• Follow Us on

Home တရုတ်နိုင်ငံက ကျူးကျော်တိုက်ခိုက်လာပါက အမေရိကန်က ထိုင်ဝမ်ကို အကာအကွယ်ပေးမည်ဟု ယုံ ကြည်ကြောင်း ထိုင်ဝမ်သမ္မတပြော

တရုတ်နိုင်ငံက ကျူးကျော်တိုက်ခိုက်လာပါက အမေရိကန်က ထိုင်ဝမ်ကို အကာအကွယ်ပေးမည်ဟု ယုံ ကြည်ကြောင်း ထိုင်ဝမ်သမ္မတပြော

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂၈ (People Media)

 

တရုတ်နိုင်ငံက ထိုင်ဝမ်နိုင်ငံကို ကျူးကျော်တိုက်ခိုက်ရန် ကြိုးပမ်းလာပါက ထိုင်ဝမ်နိုင်ငံ၏ ကာကွယ်ရေး အင် အားကို အမေရိကန်ပြည်ထောင်စုက အားဖြည့်ပေးလိမ့်မည်ဟု ယုံကြည်ကြောင်း ထိုင်ဝမ်သမ္မတစိုင်းအင်ဝန်က ပြောကြားလိုက်သည်။

 

“အမေရိကန်နဲ့ ကျွန်မတို့နိုင်ငံရဲ့ ကာလရှည်ဆက်ဆံရေး၊ အမေရိကန် ကွန်ဂရက်လွှတ်တော်နဲ့ အမေရိကန်ပြည် သူတွေရဲ့ထောက်ပံ့မှုတွေကို ထောက်ရှုလိုက်ရင် (အမေရိကန်က ကျွန်မတို့ကို စစ်ရေးအရအကူအညီပေးမယ် ဆိုတာ) ကျွန်မ တကယ့်ကိုယုံကြည်ပါတယ်။” ဟု သမ္မတစိုင်းအင်ဝန်က ပြောသည်။

 

တရုတ်နိုင်ငံက ခြိမ်းခြောက်မှုများမှာ နေ့စဉ်တိုးပွားလျက်ရှိကြောင်း၊ အချို့လူများထင်သလောက်မများသော် လည်း အမေရိကန်တပ်ဖွဲ့ဝင်များ ထိုင်ဝမ်တွင်ရောက်ရှိနေသည်မှာ မှန်ကန်ကြောင်း သူမကပြောသည်။

 

ထိုင်ဝမ်နိုင်ငံတွင် ၂၀၁၈ ခုနှစ်က အမေရိကန်တပ်ဖွဲ့ဝင် ၁၀ ဦးသာရှိရာမှာ ယခုနှစ်အတွင်း ၃၂ ဦးအထိ တိုးလာ ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနကပြောသည်။ ထိုင်ဝမ်ကျွန်းနိုင်ငံကို တရုတ်နိုင်ငံက ၎င်းတို့ပိုင် ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ထားပြီး တရုတ်အုပ်ချုပ်မှုအောက်သို့ပြန်လည်သွပ်သွင်းမည်ဖြစ်ကြောင်းပြော ဆိုလေ့ရှိသည်။

 

ထိုင်ဝမ်နိုင်ငံသည် အမေရိကန်နှှင့် တရုတ်နိုင်ငံတို့ကြား ပေါက်ကွဲလုနီးပါးဖြစ်နေသည့် နိုင်ငံတစ်ခုဖြစ်သည်။ တ ရုတ်နိုင်ငံက ထိုင်ဝမ်နိုင်ငံအား သံတမန်ရေး၊ စီးပွားရေး၊ စစ်ရေးအရ ဖိအားပေးလျက်ရှိပြီး အမေရိကန်နိုင်ငံက ထိုင်ဝမ်အားစစ်ရေးအရ အကာအကွယ်ပေးနိုင်ရေးအတွက် တိကျစွာဆုံးဖြတ်ရန် ရင်ဆိုင်နေရသည်။

 

လွန်ခဲ့သည့်သီတင်းပတ်အတွင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က တရုတ်နိုင်ငံက ထိုင်ဝမ်ကို စစ်ရေးအရ ကျူး ကျော်လာပါက ထိုင်ဝမ်ဘက်မှနေ၍ အကာအကွယ်ပေးသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း နောက်ပိုင်း တွင် ယင်းပြောဆိုချက်အား အိမ်ဖြူတော်က ပြန်လည်ပယ်ဖျက်ခဲ့သည်။

 

နောက်ပိုင်းတွင် ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ စကားပြောရာတွင် နှိုင်းနှိုင်းချိန်ချိန် ပြောကြားရန် အမေရိကန်ကို တရုတ်နိုင်ငံက တိုက်တွန်းလိုက်သည်။

 

အမေရိကန်နှင့် တရုတ်နိုင်ငံတို့ကြား သဘောထားကွဲလွဲမှု ပိုမိုကြီးမားလာသည့်အကြောင်းမှာ ကုလသမဂ္ဂတွင် ထိုင်ဝမ်နိုင်ငံ၏အခန်းကဏ္ဍကို ပိုမိုမြှင့်တင်ရန် အမေရိကန်ဘက်က ကြိုးစားလာခြင်းဖြစ်သည်။

 

အောက်တိုဘာ လ ၂၇ ရက်နေ့တွင်ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဇိုလီဂျီယန်က အမေရိကန်၏ဆောင်ရွက်ချက်မှာ ကစားပွဲကို အပြောင်းအလဲဖြစ်သွားစေမည် ဖြစ်ပြီး တရုတ်- အမေရိကန်ဆက်ဆံရေးအတွက် အန္တရာယ်ရှိလာမည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

 

Ref: Confirming U.S. troops are in Taiwan, Tsai says she has ‘faith’ allies will defend island

 

#PeopleMedia

 

(unicode)


……………………………………………………………….

 


 


 


 


 


 


 


 


 


 


 

Ref: Confirming U.S. troops are in Taiwan, Tsai says she has ‘faith’ allies will defend island

 

#PeopleMedia


Share this post