• Follow Us on

Home SMS(မက္ေဆ့)ျဖင့္ ႏွစ္လုံး/သုံးလုံး ေလာင္းကစားျပဳလုပ္သူကုိ ဖမ္းဆီး

SMS(မက္ေဆ့)ျဖင့္ ႏွစ္လုံး/သုံးလုံး ေလာင္းကစားျပဳလုပ္သူကုိ ဖမ္းဆီး

Share this post

ရန္ကုန္၊ ႏုိဝင္ဘာ – ၂၉

မေကြးတုိင္းေဒသႀကီး၊ နတ္ေမာက္ၿမိဳ႕နယ္၌ SMS (မက္ေဆ့)ျဖင့္ ႏွစ္လုံး/သုံးလုံး ေလာင္းကစားျပဳလုပ္သူ အမ်ဳိးသမီးကုိ မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕မွ ဖမ္းဆီးခဲ့သည္။

ျဖစ္စဥ္မွာ ႏုိဝင္ဘာ(၂၇)ရက္၌ တုိင္းေဒသႀကီးရဲအကူတပ္ဖြဲ႕ခြဲ၊ မႈခင္းအကူဌာနစုမွ ရဲအုပ္ေအာင္ေဇာ္မင္းႏွင့္ အဖြဲ႕သည္ ႏွစ္လုံး/သုံးလုံးထီ ေလာင္းကစားမႈမ်ားျပဳလုပ္ေနေၾကာင္း သတင္းအရ သက္ေသမ်ားႏွင့္အတူ နတ္ေမာက္ၿမိဳ႕နယ္၊ ပိေတာက္ငုတ္႐ြာေလး ေက်း႐ြာေနမျဖဴသင္း၏ ေနအိမ္အား မေကြးတိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မွဴး၏ ေလာင္းကစားဖမ္းဝရမ္းျဖင့္ ဝင္ေရာက္ရွာေဖြခဲ့သည္။

ထုိသုိ႔ရွာေဖြရာ ေနအိမ္ဘုရားခန္းေရွ႕၌ ေတြ႕ရွိရၿပီး ၎ေရွ႕ရွိ ေခါက္စားပြဲဝိုင္းခုံေပၚမွ ႏွစ္လုံး/သုံးလုံးထီ ေလာင္းကစားရာတြင္ အသုံးျပဳေသာပစၥည္းမ်ား၊ ဖုန္းအတြင္း မက္ေဆ့ေဘာက္တြင္ ႏွစ္လုံးထီဂဏန္းမ်ားႏွင့္ ေငြတန္ဖိုးမ်ားေရးသားထားသည့္ ViVo လက္ကိုင္ဖုန္း(၂)လုံးႏွင့္ ေလာင္းေၾကးေငြမ်ားႏွင့္အတူ ေတြ႕ရွိ သိမ္း ဆည္းရမိခဲ့သည္။

အဆုိပါျဖစ္စဥ္ေၾကာင့္ မျဖဴသင္းအား နတ္ေမာက္ၿမိဳ႕နယ္၊ ၿမိဳ႕မရဲစခန္း(ပ)၂၀၂/၂၀၁၉၊ ေလာင္းကစားဥပေဒ ပုဒ္မ ၁၈(က)/၁၉(က) အရ အေရးယူေဆာင္႐ြက္ခဲ့သည္။

အဆုိပါ ျဖစ္စဥ္အေပၚ နတ္ေမာက္ၿမိဳ႕နယ္ သတင္းေထာက္တစ္ဦးက ၿမိဳ႕နယ္မွာ တစ္လုံး(ေဘာလုံးေလာင္း ကစား)၊ ႏွစ္လုံး၊ သုံးလုံး၊ အပါအဝင္ႏြားေမွာင္ခုိ ေစ်းကြက္ေတြရွိတယ္။ ဒုိင္ခ်ဳပ္ေတြကုိ မဖမ္းဘဲ ေအာက္ေျခပဲ ဆင္းဖမ္းေနတာဟု ဆုိသည္။

#PeopleMedia

(Unicode)
SMS(မက်ဆေ့)ဖြင့် နှစ်လုံး/သုံးလုံး လောင်းကစားပြုလုပ်သူကို ဖမ်းဆီး
……………………………………………………………

ရန်ကုန်၊ နိုဝင်ဘာ – ၂၉

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ SMS (မက်ဆေ့)ဖြင့် နှစ်လုံး/သုံးလုံး လောင်းကစားပြုလုပ်သူ အမျိုးသမီးကို မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့သည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ(၂၇)ရက်၌ တိုင်းဒေသကြီးရဲအကူတပ်ဖွဲ့ခွဲ၊ မှုခင်းအကူဌာနစုမှ ရဲအုပ်အောင်ဇော်မင်းနှင့် အဖွဲ့သည် နှစ်လုံး/သုံးလုံးထီ လောင်းကစားမှုများပြုလုပ်နေကြောင်း သတင်းအရ သက်သေများနှင့်အတူ နတ်မောက်မြို့နယ်၊ ပိတောက်ငုတ်ရွာလေး ကျေးရွာနေမဖြူသင်း၏ နေအိမ်အား မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်းဖြင့် ဝင်ရောက်ရှာဖွေခဲ့သည်။

ထိုသို့ရှာဖွေရာ နေအိမ်ဘုရားခန်းရှေ့၌ တွေ့ရှိရပြီး ၎င်းရှေ့ရှိ ခေါက်စားပွဲဝိုင်းခုံပေါ်မှ နှစ်လုံး/သုံးလုံးထီ လောင်းကစားရာတွင် အသုံးပြုသောပစ္စည်းများ၊ ဖုန်းအတွင်း မက်ဆေ့ဘောက်တွင် နှစ်လုံးထီဂဏန်းများနှင့် ငွေတန်ဖိုးများရေးသားထားသည့် ViVo လက်ကိုင်ဖုန်း(၂)လုံးနှင့် လောင်းကြေးငွေများနှင့်အတူ တွေ့ရှိ သိမ်း ဆည်းရမိခဲ့သည်။

အဆိုပါဖြစ်စဉ်ကြောင့် မဖြူသင်းအား နတ်မောက်မြို့နယ်၊ မြို့မရဲစခန်း(ပ)၂၀၂/၂၀၁၉၊ လောင်းကစားဥပဒေ ပုဒ်မ ၁၈(က)/၁၉(က) အရ အရေးယူဆောင်ရွက်ခဲ့သည်။

အဆိုပါ ဖြစ်စဉ်အပေါ် နတ်မောက်မြို့နယ် သတင်းထောက်တစ်ဦးက မြို့နယ်မှာ တစ်လုံး(ဘောလုံးလောင်း ကစား)၊ နှစ်လုံး၊ သုံးလုံး၊ အပါအဝင်နွားမှောင်ခို ဈေးကွက်တွေရှိတယ်။ ဒိုင်ချုပ်တွေကို မဖမ်းဘဲ အောက်ခြေပဲ ဆင်းဖမ်းနေတာဟု ဆိုသည်။

#PeopleMedia


Share this post