• Follow Us on

Home TNLA အဖွဲ့၏ ဆက်ကြေးဒဏ်မခံနိုင်၍ ရှမ်းမြောက်ဒေသ ကြီး ဘဏ်အချို့ ယာယီပိတ်သိမ်း

TNLA အဖွဲ့၏ ဆက်ကြေးဒဏ်မခံနိုင်၍ ရှမ်းမြောက်ဒေသ ကြီး ဘဏ်အချို့ ယာယီပိတ်သိမ်း

Share this post

ရန်ကုန်၊ သြဂုတ် – ၁၇

ရှမ်းမြောက်ဒေသ၌ ဖွင့်လှစ်လျက်ရှိသည့် ပုဂ္ဂလိကဘဏ်အချို့သည် TNLA အဖွဲ့၏ ဆက်ကြေးကောက်ယူ သည့် ငွေကြေးအပေါ် ပေးသွင်းရန် အခက်အခဲရှိမှု၊ လုံခြုံရေးအရ စိုးရိမ်မှုကြောင့် ယာယီပိတ်သိမ်းသွားကြမှာ လည်း ဖြစ်ပါတယ်။

ရှမ်းမြောက်ဒေသရှိ နမ်းခမ်းမြို့၌ ဖွင့်လှစ်ထားသည် ပုဂ္ဂလိကဘဏ်အချို့သည် ယာယီပိတ်သိမ်းရန် စီစဉ်ထား ပြီး မူဆယ်မြို့ရှိ ဘဏ်အချို့ကိုလည်း ယာယီပိတ်သိမ်းသွားမှာဖြစ်ပါတယ်။

“မူဆယ်မှာရှိတဲ့ ဘဏ်တွေပေါ့ သူတို့ကတော့ လုံခြုံရေးစိတ်ချရတဲ့ မြို့တွင်းက ဘဏ်နေရာမှာ ပူးပေါင်း ဖွင့်သွားမှာပါ”လို့ ဘဏ်ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။

ရှမ်းမြောက်ဒေသ၌ စီးပွားရေးလုပ်ကိုင်နေသော လုပ်ငန်းရှင်များသည် ရှမ်းမြောက်ဒေသ၌ လှုပ်ရှားနေသည့် လက်နက်ကိုင်အဖွဲ့များကို နှစ်စဉ် သတ်မှတ် ဆက်ကြေးများကို ပေးဆောင်ရပါတယ်။

ထိုကဲ့သို့ လက်နက်ကိုင်အဖွဲ့၏ သတ်မှတ်ဆက်ကြေးကို လုပ်ငန်းရှင်များက ပေးသွင်းမှု ပျက်ကွက်ခဲ့လျင် လက်နက်ဖြင့် ချိန်းခြောက်ခြင်း၊ အကြမ်းဖက် တိုက်ခိုက်ခြင်းများ ဆောင်ရွက်လေ့ရှိပါတယ်။

#PeopleMedia #မူဆယ် #ဘဏ် #ရှမ်းမြောက်ဒေသ

(unicode)
TNLA အဖွဲ့၏ ဆက်ကြေးဒဏ်မခံနိုင်၍ ရှမ်းမြောက်ဒေသ ကြီး ဘဏ်အချို့ ယာယီပိတ်သိမ်း
……………………………………………………

ရန်ကုန်၊ ဩဂုတ် – ၁၇