• Follow Us on

Home TNLA လက်ချက်ကြောင့် ခြောက်ဘီးယာဉ်မောင်း သေဆုံး


Share this post

ရန်ကုန်၊ ဒီဇင်ဘာ – ၃၀





(Unicode)
TNLA လက်ချက်ကြောင့် ခြောက်ဘီးယာဉ်မောင်း သေဆုံး
……………………………………………………

ရန်ကုန်၊ ဒီဇင်ဘာ – ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ္မတူမြို့နယ်အတွင်း၌ TNLA လက်ချက်ကြောင့် ခြောက်ဘီးယာဉ်မောင်း သေဆုံး ခဲ့ပါတယ်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ္မတူမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းများက နယ်မြေလုံခြုံရေး ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် လားရှိုး-နမ္မတူကားလမ်းအနီးရှိ လွယ်တောက်ကျေးရွာအနီးသို့ ရောက်ရှိစဉ် TNLA က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မြောက်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။

ထိုသို့ TNLA အဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လားရှိုးဘက်မှ နမ္မတူဘက်သို့ မောင်းနှင်လာသော ခြောက်ဘီးယာဉ်တစ်စီးအား လက်နက်ကြီးကျည်ထိမှန်ခဲ့ပြီး ယာဉ်မောင်းဖြစ်သူ အရပ်သားတစ်ဦး သေဆုံး ခဲ့သည်။

#PeopleMedia #TNLA #ယာဉ်မောင်းသေဆုံး


Share this post