• Follow Us on

Home “UAB ဘဏ္မွ က်ပ္သိန္း ၂၀၀ လုယက္သြားသူ ႀကိဳးဆြဲခ် ေသဆုံးသြားေၾကာင္း ျမန္မာနိုင္ငံရဲတပ္ဖြဲ႕သတင္းထုတ္ျပန္” မႏၲေလးၿမိဳ႕၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ UAB ဘဏ္လုယက္မႈမွ တရားခံေဖာ္ထုတ္ရရွိေၾကာင္း ျမန္မာနိုင္ငံရဲတပ္ဖြဲ႕ သတင္းထုတ္ျပန္

“UAB ဘဏ္မွ က်ပ္သိန္း ၂၀၀ လုယက္သြားသူ ႀကိဳးဆြဲခ် ေသဆုံးသြားေၾကာင္း ျမန္မာနိုင္ငံရဲတပ္ဖြဲ႕သတင္းထုတ္ျပန္” မႏၲေလးၿမိဳ႕၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ UAB ဘဏ္လုယက္မႈမွ တရားခံေဖာ္ထုတ္ရရွိေၾကာင္း ျမန္မာနိုင္ငံရဲတပ္ဖြဲ႕ သတင္းထုတ္ျပန္

Share this post

ေနျပည္ေတာ္၊ ေအာက္တိုဘာ ၁၉
ေအာက္တိုဘာလ ၁၅ ရက္ေန႔ ေန႔လည္ ၃ နာရီခြဲခန႔္အခ်ိန္တြင္ မႏၲေလးၿမိဳ႕၊ ျပည္ႀကီး တံခြန္ၿမိဳ႕နယ္၊ ၆၂ လမ္းႏွင့္ ရတနာလမ္းေထာင့္ရွိ ယူေအဘီဘဏ္အတြင္းသို႔ ဆိုင္ကယ္စီးဦးထုပ္ ေဆာင္း၍ Mask တပ္ဆင္လ်က္ အမ်ိဳးသားတစ္ဦး ဝင္ေရာက္လာၿပီး လုံျခဳံေရးႏွင့္ ဘဏ္ဝန္ထမ္း မ်ားအား ေသနတ္အတို(စိစစ္ဆဲ)ျဖင့္ခ်ိန္ရြယ္၍ ေငြက်ပ္သိန္း ၂၀၀ လုယက္ယူေဆာင္ၿပီး 4D-5422 Mark II အျဖဴေရာင္ယာဥ္ျဖင့္ ေမာင္းႏွင္ထြက္ေျပးခဲ့ေၾကာင္း ျမန္မာနိုင္ငံ ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။
အမႈႏွင့္ပတ္သက္၍ ျဖစ္လၽွင္ျဖစ္ျခင္း မႏၲေလးတိုင္းေဒသႀကီးရဲတပ္ဖြဲ႕က စုံစမ္းရာ ျပစ္မႈက်ဴးလြန္သူ အသုံးျပဳခဲ့သည့္ 4D-5422 Mark II အျဖဴေရာင္ယာဥ္ကို ကားအတြင္း ထိုင္ခုံမ်ားအား ဓါတ္ဆီေလာင္းမီးရွို႔ထားၿပီး ျပည္ႀကီးတံခြန္ ၿမိဳ႕နယ္၊ (ခ)ရပ္ကြက္အတြင္းရွိ ဒူးၾကားလမ္းေပၚတြင္ ယင္းေန႔ ညေနပိုင္းတြင္ ေတြ႕ရွိရေၾကာင္း၊ ယာဥ္ႏွင့္ပတ္သက္၍ စိစစ္ခဲ့ရာ ၎ယာဥ္သည္ လိုင္စင္မဲ့ယာဥ္ျဖစ္ေၾကာင္း၊ ယာဥ္အတြင္းရွာေဖြရာ ေလေသနတ္တြင္ ထည့္သြင္းအသုံးျပဳသည့္ ေဘာေစ့မ်ားႏွင့္ ယာဥ္ဒက္ရွ္ဘုတ္ေပၚ၌ “ကားေရႊ႕လိုလၽွင္ ၀၉၆၇၆၇၆၇၅၆၁”ဟု ေရးထားသည့္ စာရြက္တစ္ရြက္ေတြ႕ရေၾကာင္းထုတ္ျပန္ခ်က္၌ ေဖာ္ျပထားသည္။
ယင္းဖုန္းနံပါတ္ကို စိစစ္ရာ ဖုန္းမွတ္ပုံတင္ထားသူမွာ ေအာင္ေက်ာ္ထြန္း၊ မွတ္ပုံတင္အမွတ္ ၅/ရဘန(နိုင္) ၁၇၈၀၁၁၊ေရႊဘိုၿမိဳ႕ေနသူ ျဖစ္ေၾကာင္း သိရွိရသျဖင့္ စစ္ကိုင္းတိုင္းေဒသႀကီးရဲတပ္ဖြဲ႕ႏွင့္ ခ်ိတ္ဆက္စုံစမ္းခဲ့ရာ ယင္းမွတ္ပုံတင္ ကိုင္ေဆာင္သူသည္ လြန္ခဲ့သည့္ ၁၀ ႏွစ္ခန႔္ကတည္းက မႏၲေလးၿမိဳ႕သို႔ ေျပာင္းေရႊ႕ေနထိုင္သည္ကို စုံစမ္းရရွိေၾကာင္း၊ မွတ္ပုံတင္နံပါတ္ကို အေျခခံ၍ ဆက္လက္စုံစမ္းခဲ့ရာ ေအာင္ေက်ာ္ထြန္းသည္ မႏၲေလးၿမိဳ႕၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ သင္ပန္းကုန္းရပ္ကြက္တြင္ ေနထိုင္ေၾကာင္း အတည္ျပဳရရွိ၍ ၎၏ ေနအိမ္သို႔ ေအာက္တိုဘာလ ၁၆ ရက္ေန႔ ညတြင္ေစာင့္ၾကည့္စိစစ္ရာ ထူးျခားလႈပ္ရွားမႈ တစ္စုံတစ္ရာမရွိေၾကာင္း၊ သို႔ျဖစ္၍ နံနက္လင္းခ်ိန္တြင္ အိမ္အတြင္း ဝင္ေရာက္စိစစ္ခဲ့ရာ ၎အား မေတြ႕ရွိရဘဲ ဇနီးျဖစ္သူသာ ေတြ႕ရွိရၿပီး ယာဥ္ေပၚတြင္ ေတြ႕ရေသာ ဖုန္းနံပါတ္ ၀၉၆၇၆၇၆၇၅၆၁ မွာ ေအာင္ေက်ာ္ထြန္း၏ ဖုန္းနံပါတ္မွန္ကန္ေၾကာင္းႏွင့္ ယာဥ္မွာလည္း ၎တို႔ ဝယ္ယူထားသည့္ ယာဥ္မွန္ကန္ေၾကာင္းကို အတည္ျပဳစိစစ္ရရွိခဲ့ေၾကာင္း ေဖာ္ျပထားသည္။
ေအာင္ေက်ာ္ထြန္းသည္ အဆိုပါယာဥ္ကို စက္တင္ဘာလအတြင္းက Online မွ တစ္ဆင့္ ေအာင္ျပည့္ၿဖိဳးသူ(ခ)ေကာင္းခန႔္ေက်ာ္ႏွင့္ ခ်ိတ္ဆက္၍ ဝယ္ယူခဲ့သည္ကို ၎၏ ဖုန္းမွတ္တမ္းမ်ားအရ စိစစ္ေတြ႕ရွိရၿပီး ေဘာေစ့ႏွင့္ပစ္သည့္ ေသနတ္ကိုလည္း Online မွ တစ္ဆင့္ ခ်ိတ္ဆက္ဝယ္ယူခဲ့သည္ကို ေတြ႕ရွိရေၾကာင္း၊ ေအာင္ေက်ာ္ထြန္းအား ဖမ္းဆီးရမိေရး ဆက္လက္စုံစမ္းေနစဥ္ နံနက္ ၇ နာရီခြဲအခ်ိန္တြင္ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ဗဟိုမီးသတ္ၿခံဝင္း၏ အျပင္ဘက္တြင္ လူတစ္ဦးႀကိဳးဆြဲခ်ေသဆုံးေနေၾကာင္း သတင္းအရရဲတပ္ဖြဲ႕မွ သြားေရာက္စစ္ေဆးခဲ့ရာ ေသဆုံးသူ၏ လက္ေကာက္ဝတ္တြင္ ေသြးေၾကာအား ဓါးျဖင့္ အနည္းငယ္လွီးထားသည့္ ဒဏ္ရာႏွင့္ ေသဆုံးသူအနီး၌ ၅၉ယ/၅၂၆၉၈ နံပါတ္ပါ ဆိုင္ကယ္ကိုေတြ႕ရၿပီး ဆိုင္ကယ္ Toolbox အတြင္းမွ ေအာင္ေက်ာ္ထြန္း အမည္ပါမွတ္ပုံတင္မိတၱဴႏွင့္ အိမ္ေထာင္စု ဇယားမိတၱဴတို႔ကို ေတြ႕ရွိရသျဖင့္ ေသဆုံးသူမွာ အမႈျဖင့္ စုံစမ္းလ်က္ရွိသည့္ ေအာင္ေက်ာ္ထြန္း ျဖစ္သည္ကို အတည္ျပဳရရွိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ သတင္းထုတ္ျပန္ခ်က္၌ ေဖာ္ျပထားသည္။
ထို႔ျပင္ ဆိုင္ကယ္အနီး၌ ေတြ႕ရသည့္ စာအုပ္ၾကားထဲ၌ ဘရိတ္ဓါးငယ္တစ္ခု၊ လုယက္မႈႏွင့္ ပတ္သက္၍ ေသြးႏွင့္ ေရးထားသည့္ စာကိုလည္း ေတြ႕ရေၾကာင္း၊ အမႈခိုင္မာေစေရးအတြတ္ ၎ထံ ယာဥ္ေရာင္းခ်ခဲ့သည့္ ေအာင္ျပည့္ၿဖိဳးသူ(ခ)ေကာင္းခန႔္ေက်ာ္အား စိစစ္ခဲ့ရာ အဆိုပါယာဥ္ကို Online မွ တစ္ဆင့္ခ်ိတ္ဆက္၍ ေအာင္ေက်ာ္ထြန္းထံ ၁၈ သိန္းျဖင့္ ေရာင္းခ်ခဲ့သည္မွာ မွန္ကန္ေၾကာင္းႏွင့္ ယာဥ္လာဝယ္သည့္ေန႔က ေအာင္ေက်ာ္ထြန္းႏွင့္ အတူ ၎၏ ဇနီးျဖစ္သူပါ ဆိုင္ကယ္ျဖင့္လာဝယ္သြားျခင္းျဖစ္ေၾကာင္း သိရွိရသျဖင့္ ေအာင္ေက်ာ္ထြန္း၏ ဇနီးအား ယာဥ္လာဝယ္စဥ္က ပါလာသူ ဟုတ္/မဟုတ္ တရားသူႀကီး တစ္ဦး၏ေရွ႕၌ အတည္ျပဳေဆာင္ရြက္ခဲ့ရာ မွန္ကန္ေၾကာင္းအတည္ျပဳနိုင္ခဲ့ေၾကာင္း၊ သို႔ျဖစ္၍ စုံစမ္းေတြ႕ရွိခ်က္မ်ားအရ UAB ဘဏ္အား လုယက္မႈက်ဴးလြန္သူမွာ ေအာင္ေက်ာ္ထြန္းျဖစ္သည္ကို တယ္လီဖုန္းဆက္သြယ္မႈမွတ္တမ္းမ်ား၊Online ဆက္သြယ္မႈမွတ္တမ္းမ်ား၊ ဆက္စပ္ေဖာ္ထုတ္ခ်က္မ်ားအရ အတည္ျပဳေဖာ္ထုတ္နိုင္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။
#PeopleMedia #UABBank
(unicode)
“UAB ဘဏ်မှ ကျပ်သိန်း ၂၀၀ လုယက်သွားသူ ကြိုးဆွဲချ သေဆုံးသွားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့သတင်းထုတ်ပြန်”
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် UAB ဘဏ်လုယက်မှုမှ တရားခံဖော်ထုတ်ရရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ သတင်းထုတ်ပြန်
………………………………………………………..
နေပြည်တော်၊ အောက်တိုဘာ ၁၉
အောက်တိုဘာလ ၁၅ ရက်နေ့ နေ့လည် ၃ နာရီခွဲခန့်အချိန်တွင် မန္တလေးမြို့၊ ပြည်ကြီး တံခွန်မြို့နယ်၊ ၆၂ လမ်းနှင့် ရတနာလမ်းထောင့်ရှိ ယူအေဘီဘဏ်အတွင်းသို့ ဆိုင်ကယ်စီးဦးထုပ် ဆောင်း၍ Mask တပ်ဆင်လျက် အမျိုးသားတစ်ဦး ဝင်ရောက်လာပြီး လုံခြုံရေးနှင့် ဘဏ်ဝန်ထမ်း များအား သေနတ်အတို(စိစစ်ဆဲ)ဖြင့်ချိန်ရွယ်၍ ငွေကျပ်သိန်း ၂၀၀ လုယက်ယူဆောင်ပြီး 4D-5422 Mark II အဖြူရောင်ယာဉ်ဖြင့် မောင်းနှင်ထွက်ပြေးခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
အမှုနှင့်ပတ်သက်၍ ဖြစ်လျှင်ဖြစ်ခြင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့က စုံစမ်းရာ ပြစ်မှုကျူးလွန်သူ အသုံးပြုခဲ့သည့် 4D-5422 Mark II အဖြူရောင်ယာဉ်ကို ကားအတွင်း ထိုင်ခုံများအား ဓါတ်ဆီလောင်းမီးရှို့ထားပြီး ပြည်ကြီးတံခွန် မြို့နယ်၊ (ခ)ရပ်ကွက်အတွင်းရှိ ဒူးကြားလမ်းပေါ်တွင် ယင်းနေ့ ညနေပိုင်းတွင် တွေ့ရှိရကြောင်း၊ ယာဉ်နှင့်ပတ်သက်၍ စိစစ်ခဲ့ရာ ၎င်းယာဉ်သည် လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း၊ ယာဉ်အတွင်းရှာဖွေရာ လေသေနတ်တွင် ထည့်သွင်းအသုံးပြုသည့် ဘောစေ့များနှင့် ယာဉ်ဒက်ရှ်ဘုတ်ပေါ်၌ “ကားရွှေ့လိုလျှင် ၀၉၆၇၆၇၆၇၅၆၁”ဟု ရေးထားသည့် စာရွက်တစ်ရွက်တွေ့ရကြောင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ယင်းဖုန်းနံပါတ်ကို စိစစ်ရာ ဖုန်းမှတ်ပုံတင်ထားသူမှာ အောင်ကျော်ထွန်း၊ မှတ်ပုံတင်အမှတ် ၅/ရဘန(နိုင်) ၁၇၈၀၁၁၊ရွှေဘိုမြို့နေသူ ဖြစ်ကြောင်း သိရှိရသဖြင့် စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့နှင့် ချိတ်ဆက်စုံစမ်းခဲ့ရာ ယင်းမှတ်ပုံတင် ကိုင်ဆောင်သူသည် လွန်ခဲ့သည့် ၁၀ နှစ်ခန့်ကတည်းက မန္တလေးမြို့သို့ ပြောင်းရွှေ့နေထိုင်သည်ကို စုံစမ်းရရှိကြောင်း၊ မှတ်ပုံတင်နံပါတ်ကို အခြေခံ၍ ဆက်လက်စုံစမ်းခဲ့ရာ အောင်ကျော်ထွန်းသည် မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်တွင် နေထိုင်ကြောင်း အတည်ပြုရရှိ၍ ၎င်း၏ နေအိမ်သို့ အောက်တိုဘာလ ၁၆ ရက်နေ့ ညတွင်စောင့်ကြည့်စိစစ်ရာ ထူးခြားလှုပ်ရှားမှု တစ်စုံတစ်ရာမရှိကြောင်း၊ သို့ဖြစ်၍ နံနက်လင်းချိန်တွင် အိမ်အတွင်း ဝင်ရောက်စိစစ်ခဲ့ရာ ၎င်းအား မတွေ့ရှိရဘဲ ဇနီးဖြစ်သူသာ တွေ့ရှိရပြီး ယာဉ်ပေါ်တွင် တွေ့ရသော ဖုန်းနံပါတ် ၀၉၆၇၆၇၆၇၅၆၁ မှာ အောင်ကျော်ထွန်း၏ ဖုန်းနံပါတ်မှန်ကန်ကြောင်းနှင့် ယာဉ်မှာလည်း ၎င်းတို့ ဝယ်ယူထားသည့် ယာဉ်မှန်ကန်ကြောင်းကို အတည်ပြုစိစစ်ရရှိခဲ့ကြောင်း ဖော်ပြထားသည်။
အောင်ကျော်ထွန်းသည် အဆိုပါယာဉ်ကို စက်တင်ဘာလအတွင်းက Online မှ တစ်ဆင့် အောင်ပြည့်ဖြိုးသူ(ခ)ကောင်းခန့်ကျော်နှင့် ချိတ်ဆက်၍ ဝယ်ယူခဲ့သည်ကို ၎င်း၏ ဖုန်းမှတ်တမ်းများအရ စိစစ်တွေ့ရှိရပြီး ဘောစေ့နှင့်ပစ်သည့် သေနတ်ကိုလည်း Online မှ တစ်ဆင့် ချိတ်ဆက်ဝယ်ယူခဲ့သည်ကို တွေ့ရှိရကြောင်း၊ အောင်ကျော်ထွန်းအား ဖမ်းဆီးရမိရေး ဆက်လက်စုံစမ်းနေစဉ် နံနက် ၇ နာရီခွဲအချိန်တွင် ချမ်းမြသာစည်မြို့နယ်၊ ဗဟိုမီးသတ်ခြံဝင်း၏ အပြင်ဘက်တွင် လူတစ်ဦးကြိုးဆွဲချသေဆုံးနေကြောင်း သတင်းအရရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူ၏ လက်ကောက်ဝတ်တွင် သွေးကြောအား ဓါးဖြင့် အနည်းငယ်လှီးထားသည့် ဒဏ်ရာနှင့် သေဆုံးသူအနီး၌ ၅၉ယ/၅၂၆၉၈ နံပါတ်ပါ ဆိုင်ကယ်ကိုတွေ့ရပြီး ဆိုင်ကယ် Toolbox အတွင်းမှ အောင်ကျော်ထွန်း အမည်ပါမှတ်ပုံတင်မိတ္တူနှင့် အိမ်ထောင်စု ဇယားမိတ္တူတို့ကို တွေ့ရှိရသဖြင့် သေဆုံးသူမှာ အမှုဖြင့် စုံစမ်းလျက်ရှိသည့် အောင်ကျော်ထွန်း ဖြစ်သည်ကို အတည်ပြုရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ထို့ပြင် ဆိုင်ကယ်အနီး၌ တွေ့ရသည့် စာအုပ်ကြားထဲ၌ ဘရိတ်ဓါးငယ်တစ်ခု၊ လုယက်မှုနှင့် ပတ်သက်၍ သွေးနှင့် ရေးထားသည့် စာကိုလည်း တွေ့ရကြောင်း၊ အမှုခိုင်မာစေရေးအတွတ် ၎င်းထံ ယာဉ်ရောင်းချခဲ့သည့် အောင်ပြည့်ဖြိုးသူ(ခ)ကောင်းခန့်ကျော်အား စိစစ်ခဲ့ရာ အဆိုပါယာဉ်ကို Online မှ တစ်ဆင့်ချိတ်ဆက်၍ အောင်ကျော်ထွန်းထံ ၁၈ သိန်းဖြင့် ရောင်းချခဲ့သည်မှာ မှန်ကန်ကြောင်းနှင့် ယာဉ်လာဝယ်သည့်နေ့က အောင်ကျော်ထွန်းနှင့် အတူ ၎င်း၏ ဇနီးဖြစ်သူပါ ဆိုင်ကယ်ဖြင့်လာဝယ်သွားခြင်းဖြစ်ကြောင်း သိရှိရသဖြင့် အောင်ကျော်ထွန်း၏ ဇနီးအား ယာဉ်လာဝယ်စဉ်က ပါလာသူ ဟုတ်/မဟုတ် တရားသူကြီး တစ်ဦး၏ရှေ့၌ အတည်ပြုဆောင်ရွက်ခဲ့ရာ မှန်ကန်ကြောင်းအတည်ပြုနိုင်ခဲ့ကြောင်း၊ သို့ဖြစ်၍ စုံစမ်းတွေ့ရှိချက်များအရ UAB ဘဏ်အား လုယက်မှုကျူးလွန်သူမှာ အောင်ကျော်ထွန်းဖြစ်သည်ကို တယ်လီဖုန်းဆက်သွယ်မှုမှတ်တမ်းများ၊Online ဆက်သွယ်မှုမှတ်တမ်းများ၊ ဆက်စပ်ဖော်ထုတ်ချက်များအရ အတည်ပြုဖော်ထုတ်နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

Share this post