• Follow Us on

Home Quarantine Center အတြင္းသို႔ ဘီယာသယ္ေဆာင္ျခင္းမျပဳသည့္ကို ေက်နပ္မႈမရွိ၍ ေအာ္ဟစ္ေနေသာ အမ်ိဳးသားကို သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈဥပေဒျဖင့္ အေရးယူ

Quarantine Center အတြင္းသို႔ ဘီယာသယ္ေဆာင္ျခင္းမျပဳသည့္ကို ေက်နပ္မႈမရွိ၍ ေအာ္ဟစ္ေနေသာ အမ်ိဳးသားကို သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈဥပေဒျဖင့္ အေရးယူ

Share this post

ရန္ကုန္၊ ဒီဇင္ဘာ ၁၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ရမည္းသင္းၿမိဳ႕နယ္၊ ဝါးတိုးရပ္ကြက္ရွိ Quarantine စင္တာတြင္ Quarantine ဝင္ေနသူအမ်ိဳးသားသည္ ဘီယာ သယ္ေဆာင္ျခင္းမျပဳသည့္ကို ေက်နပ္မႈမရွိဘဲ ေအာ္ဟစ္ဆူပူၿပီး သတ္မွတ္ညြန္ၾကားခ်က္မ်ားကို လိုက္နာျခင္း မရွိ၍ သဘာ၀ေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခဲြမႈဥပေဒပုဒ္မျဖင့္ အေရးယူထားေၾကာင္း မႏၲေလးတိုင္းေဒသႀကီး ရဲတပ္ဖဲြ႕မွဴး႐ုံးမွ ထုတ္ျပန္ထားသည္။

ဒီဇင္ဘာ ၉ ရက္ ညေန ၃ နာရီခန္႔က ရမည္းသင္းၿမိဳ႕နယ္ က်န္းမာေရးမွဴးဦးစီးဌာနမွဴးႏွင့္ က်န္းမာေရးဝန္ထမ္း၊ ရမည္းသင္းၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ တာဝန္ရွိသူမ်ား၊ ရမည္းသင္းၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕ ဝင္မ်ားႏွင့္အတူ COVID-19 ေရာဂါကာကြယ္၊ ထိန္းခ်ဳပ္ေရးအတြက္ ရမည္းသင္းၿမိဳ႕၊ ဝါတိုးရပ္ကြက္၊ သီလဝ (၂)ရပ္၊ နည္းပညာတကၠသိုလ္(ရမည္းသင္း) Quarantine Center ၌ တာဝန္ထမ္းေဆာင္ေနစဥ္ Quarantine ဝင္ေရာက္ေနသူ ဇာနည္(၃၇)ႏွစ္မွာ ၎၏ဇနီးမွ စားစရာမ်ားႏွင့္ ဘီယာဘူးမ်ား ထည့္ယူလာသည္ကို စစ္ ေဆးေတြ႕ရွိခဲ့သည္။

ထိုသို႔စစ္ေဆးေတြ႕ရွိ၍ ခြင့္မျပဳေၾကာင္း ရွင္းလင္းေျပာၾကားစဥ္ ေက်နပ္မႈမရွိဘဲ ေအာ္ဟစ္ဆူပူေနရာ တာဝန္ရွိ သူမ်ားမွ Quarantine Center ၏ ညႊန္ၾကားခ်က္၊ စည္းကမ္းခ်က္မ်ားအား လိုက္နာ ရန္ေျပာဆိုသတိေပးခဲ့ ေသာ္လည္း ေအာ္ဟစ္ဆူပူျခင္းအား ရပ္တန္႔ျခင္းမရွိဘဲ အျခားေစာင့္ၾကည့္ထိန္းသိမ္းထားသည့္ Quarantine ဝင္သူမ်ား၏ အခန္းမ်ားသို႔ ခြင့္ျပဳခ်က္မရွိဘဲ အေၾကာင္းမဲ့သြားလာေနခဲ့သျဖင့္ ရမည္းသင္းၿမိဳ႕မရဲစခန္း(ပ) ၆၀၀/၂၀၂၀၊ သဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန္႔ခြဲမႈဥပေဒပုဒ္မ ၂၅/၂၆/၃၀(က)အရ အမႈေရးဖြင့္ ေဆာင္ရြက္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္၌ ေဖာ္ျပထားသည္။

#PeopleMedia #COVID19 #ရမည္းသင္း

(unicode)
Quarantine Center အတွင်းသို့ ဘီယာသယ်ဆောင်ခြင်းမပြုသည့်ကို ကျေနပ်မှုမရှိ၍ အော်ဟစ်နေသော အမျိုးသားကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူ
……………………………………………………

ရန်ကုန်၊ ဒီဇင်ဘာ ၁၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ရမည်းသင်းမြို့နယ်၊ ဝါးတိုးရပ်ကွက်ရှိ Quarantine စင်တာတွင် Quarantine ဝင်နေသူအမျိုးသားသည် ဘီယာ သယ်ဆောင်ခြင်းမပြုသည့်ကို ကျေနပ်မှုမရှိဘဲ အော်ဟစ်ဆူပူပြီး သတ်မှတ်ညွန်ကြားချက်များကို လိုက်နာခြင်း မရှိ၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မဖြင့် အရေးယူထားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်ထားသည်။

ဒီဇင်ဘာ ၉ ရက် ညနေ ၃ နာရီခန့်က ရမည်းသင်းမြို့နယ် ကျန်းမာရေးမှူးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်း၊ ရမည်းသင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရမည်းသင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ ဝင်များနှင့်အတူ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်ရေးအတွက် ရမည်းသင်းမြို့၊ ဝါတိုးရပ်ကွက်၊ သီလဝ (၂)ရပ်၊ နည်းပညာတက္ကသိုလ်(ရမည်းသင်း) Quarantine Center ၌ တာဝန်ထမ်းဆောင်နေစဉ် Quarantine ဝင်ရောက်နေသူ ဇာနည်(၃၇)နှစ်မှာ ၎င်း၏ဇနီးမှ စားစရာများနှင့် ဘီယာဘူးများ ထည့်ယူလာသည်ကို စစ် ဆေးတွေ့ရှိခဲ့သည်။

ထိုသို့စစ်ဆေးတွေ့ရှိ၍ ခွင့်မပြုကြောင်း ရှင်းလင်းပြောကြားစဉ် ကျေနပ်မှုမရှိဘဲ အော်ဟစ်ဆူပူနေရာ တာဝန်ရှိ သူများမှ Quarantine Center ၏ ညွှန်ကြားချက်၊ စည်းကမ်းချက်များအား လိုက်နာ ရန်ပြောဆိုသတိပေးခဲ့ သော်လည်း အော်ဟစ်ဆူပူခြင်းအား ရပ်တန့်ခြင်းမရှိဘဲ အခြားစောင့်ကြည့်ထိန်းသိမ်းထားသည့် Quarantine ဝင်သူများ၏ အခန်းများသို့ ခွင့်ပြုချက်မရှိဘဲ အကြောင်းမဲ့သွားလာနေခဲ့သဖြင့် ရမည်းသင်းမြို့မရဲစခန်း(ပ) ၆၀၀/၂၀၂၀၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅/၂၆/၃၀(က)အရ အမှုရေးဖွင့် ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

#PeopleMedia #COVID19 #ရမည်းသင်း


Share this post