• Follow Us on

Home Mytel ရုံးချုပ်မှ GM ဦးသိန်းအောင်ကို လုပ်ကြံသတ်ဖြတ်ရာတွင် ပါဝင်သည့် တရားခံ (၄) ဦး ဖမ်းဆီးခံရ ကြောင်း သတင်းမှန်ပြန်ကြားရေးအဖွဲ့ထုတ်ပြန်

Mytel ရုံးချုပ်မှ GM ဦးသိန်းအောင်ကို လုပ်ကြံသတ်ဖြတ်ရာတွင် ပါဝင်သည့် တရားခံ (၄) ဦး ဖမ်းဆီးခံရ ကြောင်း သတင်းမှန်ပြန်ကြားရေးအဖွဲ့ထုတ်ပြန်

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၂၀ (People Media)

 

နိုဝင်ဘာလ ၄ ရက် နံနက်ပိုင်းက မရမ်းကုန်းမြို့နယ်၊ (၇) ရပ်ကွက်၊ တေးနုယဉ်လမ်းနေ ဦးသိန်းအောင်သည် ဇနီးနှင့်အတူ အိမ်ရာဝင်းအတွင်း လမ်းလျှောက်နေစဉ် ကျား ၁ ဦးမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဦး သိန်းအောင် သေဆုံးခဲ့ပြီး ဇနီးဖြစ်သူမှာ ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် တရားခံ (၄) ဦးအား ဖမ်း ဆီးရမိခဲ့ကြောင်း သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

 

ပြစ်မှုကျူးလွန်သည့် တရားခံများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး စုံစမ်းဖော်ထုတ်ခဲ့ရာ ပြည်သူလူထု၏ ပူးပေါင်း ပါဝင်သတင်းပေးမှုကြောင့် ဖြစ်စဉ်ဖြစ်ပွားသည့်နေ့တွင် မသင်္ကာဖွယ်ရာ စက်ဘီးစီးလာသည့် ကျား ၃ ဦးနှင့် ၎င်းတို့၏ နောက်မှ ကပ်လျက်လိုက်ပါလာသည့် HYUNDAI ACCENT အမျိုးအစား အဖြူရောင်ယာဉ်အား တွေ့ရှိကြောင်းသိရှိရသဖြင့် စုံစမ်းဖော်ထုတ်ခဲ့ရာ နိုဝင်ဘာလ ၈ ရက်တွင် ပစ်ခတ်မှုဖြစ်စဉ်ပါ တရားခံဖြစ်သော စစ်ဇော်ကံ(ခ) ဟန်သာထွန်း(၁၉)နှစ်အား မင်္ဂလာဒုံမြို့နယ်၊ ပတ္တမြား ရပ်ကွက်၊ နီလာလမ်း၊ အမှတ်(၁၈၇) နေ အိမ်၌ ဆက်စပ် တရားခံ ဖြိုးအိကျော်(၂၄)နှစ် နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

 

ဖမ်းဆီးရမိတရားခံ စစ်ဇော်ကံ(ခ)ဟန်သာထွန်း၏ ထွက်ဆိုချက်အရ လှိုင်မြို့နယ်၊ (၇)ရပ်ကွက်၊ ကျောင်းကုန်း (၁)လမ်းနေ ပစ်ခတ်မှုဖြစ်စဉ် ပါတရားခံ ဗညားစိုးထက်(ခ)လီယို (၂၃) နှစ်အားလည်းကောင်း၊ တိုက်ကြီးမြို့ နယ်၊ အုတ်ပုံစုရပ်ကွက်၊ တောင်ပေါ်လမ်း(ခ) ဂျိုးဖြူကန်လမ်းနေ ဆက်စပ်တရားခံ စိုင်းစည်သူ (၃၅) နှစ်အား လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း ဆိုသည်။

 

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဦးသိန်းအောင်အား လုပ်ကြံသတ်ဖြတ်သည့်နေ့တွင် ၎င်းသေနတ် များအား အသုံးပြုရန် တရားခံ ဗညားစိုးထက် (ခ)လီယို မှတစ်ပါတည်း ယူဆောင်ခဲ့ကာ HYUNDAI ACCENT (အဖြူရောင်) ယာဉ်အား မောင်းနှင်ပြီး စစ်ဇော်ကံ(ခ) ဟန်သာထွန်း နှင့်အတူသွားရောက်ခဲ့ကြောင်း၊ ဖမ်းဆီး ရန်ကျန် တရားခံများဖြစ်သည့်  ဖိုးသားနှင့် သားငယ် တို့သည် စက်ဘီး ၂ စီး ဖြင့်လိုက်ပါလာခဲ့ကြောင်း၊ ကုန်း မြင့်သာလမ်း အရောက်တွင် စစ်ဇော်ကံ(ခ) ဟန်သာထွန်းသည် ယာဉ်ပေါ်မှဆင်းပြီး ဖိုးသားထံမှ စက်ဘီးအား ယူ၍ စီးနင်းထွက်ခွာ သွားခဲ့ပြီးဖိုးသား မှခြေလျင်ဖြင့်သွားရောက်၍ တေးနုယဉ်လမ်းအရောက်၌ ဦးသိန်း အောင်နှင့် ဇနီးဖြစ်သူတို့အား ပစ္စတိုဖြင့် ၇ ချက် ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဖော်ပြထားသည်။

 

ဖမ်းဆီးရမိတရားခံများအနေဖြင့် ဦးသိန်းအောင်အား ပစ်မှတ်ထား တိုက်ခိုက်ခြင်းမှာ စစ်ဇော်ကံ(ခ) ဟန်သာ ထွန်း ပါဝင်သော YRF အဖွဲ့အား အကြမ်းဖက်အဖွဲ့ အစည်းဖြစ်သော NUG သည် Jame (YUG အဖွဲ့)မှ တစ်ဆင့် နောက်ကွယ်မှ ငွေကြေးထောက်ပံ့မှုများ ပြုလုပ်၍ နိုင်ငံအတွင်း အစိုးရနှင့်ချိတ်ဆက်၍ ရင်းနှီးမြုပ်နှံ လုပ်ကိုင်လျက်ရှိသော ပြည်ပစီးပွားရေး လုပ်ငန်းများအား ဆက်လက် လုပ်ကိုင်ခြင်းမရှိစေရန် ရည်ရွယ်ချက်ဖြင့် စီးပွားရေး အဆောက်အဦများ၊ လုပ်ငန်းတာဝန်ခံများအား လုပ်ကြံသတ်ဖြတ်ခြင်းဖြစ်ကြောင်းနှင့် အစိုးရ၏ နိုင်ငံ တော်တည်ငြိမ်ရေး၊ တရား ဥပဒေစိုးမိုးရေးအား ထိခိုက်ပျက်ပြားစေရန် ငွေကြေး ထောက်ပံ့ကာ အကြမ်းဖက် လုပ်ငန်းများ  ကျူးလွန်စေခဲ့ကြောင်း ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

 

အလားတူ ဖမ်းဆီးရမိတရားခံ စစ်ဇော်ကံ(ခ)ဟန်သာထွန်း နှင့်ဗညားစိုးထက် (ခ)လီယိုတို့၏ ထွက်ဆိုချက်အရ ဩဂုတ်လ ၅ ရက်တွင် လှိုင်မြို့နယ်၊ (၁၆)ရပ်ကွက်၊ အုတ်ကျင်းဘူတာရုံလမ်းရှိ ကုန်စုံဆိုင်ပိုင်ရှင် ဦးစန်းလင်း နှင့်ဇနီး ဖြစ်သူတို့အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ရာတွင် ကျန်းမာရေးအထောက်အကူပြုအဖွဲ့ ပုံစံ PPE ဝတ်စုံများဝတ်ဆင်ကာ အောင်လေးနှင့်အတူ ပူးပေါင်းပါဝင်ကျူးလွန်ခဲ့ကြောင်း၊ ထိုသို့ လုပ်ကြံသတ်ဖြတ်မှု အတွက် Jame(YUG အဖွဲ့) ထံမှ ငွေကျပ် ၇ သိန်း ရရှိခဲ့ကြောင်း သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

 

#PeopleMedia #mytel

 

(unicode)


………………………………………………………………

 


 


 


 


 


 


 


 

#PeopleMedia #mytel


Share this post