• Follow Us on

Home ဗုံးကို ပံ့သကူအထုပ်ဟု ယူဆပြီး ကောက်ယူခဲ့သည့် ဆိုက်ကားဆရာတစ်ဦး ဗုံးကွဲ၍ သေဆုံး

ဗုံးကို ပံ့သကူအထုပ်ဟု ယူဆပြီး ကောက်ယူခဲ့သည့် ဆိုက်ကားဆရာတစ်ဦး ဗုံးကွဲ၍ သေဆုံး

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၂၀ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ သုနန္ဒာလမ်းမပေါ်၌ ဆိုက်ကားဆရာတစ်ဦးသည် ပံ့သကူ လိုက်လံကောက်ယူစဉ် ဗုံးကို ပံ့သကူအထုပ်ဟု ယူဆပြီး ကောက်ယူခဲ့မှုကြောင့် ဗုံးကွဲပြီး သေဆုံးခဲ့ပါတယ်။

 

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၉ ရက်နေ့ ည ၈ နာရီ ညအချိန်ခန့်တွင်  ဆိုက်ကားနင်း၍ အသက်မွေးဝမ်းကြောင်းပြုသူ ဦးလှထွေးသည် မြောက်ဥက္ကလာပမြို့နယ် ညရပ်ကွက်မှ သုနန္ဒာလမ်းမပေါ်အရောက်တွင် ကျွတ်ကျွတ် အိတ်အမည်းဖြင့် ထုတ်ပိုးထားသော အထုတ်တစ်ထုတ်ကို ပံ့တကူဟု ယူဆပြီး ကောက်ယူစဉ် ပေါက်ကွဲမှု ဖြစ်ပေါ်ပြီး သေဆုံးခဲ့ခြင်းဖြစ်ပါတယ်။

 

“ဖြစ်စဉ်ကတော့ ဟုတ်ပါတယ်။ ပေါက်တဲ့အသံကလည်း တော်တော်ကျယ်တယ်။ အဲ့ဒီပေါက်ကွဲတဲ့အချိန်မှာ ဗုံးထိမှန်တဲ့ အမျိုးသားလည်း ဆေးရုံရောက်တဲ့အချိန်မှာပဲ သေဆုံးသွားပါတယ်” ဟု ရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ပြောပါတယ်။

 

အဆိုပါ ဆိုက်ကားဆရာသည် ဗုံးပေါက်ကွဲမှုကြောင့် ရရှိဒဏ်ရာများဖြင့် မြောက်ဥက္ကလာပဆေးရုံ၌ ဆေးဝါး ကုသနေစဉ် ကွယ်လွန်ခဲ့ပါတယ်။

 

#PeopleMedia #ပံ့သကူ #ရန်ကုန်

 

(unicode)

ဗုံးကို ပံ့သကူအထုပျဟု ယူဆပွီး ကောကျယူခဲ့သည့ျ ဆိုကျကားဆရာတဈဦး ဗုံးကှဲ၍ သဆေုံး

………………………………………………………

 


 


 


 


 


 



Share this post