• Follow Us on

Home TNLA အဖြဲ႕၏ ဆက္ေၾကးဒဏ္မခံႏုိင္၍ ရွမ္းေျမာက္ေဒသ ႀကီး ဘဏ္အခ်ဳိ႕ ယာယီပိတ္သိမ္း

TNLA အဖြဲ႕၏ ဆက္ေၾကးဒဏ္မခံႏုိင္၍ ရွမ္းေျမာက္ေဒသ ႀကီး ဘဏ္အခ်ဳိ႕ ယာယီပိတ္သိမ္း

Share this post

ရန္ကုန္၊ ၾသဂုတ္ – ၁၇

ရွမ္းေျမာက္ေဒသ၌ ဖြင့္လွစ္လ်က္ရွိသည့္ ပုဂၢလိကဘဏ္အခ်ဳိ႕သည္ TNLA အဖြဲ႕၏ ဆက္ေၾကးေကာက္ယူ သည့္ ေငြေၾကးအေပၚ ေပးသြင္းရန္ အခက္အခဲရွိမႈ၊ လုံၿခံဳေရးအရ စိုးရိမ္မႈေၾကာင့္ ယာယီပိတ္သိမ္းသြားၾကမွာ လည္း ျဖစ္ပါတယ္။

ရွမ္းေျမာက္ေဒသရွိ နမ္းခမ္းၿမိဳ႕၌ ဖြင့္လွစ္ထားသည္ ပုဂၢလိကဘဏ္အခ်ဳိ႕သည္ ယာယီပိတ္သိမ္းရန္ စီစဥ္ထား ၿပီး မူဆယ္ၿမိဳ႕ရွိ ဘဏ္အခ်ဳိ႕ကုိလည္း ယာယီပိတ္သိမ္းသြားမွာျဖစ္ပါတယ္။

“မူဆယ္မွာရွိတဲ့ ဘဏ္ေတြေပါ့ သူတုိ႔ကေတာ့ လုံၿခံဳေရးစိတ္ခ်ရတဲ့ ၿမိဳ႕တြင္းက ဘဏ္ေနရာမွာ ပူးေပါင္း ဖြင့္သြားမွာပါ။ ဥပမာဗ်ာ ၁၀၅ မုိင္မွာ ဖြင့္ထားတဲ့ MCB ဘဏ္က မူဆယ္ၿမိဳ႕ထဲက ဖြင့္ထားတဲ့ MCB ဘဏ္ကုိ လာေပါင္းတဲ့ သေဘာပါ”လုိ႔ ဘဏ္ဝန္ထမ္းတစ္ဦးက ဆုိပါတယ္။

ရွမ္းေျမာက္ေဒသ၌ စီးပြားေရးလုပ္ကုိင္ေနေသာ လုပ္ငန္းရွင္မ်ားသည္ ရွမ္းေျမာက္ေဒသ၌ လႈပ္ရွားေနသည့္ လက္နက္ကုိင္အဖြဲ႕မ်ားကုိ ႏွစ္စဥ္ သတ္မွတ္ ဆက္ေၾကးမ်ားကုိ ေပးေဆာင္ရပါတယ္။

ထုိကဲ့သုိ႔ လက္နက္ကုိင္အဖြဲ႕၏ သတ္မွတ္ဆက္ေၾကးကုိ လုပ္ငန္းရွင္မ်ားက ေပးသြင္းမႈ ပ်က္ကြက္ခဲ့လ်င္ လက္နက္ျဖင့္ ခ်ိန္းေျခာက္ျခင္း၊ အၾကမ္းဖက္ တုိက္ခုိက္ျခင္းမ်ား ေဆာင္ရြက္ေလ့ရွိပါတယ္။

#PeopleMedia #မူဆယ္ #ဘဏ္ #ရွမ္းေျမာက္ေဒသ

(unicode)
TNLA အဖွဲ့၏ ဆက်ကြေးဒဏ်မခံနိုင်၍ ရှမ်းမြောက်ဒေသ ကြီး ဘဏ်အချို့ ယာယီပိတ်သိမ်း
……………………………………………………

ရန်ကုန်၊ ဩဂုတ် – ၁၇

ရှမ်းမြောက်ဒေသ၌ ဖွင့်လှစ်လျက်ရှိသည့် ပုဂ္ဂလိကဘဏ်အချို့သည် TNLA အဖွဲ့၏ ဆက်ကြေးကောက်ယူ သည့် ငွေကြေးအပေါ် ပေးသွင်းရန် အခက်အခဲရှိမှု၊ လုံခြုံရေးအရ စိုးရိမ်မှုကြောင့် ယာယီပိတ်သိမ်းသွားကြမှာ လည်း ဖြစ်ပါတယ်။

ရှမ်းမြောက်ဒေသရှိ နမ်းခမ်းမြို့၌ ဖွင့်လှစ်ထားသည် ပုဂ္ဂလိကဘဏ်အချို့သည် ယာယီပိတ်သိမ်းရန် စီစဉ်ထား ပြီး မူဆယ်မြို့ရှိ ဘဏ်အချို့ကိုလည်း ယာယီပိတ်သိမ်းသွားမှာဖြစ်ပါတယ်။

“မူဆယ်မှာရှိတဲ့ ဘဏ်တွေပေါ့ သူတို့ကတော့ လုံခြုံရေးစိတ်ချရတဲ့ မြို့တွင်းက ဘဏ်နေရာမှာ ပူးပေါင်း ဖွင့်သွားမှာပါ။ ဥပမာဗျာ ၁၀၅ မိုင်မှာ ဖွင့်ထားတဲ့ MCB ဘဏ်က မူဆယ်မြို့ထဲက ဖွင့်ထားတဲ့ MCB ဘဏ်ကို လာပေါင်းတဲ့ သဘောပါ”လို့ ဘဏ်ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။

ရှမ်းမြောက်ဒေသ၌ စီးပွားရေးလုပ်ကိုင်နေသော လုပ်ငန်းရှင်များသည် ရှမ်းမြောက်ဒေသ၌ လှုပ်ရှားနေသည့် လက်နက်ကိုင်အဖွဲ့များကို နှစ်စဉ် သတ်မှတ် ဆက်ကြေးများကို ပေးဆောင်ရပါတယ်။

ထိုကဲ့သို့ လက်နက်ကိုင်အဖွဲ့၏ သတ်မှတ်ဆက်ကြေးကို လုပ်ငန်းရှင်များက ပေးသွင်းမှု ပျက်ကွက်ခဲ့လျင် လက်နက်ဖြင့် ချိန်းခြောက်ခြင်း၊ အကြမ်းဖက် တိုက်ခိုက်ခြင်းများ ဆောင်ရွက်လေ့ရှိပါတယ်။

#PeopleMedia #မူဆယ် #ဘဏ် #ရှမ်းမြောက်ဒေသ


Share this post