ လုံၿခဳံေရးတာဝန္ယူထားသည့္ အဖြဲ႕အစည္းအသီးသီးတို႔မွ ကူညီေဆာင္ရြက္ ေပးလ်က္ရွိသည္။

ဥပုတ္ေတာ္ရပ္ကြက္၌ ပထမဆုံး COVID-19 ဓါတ္ခြဲ အတည္ျပဳလူနာကို အကြက္ အမွတ္ (၂၉) တြင္ ေနထိုင္သူတစ္ဦးထံ၌ စက္တင္ဘာလ ၂၆ ရက္တြင္ စတင္ေတြ႕ရွိခဲ့ၿပီး အတည္ျပဳလူနာႏွင့္ ထိေတြ႕ခဲ့ ေသာေၾကာင့္ ကြာရန္တင္းဝင္ေနသူ ၉၈ ဦးအနက္ ၂၈ ဦးထံ၌ ေရာဂါပိုးေတြ႕ရွိထားျခင္းျဖစ္သည္။

မႏၲေလးၿမိဳ႕၏ ပထမဆုံး Lockdown ဧရိယာႏွစ္ခုအျဖစ္ ေအာင္ေျမသာစံၿမိဳ႕နယ္အတြင္းရွိ ဥပုတ္ေတာ္ ရပ္ကြက္မွ အကြက္ (၂၀)၊ အကြက္ (၂၉) တို႔ကို သတ္မွတ္ခဲ့သလို မဟာေအာင္ေျမၿမိဳ႕၊ ခ်မ္းေအးသာစံၿမိဳ႕နယ္ ႏွင့္ အမရပူရၿမိဳ႕နယ္တို႔ကိုလည္း Stay at Home(မိမိေနအိမ္အတြင္း ေနထိုင္ရန္) ၿမိဳ႕နယ္မ်ားအျဖစ္ စက္တင္ ဘာလ ၂၇ ရက္ စတင္သတ္မွတ္အတည္ျပဳခဲ့သည္။

မႏၲေလးတိုင္းအတြင္း၌ ေအာက္တိုဘာလ ၃ ရက္အထိ COVID-19 အတည္ျပဳလူနာ အေရအတြက္ ၃၀၀ ဦး ေက်ာ္ႏွင့္ ေသဆုံးသူ ၁ ဦးရွိခဲ့ၿပီး မႏၲေလးၿမိဳ႕ေတာ္စည္ပင္ဧရိယာအတြင္းပါဝင္သည့္ ေအာင္ေျမသာစံ၊ ခ်မ္း ေအးသာစံ၊ မဟာေအာင္ေျမ၊ ခ်မ္းျမသာစည္၊ ျပည္ႀကီးတံခြန္ႏွင့္ အမရပူရၿမိဳ႕နယ္တို႔ ၌ အတည္ျပဳလူနာ ၂၀၀ နီးပါးအထိရွိခဲ့သည္။

ေနေသာ္(မန္း)

#PeopleMedia #မန္း

(Unicode)
LockDown ချထားသည့် မန္တလေးမြို့၊ ဥပုတ်တော်ရပ်ကွက်၌ အတည်ပြုလူနာ အရေအတွက် ၃၀ နီးပါး ရှိလာ
……………………………………………………

မန္တလေး၊ အောက်တိုဘာလ – ၃

Lockdown (အဝင်အထွက် ကန့်သတ်ပိတ်ပင်ဧရိယာ) အဖြစ် သတ်မှတ်ခဲ့သည့် မန္တလေးမြို့၊ အောင်မြေသာ စံမြို့နယ်၊ ဥပုတ်တော်ရပ်ကွက်အတွင်းရှိ အကွက်(၂၀)နှင့် အကွက်(၂၉) တို့တွင် အောက်တိုဘာလ ၂ ရက် ည အထိ COVID-19 ဓါတ်ခွဲ အတည်ပြုလူနာအရေအတွက်သည် ၃၀ ဦး နီးပါးရှိကြောင်း ဥပုတ်တော်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးက ပြောသည်။

အောက်တိုဘာလ ၂ ရက် ညပိုင်းတွင် ဓါတ်ခွဲအတည်ပြု လူနာသစ် ၂ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ဥပုတ်တော် ရပ်ကွက်အတွင်း၌ စုစုပေါင်း အတည်ပြုလူနာအရေအတွက် ဦးရေသည် ၂၉ ဦးအထိရှိလာကြောင်း ဥပုတ်တော် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးညီညီဟန်က အတည်ပြုပြောကြားသည်။

အောက်တိုဘာလ ၁ ရက်မှစတင်၍ COVID-19 အတည်ပြုလူနာများ တွေ့ရှိခဲ့သည့် အကွက် (၂၀) နှင့် အကွက် (၂၉) တို့ အတွင်းရှိ လမ်း ၄ လမ်းကို အဝင်အထွက် ပိတ်ထားခဲ့ပြီး ထိုနေရာအတွင်း နေထိုင်သူများကို လည်း အပြင်ထွက်ခွင့် ကန့်သတ်တားမြစ်ခဲ့ခြင်းဖြစ်သည်။

“Positive ထွက်တဲ့နေရာတွေဖြစ်တော့ မြို့နယ်အဆင့်ဆင့်ကလာပြီး ကြည့်ရှုပြီးတော့ အပြင်ထွက်ခွင့်မပြုတဲ့ semi lockdown အနေနဲ့ ချထားပါတယ်၊ ပံ့ပိုးမှုအပိုင်းက ဒီမနက်အထိ စီစဉ်ထားတာပဲ ရှိပါသေးတယ်၊ မနေ့က ဝန်ကြီးချုပ်လာကြည့်ခဲ့ပါတယ်၊ အိမ်ထောင်စုစာရင်းတွေ၊ လူဦးရေစာရင်းတွေ ကောက်ခိုင်းပြီး ထောက်ပံ့ဖို့ အစီအစဉ်တွေ လုပ်ကိုင်ဆောင်ရွက်နေပါတယ၊” ဟု ၎င်းကဆိုသည်။

အထက်ပါ ဥပုတ်ရပ်ကွက်အတွင်းရှိ ကန့်သတ်ဧရိယာ ၂ ခု အတွင်း၌ လူတန်းစားအလွှာအသီးသီး ရှိသော် လည်း အများစုမှာ အခြေခံလူတန်းစားများသာ ဖြစ်သည်။

နှာခေါင်းစည်းများနှင့် စံမဟော်ကုမ္ပဏီက လာရောက်လှူဒါန်းထားသည့် အသင့်စားအစားအစာထုတ်များကို ကန့်သတ်ဧရိယာအတွင်းရှိ နေထိုင်သူများထံ လိုက်လံဝေမျှပေးရန် စီစဉ်ထားပြီး အစားအသောက်အတွက် လိုအပ်သည်များ ဝယ်ယူပေးရန် လုံခြုံရေးတာဝန်ယူထားသည့် အဖွဲ့အစည်းအသီးသီးတို့မှ ကူညီဆောင်ရွက် ပေးလျက်ရှိသည်။

ဥပုတ်တော်ရပ်ကွက်၌ ပထမဆုံး COVID-19 ဓါတ်ခွဲ အတည်ပြုလူနာကို အကွက် အမှတ် (၂၉) တွင် နေထိုင်သူတစ်ဦးထံ၌ စက်တင်ဘာလ ၂၆ ရက်တွင် စတင်တွေ့ရှိခဲ့ပြီး အတည်ပြုလူနာနှင့် ထိတွေ့ခဲ့ သောကြောင့် ကွာရန်တင်းဝင်နေသူ ၉၈ ဦးအနက် ၂၈ ဦးထံ၌ ရောဂါပိုးတွေ့ရှိထားခြင်းဖြစ်သည်။

မန္တလေးမြို့၏ ပထမဆုံး Lockdown ဧရိယာနှစ်ခုအဖြစ် အောင်မြေသာစံမြို့နယ်အတွင်းရှိ ဥပုတ်တော် ရပ်ကွက်မှ အကွက် (၂၀)၊ အကွက် (၂၉) တို့ကို သတ်မှတ်ခဲ့သလို မဟာအောင်မြေမြို့၊ ချမ်းအေးသာစံမြို့နယ် နှင့် အမရပူရမြို့နယ်တို့ကိုလည်း Stay at Home(မိမိနေအိမ်အတွင်း နေထိုင်ရန်) မြို့နယ်များအဖြစ် စက်တင် ဘာလ ၂၇ ရက် စတင်သတ်မှတ်အတည်ပြုခဲ့သည်။

မန္တလေးတိုင်းအတွင်း၌ အောက်တိုဘာလ ၃ ရက်အထိ COVID-19 အတည်ပြုလူနာ အရေအတွက် ၃၀၀ ဦး ကျော်နှင့် သေဆုံးသူ ၁ ဦးရှိခဲ့ပြီး မန္တလေးမြို့တော်စည်ပင်ဧရိယာအတွင်းပါဝင်သည့် အောင်မြေသာစံ၊ ချမ်း အေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်နှင့် အမရပူရမြို့နယ်တို့ ၌ အတည်ပြုလူနာ ၂၀၀ နီးပါးအထိရှိခဲ့သည်။

နေသော်(မန်း)

#PeopleMedia #မန်း


Share this post