• Follow Us on

Home PR စနစ်ကျင့်သုံးရန် UEC နှင့် နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းအချို့ ရန်ကုန်မြို့၌ ၃ ရက်ဆွေးနွေးပွဲပြုလုပ်မည် ဆွေးနွေးပွဲသို့ လက်ကိုင်အိတ်များ၊ လက်ကိုင်ဖုန်းများ၊ Laptop Tablet စသည့် Electronic Device များ ခန်းမ အတွင်းသို့ ယူဆောင်လာခြင်းမပြုရန် UEC ကန့်သတ်ထား

PR စနစ်ကျင့်သုံးရန် UEC နှင့် နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းအချို့ ရန်ကုန်မြို့၌ ၃ ရက်ဆွေးနွေးပွဲပြုလုပ်မည် ဆွေးနွေးပွဲသို့ လက်ကိုင်အိတ်များ၊ လက်ကိုင်ဖုန်းများ၊ Laptop Tablet စသည့် Electronic Device များ ခန်းမ အတွင်းသို့ ယူဆောင်လာခြင်းမပြုရန် UEC ကန့်သတ်ထား

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၈ (People Media)

 

PR စနစ်ကျင့်သုံးရန် UEC နှင့် နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းအချို့ ရန်ကုန်မြို့၌ ၃ ရက်ဆွေးနွေးပွဲပြုလုပ်ရန် စီစဉ်ထားပြီး အဆိုပါ ဆွေးနွေးပွဲသို့ လက်ကိုင်အိတ်များ၊ လက်ကိုင်ဖုန်းများ၊ Laptop Tablet စသည့် Elec tronic Device များ ခန်းမအတွင်းသို့ ယူဆောင်လာခြင်းမပြုရန် UEC ကန့်သတ်ထားပါတယ်။

 

အဆိုပါဆွေးနွေးပွဲသို့ လက်ကိုင်အိတ်များ၊ လက်ကိုင်ဖုန်းများ၊ Laptop Tablet စသည့် Electronic Device များ ခန်းမအတွင်းသို့ ယူဆောင်လာခြင်းမပြုရန် ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြပါရှိသည်။

 

ဆွေးနွေးပွဲနှင့်ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲတွင် ပြောင်းလဲလာသော ခေတ်အခြေအနေအရ သင့်လျော်သည့် ရွေးကောက်ပွဲစနစ်မျိုးကို ကျင့်သုံးဆောင်ရွက်နိုင်ရန်အတွက် အချိုးကျ ကိုယ်စားပြုစနစ်(PR)အပါအဝင် ပြောင်းလဲကျင့်သုံးသင့်သည့် ရွေးကောက်ပွဲစနစ်များနှင့် စပ်လျဉ်း၍ နိုင်ငံရေး ပါတီများ၊ ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို လာမည့် နိုဝင်ဘာလ ပထမပတ် အတွင်း ရန်ကုန်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ရည်ညွှန်း ပါစာဖြင့် အကြောင်းကြားထားပြီးဖြစ်ကြောင်း ရေးသားထားသည်။

 

ယင်းဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီများအနေဖြင့် တစ်ပါတီလျှင် နှစ်ဦးတက်ရောက်ပေးနိုင်ရန်နှင့် တက်ရောက် မည့် ပုဂ္ဂိုလ်၏ ပါတီတာဝန်နှင့် ဖုန်းနံပါတ်တို့ကို နိုဝင်ဘာလ ၁ ရက်နေ့နောက်ဆုံးထား၍ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ရုံး ဖုန်း ၀၆၇-၃၄၀၄၂၁၉ သို့မဟုတ် ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ ရုံး ဖုန်း ၀၁-၂၃၀၆၂၅၀ သို့ အကြောင်းကြားနိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia #UEC #PRစနစ်

(unicode)


………………………………………………………………

 


 


 


 


 


 



Share this post