• Follow Us on

Home မြန်မာနှစ်ဆန်းတစ်ရက်နေ့(ဧပြီ ၁၇ ရက်)တွင် ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်မည်

မြန်မာနှစ်ဆန်းတစ်ရက်နေ့(ဧပြီ ၁၇ ရက်)တွင် ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်မည်

Share this post

နေပြည်တော်၊ မတ် ၂၄

 

မြန်မာနှစ်ဆန်း တစ်ရက်နေ့ (ဧပြီ ၁၇ ရက်) တွင် ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်ရန်အတွက် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ ရုပ်ရှင်လုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ပြသရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်၌ ကျင်းပခဲ့ရာတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြားခဲ့သည်။

 

“မြန်မာနှစ်ဆန်း တစ်ရက်နေ့ (ဧပြီ ၁၇ ရက်) တွင် ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်ရန်အတွက် ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ ပြန်လည်ဖွင့်လှစ်ချိန်တွင် ယခင် ရုပ်ရှင်ရုံများ ပိုမိုထွက်ပေါ်လာပြီး လုပ်ငန်းရှင် တစ်ဦးချင်းစီ၏ စီးပွားရေးမှသည် လောကတစ်ခုလုံး စီးပွားရေး၊ နိုင်ငံတစ်ခုလုံး စီးပွားရေးများ လည်ပတ်စေနိုင်ပြီး နိုင်ငံတော် စီးပွားရေးဦးတည်ချက်အပေါ် တစ်ဖက်တစ်လမ်းက အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ပါကြောင်း” ဟု  ပြည်ထောင်စုဝန်ကြီးက  ပြောသည်။

 

ပြည်ထောင်စုဝန်ကြီးက ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ရုပ်ရှင်ပြသခြင်းလုပ်ငန်းဆောင်ရွက်ရန် စည်းကမ်း သတ်မှတ်ချက်ပါ ရုပ်ရှင်ရုံ ၉၄ ရုံ တွင် စာချုပ်ပါစည်းကမ်းနှင့်အညီ ရုပ်ရှင်ပြသခြင်းလုပ်ငန်း ဆောင်ရွက်ရန် ကျန်ရှိသည့် ရုပ်ရှင်ရုံ ၆၉ ရုံ၏ ရုပ်ရှင်ရုံဝယ်ယူသူများကို စာချုပ်ပါ စည်းကမ်းအတိုင်း အရေးယူဆောင်ရွက်နိုင် ရန် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များသို့ ညှိနှိုင်းထားပြီးဖြစ်ကြောင်း ပြောသည်။

 

တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၏ ပြန်ကြားချက်အရ ရုပ်ရှင်ပြသခြင်း လုပ်ငန်းဆောင်ရွက်ရန် စည်းကမ်းသတ်မှတ်ချက်ပါ ရုပ်ရှင်ရုံ ၉၄ ရုံအနက် ရုပ်ရှင်ပြသလျက်ရှိသော ရုပ်ရှင်ရုံ ၂၅ ရုံတွင် ကိုဗစ်-၁၉ ရောဂါကြောင့် ခေတ္တရပ်နား ထားပြီး ရုပ်ရှင်ပြသခြင်းလုပ်ငန်းဆောင်ရွက်နိုင်ခြင်း မရှိသေးသည့် ရုပ်ရှင်ရုံ ၆၉ ရုံရှိရာ တည်ဆောက် ဆဲ ရုပ်ရှင်ရုံ ၁၀ ရုံ၊ ပြန်လည်ဆောက်လုပ်ရန် စီစဉ်လျက်ရှိသည့် ရုပ်ရှင်ရုံ ၁၆ ရုံ၊ ရုပ်ရှင် ပြသခြင်းလုပ်ငန်းဆောင်ရွက်ရန် အစီအစဉ်မရှိသေးသည့် ရုပ်ရှင်ရုံ ၄၃ ရုံ တို့ဖြစ်သည်ကို တွေ့ရကြောင်း ပြည် ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

 

#Peoplemedia

 

(unicode)


……………………………………….

 


 


 


 


 


 

#Peoplemedia


Share this post