• Follow Us on

Home Su-30 မော်ဒယ် တိုက်လေယာဉ်များ ထပ်မံဝယ်ယူရန် မြန်မာ့တပ်မတော်မှ စဉ်းစားနေ

Su-30 မော်ဒယ် တိုက်လေယာဉ်များ ထပ်မံဝယ်ယူရန် မြန်မာ့တပ်မတော်မှ စဉ်းစားနေ

Share this post

မြန်မာနိုင်ငံအနေနဲ့ Su-30 တိုက်လေယာဉ် ဒါမှမဟုတ် ၄င်းရဲ့ မော်ဒယ်အမျိုးအစား ကွဲတွေကို ထပ်ပြီး ၀ယ်ယူဖို့ စဉ်းစားနေတယ်လို့ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးကိုကိုရှိန်က ရုရှအစိုးရပိုင် သတင်းဌာန Sputnik နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

“ ကျွန်တော်တို့ ရုရှားက နောက်ထပ် ၀ယ်ယူဖို့ စဉ်းစားနေပါတယ်။ ရုရှားကသာ ရောင်းပေးမယ်ဆိုရင် Su-30 အပြင် နောက်ထပ်မော်ဒယ်တွေကိုလည်း ၀ယ်ချင်ပါတယ်။” လို့ Eastern Economic Forum(EEF) မှာ ဦးကိုကိုရှိန်က ပြောကြားခဲ့ပါတယ်။

နောက်ထပ်ဝယ်ယူမယ့် အစီအစဉ်အတွက် ဆွေးနွေးညှိနှိုင်းနေဆဲဖြစ်တယ်လို့ ပြောပေမယ့် အသေးစိတ်ကိုတော့ ဦးကိုကိုရှိန်က ပြောကြားခဲ့ခြင်းမရှိပါဘူး။

မြန်မာနိုင်ငံဟာ Su-30SM တိုက်လေယာသ် ၆ စီး ၀ယ်ယူဖို့အတွက် ရုရှားနိုင်ငံနဲ့ ၂၀၁၈ ခုနှစ်မှာ သဘောတူစာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လမှာလည်း ရုရှားက Yak-130 အပေါ့စားတိုက်လေယာဉ် ၆ စီးကို ရုရားက မြန်မာနိုင်ငံကို လွှဲပြောင်းပေးခဲ့ပါတယ်။

အရှေ့ပိုင်းဒေသစီးပွားရေး ဖိုရမ်(EEF) ကို ရုရှားနိုင်ငံမှာ စက်တင်ဘာ ၄ ရက်နေ့က ၆ ရက်နေ့အထိ ကျင်းပခဲ့တာဖြစ်ပါတယ်။

Ref; www.urdupoint.com


Share this post