• Follow Us on

Home M60TM အဆင့်မြှင့်ပင်မတိုက်ပွဲဝင်တင့်ကား  တူရကီကုမ္ပဏီ ထုတ်ဖော်ပြသ

M60TM အဆင့်မြှင့်ပင်မတိုက်ပွဲဝင်တင့်ကား  တူရကီကုမ္ပဏီ ထုတ်ဖော်ပြသ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၅ (People Media)

 

FIRAT-M60T Project ၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် အဆင့်မြှင့်တင်ထားသည့် M60TM ပင်မတိုက်ပွဲဝင်တင့် ကားကို တူရကီနိုင်ငံမှ အဆောက်စင် (Aselsan) ကုမ္ပဏီက တူရကီနိုင်ငံတွင်ပြုလုပ်သည့်  IDEF 2021 နိုင်ငံ တကာလက်နက်ပြပွဲတွင် ထုတ်ဖော်ပြသလိုက်သည်။

 

တူရကီကာကွယ်ရေးအဖွဲ့သည် လက်ရှိတင့်ဖျက်လက်နက်များ၏ခြိမ်းခြောက်မှုကိုကာကွယ်ရန်နှင့် အကောင်း ဆုံးစွမ်းရည်သစ်များထောက်ပံ့နိုင်ရန် ရည်ရွယ်၍ တူရကီတပ်မတော်တွင်တာဝန်ထမ်းဆောင်နေသည့် M60A3 တင့်အုပ်စုကို အဆင့်မြှှင့်တင်ရန်အတွက် FIRAT Project ကိုစတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

 

M60TM ပင်မတိုက်ပွဲဝင်တင့်ကားတွင် လေဆာအချက်ပေးစနစ်၊ အကွာအဝေးကြီးကြပ်လက်နက်စနစ်၊ တယ် လီစကုပ်/ပယ်ရီစကုပ်စနစ်၊ ရန်သူ့တပ်တည်နှင့် လမ်းကြောင်း ရှာဖွေထောက်လှမ်းသည့်စနစ်၊ အနီးကပ်စောင့် ကြည့်ထောက်လှမ်းသည့်စနစ်၊ တင့်ကားဒရိုင်ဘာကြည့်ရှုသည့်စနစ်၊ ကာကွယ်ရေးလမ်းညွှန်စာအုပ်၊ လေအေး ပေးစက်စနစ်၊ အကူလျှပ်စစ်စနစ်တို့အပါအဝင် စနစ်သစ်အများအပြားကို ပေါင်းစပ်ဖွဲ့စည်းတပ်ဆင်ထားသည်။ အဆင့်မြှင့်တင်ထားသည့်တင့်ကားတွင် Active Protection System (APS) စနစ်ကိုလည်းတပ်ဆင်ထားသည်။

 

M60TM ပင်မတိုက်ပွဲဝင်တင့်ကားတွင် IMI (Israel Military Industries) မှထုတ်လုပ်သည့် MG253 120 mm အမြောက်ကိုတပ်ဆင်ထားသည်။ အစ္စရေးလက်နက်ထုတ်လုပ်ရေး IMI သည် LAHAT တင့်ဖျက်ပဲ့ထိန်းဒုံးကျည် (ATGM) ၊ အဆင့်မြှင့်တင်ထားသည့် MG251-LR အမြောက်နှင့် နေတိုးအဖွဲ့၏ 120mm ဗုံးသီးထည့်သွင်းပစ် ခတ်နိုင်သော MG253 အမြောက်အပါအဝင် MG251 120mm အမြောက်ကို ပုံစံသုံးမျိုးထုတ်လုပ်ခဲ့သည်။

 

M60TM ပင်မတိုက်ပွဲဝင်တင့်ကား၏အထက်ပိုင်းတွင် အဝေးထိန်းစနစ်ဖြင့်ပစ်ခတ်နိုင်သော 12.7mm စက်သေ နတ်ကြီး သို့မဟုတ် 40mm အလိုအလျောက်ဗုံးပစ်လောင်ချာ (AGL) ကိုတပ်ဆင်ထားသည်။ တင့်ကား ရန်သူ့ မျက်ကွယ်သို့ရောက်ရှိနေစဉ်အခါတွင် လုံခြုံစွာစောင့်ကြည့်ထောက်လှမ်းနိုင်ရန်နှင့် ပစ်မှတ်ရှာဖွေရရှိနိုင်ရန် ပေး စွမ်းနိုင်သည့် ဟိုက်ဒရောလစ်တိုင်နှင့် တွဲဆက်ထားသော တယ်လီစကုပ်/ပယ်ရီစကုပ်စနစ်ကို တင့်ကားနောက် ပိုင်းတွင် ထည့်သွင်းတပ်ဆင်ထားသည်။

ထိရောက်သောကာကွယ်ရေးစနစ်တစ်ခုဖြစ်သော PULAT စနစ်သည် အလျားလိုက် အဇိမတ်ရပ်ညွှန်း ၁၈၀ ဒီဂ ရီအထိ၊ ဒေါင်လိုက် အမြင့် ၃၅ ဒီဂရီအထိ စကင်ဖတ်နိုင်ပြီး မိုင် ၅၀ အတွင်းရှိ ရန်သူ့ခြိမ်းခြောက်မှုကို ရှာဖွေ ထောက်လှမ်းနိုင်စွမ်းရှိသည်။

 

ဆလင်ဒါပုံစံရှိသော တန်ပြန်လက်နက်စနစ်ကို အသက်သွင်းတပ်ဆင်ထားပါက ဗုံးစများစက်ဝိုင်းပုံသဏ္ဍန်ပြန့် ကြဲသွားပြီး ရန်သူ့လက်နက်ကိုဟန့်တားနိုင်ကြောင်း Global Security ဝက်ဘက်ဆိုက်ဒ်တွင်ဖော်ပြထားသည်။ ယင်း ဗုံးစများမှာ တင့်ဖျက်ပဲ့ထိန်းဒုံးကျည် ATGM (Anti-Tank Guided Missile) ၏ ထိပ်ဖူးကို တိုက်ရိုက်ထိမှန် ပြီး တင့်ဖျက်ပဲ့ထိန်းဒုံးကျည်ထိပ်ဖူးမှာ အလုပ်မလုပ်တော့ကြောင်းသိရသည်။

 

Ref: IDEF 2021: Aselsan has developed M60TM modernized version of M60 tank with PULAT APS

 

#PeopleMedia

 

(unicode)


……………………………………………………………

 


 


 


 


 


 



 


 

Ref: IDEF 2021: Aselsan has developed M60TM modernized version of M60 tank with PULAT APS

 

#PeopleMedia


Share this post