• Follow Us on

Home Su-35 ေတြထက္ Rafales ေတြကို အိႏၵိယပိုႀကိဳက္လာႏိုင္သလား

Su-35 ေတြထက္ Rafales ေတြကို အိႏၵိယပိုႀကိဳက္လာႏိုင္သလား

Share this post

အိႏိၵယ-တ႐ုတ္နယ္ေျမအျငင္းပြားမႈေၾကာင့္ ထိေတြ႕မႈေတြျဖစ္ၿပီးတဲ့ေနာက္ပိုင္း ကာကြယ္ေရးအ႐ွိန္ျမင့္တင္ဖို႔ စစ္လက္နက္ေတြကို အိႏၵိယက အင္နဲ႔အားနဲ႔၀ယ္ေနပါတယ္။

ျပင္သစ္ထုတ္ Rafale ဂ်က္တိုက္ေလယာဥ္ ၃၆ စင္း၀ယ္ဖို႔သေဘာတူၿပီးတဲ့ေနာက္ အိႏၵိယႏိုင္ငံဟာ ေနာက္ထပ္ Rafale ေတြ၊ Su-35 ေတြလို႐ု႐ွားကအႀကီးစားတိုက္ေလယာဥ္ေတြနဲ႔ F-21 ေတြအပါအ၀င္ အေမရိကန္ဂ် က္တိုက္ေလယာဥ္ေတြလိုမ်ိဳး ေခတ္မီတိုက္ခိုက္ေရးဂ်က္တိုက္ေလယာဥ္ေတြ၀ယ္ယူဖို႔ လိုေနပါတယ္။

၂၀၁၉ ခုႏွစ္က MiGေတြနဲ႔ Sukhoi ေတြက အိႏိၵယေလတပ္ရဲ႕ ဂ်က္ ၁၁၄ စင္း၀ယ္ဖို႔အစီအစဥ္အတြက္ ၿပိဳင္ဆိုင္ ေနခ်ိန္မွာ ႐ု႐ွားက အိႏၵိယကို မဟာဗ်ဴဟာေျမာက္မိတ္ဖက္အေနနဲ႔ အိႏၵိယထုတ္ေ႐ွ႕ေျပးအစီအစဥ္အျဖစ္ တြဲဖက္အလုပ္လုပ္ဖို႔ ကမ္းလွမ္းခဲ့ပါတယ္။

႐ု႐ွားဘက္ကေတာ့ အိႏၵိယအစိုးရပိုင္ Hindustan Aeronautics Ltd ကို မဟာဗ်ဴဟာေျမာက္မိတ္ဖက္အေနနဲ႔ ပူးေပါင္းအလုပ္လုပ္ဖို႔ ေ႐ြးခ်ယ္ခဲ့ပါတယ္။

Su-57 ပဥၥမမ်ိဳးဆက္ကိုယ္ေပ်ာက္ေလယာဥ္ေတြ စမ္းသပ္ထုတ္လုပ္မႈမတိုင္ခင္ ၂၀၁၀ ျပည့္ႏွစ္ေတြအထိ ႐ု႐ွားေလေၾကာင္းတပ္ဖြဲ႔ေတြကို အဆင့္အျမင့္ဆံုး ေလေၾကာင္းစိုးမိုးေရးတိုက္ေလယာဥ္ေတြအျဖစ္ထိန္း သိမ္းေပးထားတဲ့ Su-35 ေတြကို ၾကားျဖတ္ေျဖ႐ွင္းခ်က္တစ္ခုအေနနဲ႔ ႐ု႐ွားကစဥ္းစားခဲ့ပါတယ္။

ဒါေပမဲ့ Su-35 ေတြေအာင္ျမင္ခဲ့ၿပီး ဒီအမ်ိဳးအစားတစ္ခုထဲအတြက္ အရမ္းေအာင္ျမင္လြန္းလို႔ ေစ်းပိုႀကီးတဲ့ ဆက္ခံမယ့္ေလယာဥ္ Su-57 ေတြရဲ႕ဂုဏ္သတင္းကို ေမွးမွိန္သြားေစပါတယ္။

ကာကြယ္ေရးကၽြမ္းက်င္သူေတြရဲ႕အေျပာအရ SU-35 ေရဒါေတြက F-35 ေတြကို ၅၈ ကီလိုမီတာအကြာကေန ေထာက္လွမ္းႏိုင္ၿပီး ေျခရာခံလိုက္တဲ့အေျခအေနမွာဆိုရင္ေတာ့ ၂၉ ကီလိုမီတာအကြာအေ၀းအထိက်ဆင္း သြားႏိုင္ပါတယ္။
Eurasian Times သတင္း၀က္ဆိုက္ရဲ႕အေစာပိုင္းက သတင္းေဖာ္ျပခ်က္အရဆိုရင္ အိႏၵိယေလတပ္က အိႏၵိယျပည္တြင္းထုတ္ Su-30MKI ေတြကို ေခတ္မီေရဒါနဲ႔လက္နက္စနစ္ေတြတပ္ဆင္အဆင့္ႁမွင့္ ဖို႔စီစဥ္ ေနသလို ေလယာဥ္ထိန္းခ်ဳပ္မႈေခတ္ေနာက္က်တာနဲ႔အီလက္ထေရာနစ္စစ္ပြဲ႐ွဴေထာင့္တို႔ကို ေျဖ႐ွင္းမယ့္အစိတ္အပိုင္းေတြကိုလည္း ထပ္တိုးဖို႔ စီစဥ္ေနတယ္လို႔ သိရၿပီးေတာ့ အိႏၵိယေလတပ္ဦးစီးခ်ဳပ္ ရာကတ္ ကူးမား ဘာေဒၚရီယာကလည္း အတည္ျပဳခဲ့ပါတယ္။

သတင္းရင္းျမစ္ေတြရဲ႕အေျပာအရ ႐ု႐ွားဘက္ရဲ႕ကမ္းလွမ္းခ်က္မွာ အိႏၵိယမွာထုတ္လုပ္မယ့္ Su-35 စင္းနဲ႔အတူ Su-30MKI အႀကီးစားတိုက္ေလယာဥ္အစင္း ၂၅၀ ေက်ာ္႐ွိတဲ့အိႏၵိယေလယာဥ္အုပ္စုေတြကို ေခတ္မီေစ မယ့္စြမ္းရည္ေတြလည္းပါ၀င္ပါတယ္။

ဒါေပမဲ့ MiG-35 ေတြ၊ Rafale ေတြနဲ႔ယွဥ္ၾကည့္ရင္ Su-35 ေတြဟာ ထိန္းသိမ္းဖို႔လိုအပ္ခ်က္နဲ႔စစ္ဆင္ေရး အသံုးစရိတ္ပိုမ်ားပါတယ္။

စာခ်ဳပ္တစိတ္တပိုင္းအေနနဲ႔ Su-35 နည္းပညာတခ်ိဳ႕ကိုေပးဖို႔လည္း ႐ု႐ွားဘက္က သေဘာတူခဲ့လို႔ Su-30 MKI ေတြကို အဆင့္ႁမွင့္တင္ႏိုင္မွာပါ။

ေတာ္ေတာ္မ်ားမ်ားဟာ အိႏိၵယဘက္က ကိုယ္တိုင္ထုတ္လုပ္ခဲ့တာမို႔လို႔ ဂ်က္ေတြရဲ႕စြမ္းေဆာင္ရည္ကို သိသိသာသာျမင့္တက္လာေစမွာပါ။

Su-35 တိုက္ေလယာဥ္ေတြဟာ အျမင့္ ၁၁ ကီလိုမီတာမွာ ျမန္ႏႈန္းတစ္နာရီ ၂၈၀၀ ကီလိုမီတာႏႈန္းနဲ႔ ကီလို မီတာ ၄၅၀၀ ေလာက္အထိသြားႏိုင္ပါတယ္။ ေလာင္စာကန္ထပ္ထည့္ရင္ ဆီထပ္ျဖည့္စရာမလိုဘဲနဲ႔ ေနာက္ထပ္ေ၀းေ၀းပိုသြားႏိုင္ပါတယ္။

ပ်ံသန္းေနခ်ိန္မွာတင္ ေလာင္စာဆီျဖည့္ႏိုင္တဲ့စြမ္းရည္ေၾကာင့္ သူတို႔ဟာ အေမရိကန္ထုတ္ F-35 ဂ်က္တိုက္ ေလယာဥ္ေတြနဲ႔အၿပိဳင္ျဖစ္ေနပါတယ္။

Su-35 ေတြမွာ ယာဥ္ရဲ႕ေထာင့္ျဖတ္အလ်င္ကိုထိန္းခ်ဳပ္ႏိုင္ေအာင္ အင္ဂ်င္ကေနတြန္းအားရဲ႕ဦးတည္ရာ ဘက္ကိုဖန္တီးႏိုင္တဲ့အင္ဂ်င္စြမ္းရည္ thrust-vectoring engines ေတြပါ၀င္ၿပီး Tikhomirov NIIP N135 Irbis PESA ေရဒါစနစ္နဲ႔ ေလယာဥ္မွဴးအခန္းကိုဖန္နဲ႔လုပ္ထားတာလိုမ်ိဳး စစ္ဆင္ေရးအစံုေတြပါ၀င္ေနပါတယ္။

႐ု႐ွားရဲ႕အဲဒီလိုကမ္းလွမ္းမႈဟာ အိႏၵိယကို Su-35 ၁၁၅ စင္း၀ယ္ဖို႔နဲ႔ Su-30 MKI ေတြအဆင့္ႁမွင့္ေပးဖို႔ ဆြဲေဆာင္ႏိုင္ၿပီး မၾကာေသးခင္က Rafale ဂ်က္တိုက္ေလယာဥ္ေတြရခဲ့တဲ့အိႏၵိယေလတပ္ကို ပိုၿပီး အ႐ွိန္ႁမွင့္ေပးႏိုင္မွာပါ။

မၾကာေသးခင္က ျပင္သစ္ကေန Rafale ၂၄ စင္း၀ယ္ၿပီးတဲ့ေနာက္ ေလယာဥ္အုပ္စုေတြထဲ Rafale ေတြထပ္မ လိုေတာ့ဘူးလို႔ အီဂ်စ္က ခံစားၿပီး ႐ု႐ွားရဲ႕အႀကီးစား Sukhoi Su-35 ဂ်က္ေတြကို အေကာင္းဆံုးအသံုးျပဳ ေနပါတယ္။

EurAsian Times ေဖာ္ျပခဲ့သလိုပဲ Rafale ေတြထက္ Su-35 ေတြကို အီဂ်စ္၀ယ္ခဲ့ရတဲ့အေၾကာင္းရင္းက ႐ု႐ွား တိုက္ေလယာဥ္ေတြဟာ အေ႐ွ႕အလယ္ပိုင္းေဒသမွာ အစၥေရးနဲ႔အေမရိကန္ေလယာဥ္ေတြထက္ သာလြန္စြမ္း ေဆာင္ႏိုင္ခဲ့လို႔ျဖစ္ပါတယ္။

Ref : Second Batch Of Rafale Jets: India Coud Follow Egypt’s Footsteps & Opt For SU-35s Over Rafales?

#PeopleMedia

(unicode)
Su-35 တွေထက် Rafales တွေကို အိန္ဒိယပိုကြိုက်လာနိုင်သလား
………………………………………………

အိန္ဒိယ-တရုတ်နယ်မြေအငြင်းပွားမှုကြောင့် ထိတွေ့မှုတွေဖြစ်ပြီးတဲ့နောက်ပိုင်း ကာကွယ်ရေးအရှိန်မြင့်တင်ဖို့ စစ်လက်နက်တွေကို အိန္ဒိယက အင်နဲ့အားနဲ့ဝယ်နေပါတယ်။

ပြင်သစ်ထုတ် Rafale ဂျက်တိုက်လေယာဉ် ၃၆ စင်းဝယ်ဖို့သဘောတူပြီးတဲ့နောက် အိန္ဒိယနိုင်ငံဟာ နောက်ထပ် Rafale တွေ၊ Su-35 တွေလိုရုရှားကအကြီးစားတိုက်လေယာဉ်တွေနဲ့ F-21 တွေအပါအဝင် အမေရိကန်ဂျ က်တိုက်လေယာဉ်တွေလိုမျိုး ခေတ်မီတိုက်ခိုက်ရေးဂျက်တိုက်လေယာဉ်တွေဝယ်ယူဖို့ လိုနေပါတယ်။

၂၀၁၉ ခုနှစ်က MiGတွေနဲ့ Sukhoi တွေက အိန္ဒိယလေတပ်ရဲ့ ဂျက် ၁၁၄ စင်းဝယ်ဖို့အစီအစဉ်အတွက် ပြိုင်ဆိုင် နေချိန်မှာ ရုရှားက အိန္ဒိယကို မဟာဗျူဟာမြောက်မိတ်ဖက်အနေနဲ့ အိန္ဒိယထုတ်ရှေ့ပြေးအစီအစဉ်အဖြစ် တွဲဖက်အလုပ်လုပ်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။

ရုရှားဘက်ကတော့ အိန္ဒိယအစိုးရပိုင် Hindustan Aeronautics Ltd ကို မဟာဗျူဟာမြောက်မိတ်ဖက်အနေနဲ့ ပူးပေါင်းအလုပ်လုပ်ဖို့ ရွေးချယ်ခဲ့ပါတယ်။

Su-57 ပဉ္စမမျိုးဆက်ကိုယ်ပျောက်လေယာဉ်တွေ စမ်းသပ်ထုတ်လုပ်မှုမတိုင်ခင် ၂၀၁၀ ပြည့်နှစ်တွေအထိ ရုရှားလေကြောင်းတပ်ဖွဲ့တွေကို အဆင့်အမြင့်ဆုံး လေကြောင်းစိုးမိုးရေးတိုက်လေယာဉ်တွေအဖြစ်ထိန်း သိမ်းပေးထားတဲ့ Su-35 တွေကို ကြားဖြတ်ဖြေရှင်းချက်တစ်ခုအနေနဲ့ ရုရှားကစဉ်းစားခဲ့ပါတယ်။

ဒါပေမဲ့ Su-35 တွေအောင်မြင်ခဲ့ပြီး ဒီအမျိုးအစားတစ်ခုထဲအတွက် အရမ်းအောင်မြင်လွန်းလို့ ဈေးပိုကြီးတဲ့ ဆက်ခံမယ့်လေယာဉ် Su-57 တွေရဲ့ဂုဏ်သတင်းကို မှေးမှိန်သွားစေပါတယ်။

ကာကွယ်ရေးကျွမ်းကျင်သူတွေရဲ့အပြောအရ SU-35 ရေဒါတွေက F-35 တွေကို ၅၈ ကီလိုမီတာအကွာကနေ ထောက်လှမ်းနိုင်ပြီး ခြေရာခံလိုက်တဲ့အခြေအနေမှာဆိုရင်တော့ ၂၉ ကီလိုမီတာအကွာအဝေးအထိကျဆင်း သွားနိုင်ပါတယ်။
Eurasian Times သတင်းဝက်ဆိုက်ရဲ့အစောပိုင်းက သတင်းဖော်ပြချက်အရဆိုရင် အိန္ဒိယလေတပ်က အိန္ဒိယပြည်တွင်းထုတ် Su-30MKI တွေကို ခေတ်မီရေဒါနဲ့လက်နက်စနစ်တွေတပ်ဆင်အဆင့်မြှင့် ဖို့စီစဉ် နေသလို လေယာဉ်ထိန်းချုပ်မှုခေတ်နောက်ကျတာနဲ့အီလက်ထရောနစ်စစ်ပွဲရှူထောင့်တို့ကို ဖြေရှင်းမယ့်အစိတ်အပိုင်းတွေကိုလည်း ထပ်တိုးဖို့ စီစဉ်နေတယ်လို့ သိရပြီးတော့ အိန္ဒိယလေတပ်ဦးစီးချုပ် ရာကတ် ကူးမား ဘာဒေါ်ရီယာကလည်း အတည်ပြုခဲ့ပါတယ်။

သတင်းရင်းမြစ်တွေရဲ့အပြောအရ ရုရှားဘက်ရဲ့ကမ်းလှမ်းချက်မှာ အိန္ဒိယမှာထုတ်လုပ်မယ့် Su-35 စင်းနဲ့အတူ Su-30MKI အကြီးစားတိုက်လေယာဉ်အစင်း ၂၅၀ ကျော်ရှိတဲ့အိန္ဒိယလေယာဉ်အုပ်စုတွေကို ခေတ်မီစေ မယ့်စွမ်းရည်တွေလည်းပါဝင်ပါတယ်။

ဒါပေမဲ့ MiG-35 တွေ၊ Rafale တွေနဲ့ယှဉ်ကြည့်ရင် Su-35 တွေဟာ ထိန်းသိမ်းဖို့လိုအပ်ချက်နဲ့စစ်ဆင်ရေး အသုံးစရိတ်ပိုများပါတယ်။

စာချုပ်တစိတ်တပိုင်းအနေနဲ့ Su-35 နည်းပညာတချို့ကိုပေးဖို့လည်း ရုရှားဘက်က သဘောတူခဲ့လို့ Su-30 MKI တွေကို အဆင့်မြှင့်တင်နိုင်မှာပါ။

တော်တော်များများဟာ အိန္ဒိယဘက်က ကိုယ်တိုင်ထုတ်လုပ်ခဲ့တာမို့လို့ ဂျက်တွေရဲ့စွမ်းဆောင်ရည်ကို သိသိသာသာမြင့်တက်လာစေမှာပါ။

Su-35 တိုက်လေယာဉ်တွေဟာ အမြင့် ၁၁ ကီလိုမီတာမှာ မြန်နှုန်းတစ်နာရီ ၂၈၀၀ ကီလိုမီတာနှုန်းနဲ့ ကီလို မီတာ ၄၅၀၀ လောက်အထိသွားနိုင်ပါတယ်။ လောင်စာကန်ထပ်ထည့်ရင် ဆီထပ်ဖြည့်စရာမလိုဘဲနဲ့ နောက်ထပ်ဝေးဝေးပိုသွားနိုင်ပါတယ်။

ပျံသန်းနေချိန်မှာတင် လောင်စာဆီဖြည့်နိုင်တဲ့စွမ်းရည်ကြောင့် သူတို့ဟာ အမေရိကန်ထုတ် F-35 ဂျက်တိုက် လေယာဉ်တွေနဲ့အပြိုင်ဖြစ်နေပါတယ်။

Su-35 တွေမှာ ယာဉ်ရဲ့ထောင့်ဖြတ်အလျင်ကိုထိန်းချုပ်နိုင်အောင် အင်ဂျင်ကနေတွန်းအားရဲ့ဦးတည်ရာ ဘက်ကိုဖန်တီးနိုင်တဲ့အင်ဂျင်စွမ်းရည် thrust-vectoring engines တွေပါဝင်ပြီး Tikhomirov NIIP N135 Irbis PESA ရေဒါစနစ်နဲ့ လေယာဉ်မှူးအခန်းကိုဖန်နဲ့လုပ်ထားတာလိုမျိုး စစ်ဆင်ရေးအစုံတွေပါဝင်နေပါတယ်။

ရုရှားရဲ့အဲဒီလိုကမ်းလှမ်းမှုဟာ အိန္ဒိယကို Su-35 ၁၁၅ စင်းဝယ်ဖို့နဲ့ Su-30 MKI တွေအဆင့်မြှင့်ပေးဖို့ ဆွဲဆောင်နိုင်ပြီး မကြာသေးခင်က Rafale ဂျက်တိုက်လေယာဉ်တွေရခဲ့တဲ့အိန္ဒိယလေတပ်ကို ပိုပြီး အရှိန်မြှင့်ပေးနိုင်မှာပါ။

မကြာသေးခင်က ပြင်သစ်ကနေ Rafale ၂၄ စင်းဝယ်ပြီးတဲ့နောက် လေယာဉ်အုပ်စုတွေထဲ Rafale တွေထပ်မ လိုတော့ဘူးလို့ အီဂျစ်က ခံစားပြီး ရုရှားရဲ့အကြီးစား Sukhoi Su-35 ဂျက်တွေကို အကောင်းဆုံးအသုံးပြု နေပါတယ်။

EurAsian Times ဖော်ပြခဲ့သလိုပဲ Rafale တွေထက် Su-35 တွေကို အီဂျစ်ဝယ်ခဲ့ရတဲ့အကြောင်းရင်းက ရုရှား တိုက်လေယာဉ်တွေဟာ အရှေ့အလယ်ပိုင်းဒေသမှာ အစ္စရေးနဲ့အမေရိကန်လေယာဉ်တွေထက် သာလွန်စွမ်း ဆောင်နိုင်ခဲ့လို့ဖြစ်ပါတယ်။

Ref : Second Batch Of Rafale Jets: India Coud Follow Egypt’s Footsteps & Opt For SU-35s Over Rafales?

#PeopleMedia


Share this post