• Follow Us on

Home Myancopharm ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထုတ်လုပ်မှုအခမ်းအနားကျင်းပ၊ န.စ.က အတွင်းရေးမှူး တက်ရောက်

Myancopharm ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထုတ်လုပ်မှုအခမ်းအနားကျင်းပ၊ န.စ.က အတွင်းရေးမှူး တက်ရောက်

Share this post

ရန်ကုန်၊ မတ် ၂၄

 

တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ပြီး Myancopharm ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထုတ်လုပ်မှုနှင့် မိတ် ဆက်ခြင်းအခမ်းအနားကို စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံခွဲ(ရွာသာကြီး)၌ ယမန်နေ့ က ကျင်းခဲ့ရာ န.စ.ကအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး တက်ရောက်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားသို့ မြန်မာနိုင်ငံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင် လင်းဒွေး၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး စီးပွားရေးသံမှူးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

“မြန်မာနိုင်ငံတွင် စတုတ္ထလှိုင်းအနေနှင့် ကိုဗစ်-၁၉ ရောဂါ ဗိုင်းရပ်စ်မျိုးကွဲ အိုမီခရွန် ပျံ့နှံ့နေဆဲဖြစ်ကြောင်း၊ Vaccine ထိုးနှံရမည့်သူ အားလုံး၏ ၁၀၀% ပြည့်မီအောင် ထိုးနှံနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဖြင့် ပြည်သူလူထုကျန်းမာရေးအတွက် အာမခံချက်ရှိစေပြီး နိုင်ငံတော်၏ စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် Sinop harm Group ပူးပေါင်းထုတ်လုပ်သည့် Myancopharm ကိုဗစ်-၁၉ Vaccine ကို ယနေ့တွင် တရားဝင် စတင်ထုတ်လုပ်နိုင်ခြင်းသည် မြန်မာပြည်သူအားလုံး Vaccine ထိုးနှံနိုင်ရေးနှင့် ကာကွယ်ဆေးစွမ်းအားမြှင့် Booster Dose ထိုးနှံနိုင်ရေးအတွက် အရေးကြီးကြောင်း၊ Sinopharm Group က ထုတ်လုပ်မှုနည်းစဉ်များနှင့် အရည်အသွေးစမ်းသပ်စစ်ဆေးမှုနည်းစဉ်များကို သင်ကြားလေ့ကျင့်ပေးသည့်အတွက် မြန်မာနိုင်ငံထုတ် Vaccine သည် အရည်အသွေးကောင်းမွန်၍ စိတ်ချရကြောင်း၊ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ ဆက် လက်ကြိုးပမ်း၍ အခြား Vaccineများကိုလည်း ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရန် ဆန္ဒရှိ ကြောင်း” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ပြောသည်။

 

ဆက်လက်ပြီး သံအမတ်ကြီး Mr. Chen Hai က Sinopharm (CNBG) နှင့် မြန်မာနိုင်ငံတို့ ပူးပေါင်းထုတ်လုပ် သည့် ကိုဗစ်-၁၉ Vaccine တရားဝင်စတင်ထုတ်လုပ်နိုင်ခြင်းသည် တရုတ်-မြန်မာနှစ်နိုင်ငံ Vaccine မထုပ်ပိုးရ သေးသောအရည် (RTF Bulk) ပူးပေါင်းဆောင်ရွက်မှုမှ ရလဒ်ကောင်းရရှိခြင်းကို ဖော်ပြနေကြောင်း၊ နှစ်နိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ဆေးဝါးကျန်းမာရေးပူးပေါင်းဆောင်ရွက်ရေးတို့ အတွက် အရေးပါအနက်အဓိပ္ပာယ်ဆောင်နေကြောင်း၊ Sinopharm Group နှင့် မြန်မာနိုင်ငံ၏ Vaccine RTF Bulk ပူးပေါင်းထုတ်လုပ်မှုစက်ရုံသည် Sinopharm Group က အာရှ-ပစိဖိတ်ဒေသ၌ ပထမဆုံးတရားဝင်ထုတ် လုပ်သည့် ကိုဗစ်-၁၉ Vaccine စက်ရုံဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ Vaccine စသည့် ဇီဝထုတ်ကုန်များ မိမိ ဘာသာ ထုတ်လုပ်နိုင်မှုစွမ်းရည်ကို မြှင့်တင်ပေးပြီး ပြည်တွင်း Vaccine လိုအပ်ချက်ကို တစ်ဆင့်တိုးဖြည့်တင်း ပေးကာ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ဆေးဝါးစက်မှုလုပ်ငန်းအဆင့်အတန်းကို မြှင့်တင်ပေးမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။

 

#PeopleMedia

 

(unicode)


………………………………….

 


 


 


 


 


 

#PeopleMedia


Share this post