• Follow Us on

Home NLD ပါတီက တိုင်းရင်းသားနိုင်ငံရေးပါတီ ၄၈ ပါတီထံ အိတ်ဖွင့်စာပေးပို့ထားသော်လည်း တစ်လကျော် ကြာသည့်အချိန်ထိ ၁၇ ပါတီသာ အကြောင်းပြန်ထားကြောင်း NLD ပါတီ CEC အဖွဲ့ဝင် ဒေါက်တာမျိုးညွှန့် ပြောဆို

NLD ပါတီက တိုင်းရင်းသားနိုင်ငံရေးပါတီ ၄၈ ပါတီထံ အိတ်ဖွင့်စာပေးပို့ထားသော်လည်း တစ်လကျော် ကြာသည့်အချိန်ထိ ၁၇ ပါတီသာ အကြောင်းပြန်ထားကြောင်း NLD ပါတီ CEC အဖွဲ့ဝင် ဒေါက်တာမျိုးညွှန့် ပြောဆို

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၂၅ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

NLD ပါတီက ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာတွင် ပူးပေါင်းပါဝင်ရန် တိုင်းရင်းသား နိုင်ငံ ရေးပါတီ (၄၈) ထံ အိတ်ဖွင့်စာ ပေးပို့ခဲ့သော်လည်း တစ်လကျော်ကြာအချိန်ထိ တိုင်းရင်းသားပါတီ (၁၇) ပါတီ သာ အကြောင်းပြန်ထားကြာင်း NLD ပါတီ CEC အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ပြောဆိုလိုက်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၁၂) ရက်နေ့စွဲဖြင့် NLD ပါတီက တိုင်းရင်းသားနိုင်ငံရေးပါတီ (၄၈) ပါတီထံ အိတ်ဖွင့်စာ ပေးပို့ရာ၌ တိုင်းရင်းသားလူမျိုးများ၏ဆန္ဒများကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုထား သော်လည်း တစ်လကျော်ကြာမြင့်သည်ထိ အကြောင်းပြန်သည့် ပါတီ (၁၇) ပါတီသာရှိသည်။

“လက်ရှိ အကြောင်းပြန်တဲ့သူတွေနဲ့တော့ အရင်ဆွေးနွေးမှာပေါ့။ နောက်ပိုင်းထပ်ပြီးတော့ ရည်မှန်းချက်ခြင်း တူတဲ့ တိုင်းရင်းသားရေးပါတီ ပေါ်လာတော့လည်း ဆက်ဆွေးနွေးရမှာပေါ့” ဟု NLD ပါတီ CEC အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ပြောသည်။

NLD ပါတီမှ တိုင်းရင်းသားပါတီများထံ အိတ်ဖွင့်စာပေးပို့ခဲ့ခြင်းနှင့်ပက်သက်ပြီး တစ်ချို့တိုင်းရင်းသားပါတီ များမှာ အကြောင်းပြန်ခြင်းမရှိသော်လည်း မီဒီယာများတွင် တွေ့ဆုံရန် ဆန္ဒရှိကြောင်း ပြောဆိုထားခြင်းများ ရှိနေသည့်အတွက် ရည်မှန်းချက်ခြင်းတူပါက ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း ဒေါက်တာမျိုးညွန့်ကဆိုသည်။

NLD ပါတီ၏ အိတ်ဖွင့်စာနှင့်ပက်သက်ပြီး People Media က SNLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်ထံ ဆက်သွယ်မေးမြန်းရာ
“ကျွန်တော်တို့က စာနဲ့ တရားဝင်ပေးပို့ထားခြင်းတော့ မရှိဘူး။ ဒါပေမဲ့ သဘောထားမှတ်ချက်တွေတော့ ပေး ထားတာရှိတယ်လေ။ အဲ့ဒါကြောင့် တွေ့မယ်ဆိုရင်တော့ ကျွန်တော်တို့အဖွဲ့လည်း ပါလောက်တယ်လို့ မြင်ပါတယ်။ ဒါပေမဲ့ သူတို့ဘက်က တရားဝင်လမ်းကြောင်းက ကမ်းလှမ်းလာတာ မရှိသေးဘူးပေါ့နော်” ဟု ဆိုသည်။

NLD ပါတီမှ တိုင်းရင်းသားပါတီများနှင့်ဆွေးနွေးရန် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ပါတီဗဟိုအလုပ်အ မှုဆောင်အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါက်တာအောင်မိုးညို၊ ဒေါ်နန်းခင်ထွေးမြင့်နှင့် ဦးအင်ထုံးခါးနော်ဆမ်တို့ ပါဝင်သည့်အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းပေးထားသည်။

#PeopleMedia #Political #SNLD #NLD

(unicode)
………………………………………………………………..








#PeopleMedia #Political #SNLD #NLD


Share this post