• Follow Us on

Home UAB ဘဏ္ လုယက္မႈျဖစ္စဥ္ မွ သက္ေသခံပစၥည္းမ်ား ႏွင့္ ေငြက်ပ္သိန္း (၁၉၉)သိန္း ေဖာ္ထုတ္သိမ္းဆည္းရမိသည့္ ျဖစ္စဥ္အေပၚ မႏၲေလးတိုင္းေဒသႀကီး ရဲတပ္ဖြဲ႕၏ သတင္းထုတ္ျပန္ခ်က္

UAB ဘဏ္ လုယက္မႈျဖစ္စဥ္ မွ သက္ေသခံပစၥည္းမ်ား ႏွင့္ ေငြက်ပ္သိန္း (၁၉၉)သိန္း ေဖာ္ထုတ္သိမ္းဆည္းရမိသည့္ ျဖစ္စဥ္အေပၚ မႏၲေလးတိုင္းေဒသႀကီး ရဲတပ္ဖြဲ႕၏ သတင္းထုတ္ျပန္ခ်က္

Share this post

မႏၲေလးၿမိဳ႕၊ ေအာက္တိုဘာ -၂၂
၂၂-၁၀-၂၀၂၀ ရက္ေန႔ ၁၁၃၀ အခ်ိန္ မႏၲေလးၿမိဳ႕၊ ျပည္ႀကီးၿမိဳ႕နယ္၊ UAB ဘဏ္မွ ေငြ သိန္း ၂၀၀ လုယက္မႈျဖစ္စဥ္ မွ တရားခံ ေအာင္ေက်ာ္ထြန္း(ေသဆုံး)၏ ဇနီးျဖစ္သူ မသႏၲာျမင့္အား တိုင္းမႈခင္းအကူဌာနစုမွ ဒုရဲမႉး သက္နိုင္ထြန္း၊ ရဲအုပ္ ရဲလင္းထိုက္၊ ဒုရဲအုပ္ ေအာင္ေက်ာ္မင္း၊ စက္မႈနယ္ေျမရဲစခနိးမွ နယ္ထိန္း ဒုရဲအုပ္ ျပည့္ၿဖိဳးသူ တို႔မွ ပူေပါင္းစစ္ေဆးခဲ့ရာ ညေန ၄ နာရီအခ်ိန္တြင္ မသႏၲာျမင့္မွ ၄င္းေနအိမ္တြင္ ထားရွိေသာ ဂက္ဓ္ မီးဖိုထည့္သည့္ ေကာ္ဗူးမွာ ထားေနက်ေနရာတြင္မရွိဘဲ ေပ်ာက္ဆုံးေနသျဖင့္ မသကၤာေၾကာင္း ထြက္ဆိုသျဖင့္ သက္ေသမ်ားႏွင့္အတူ ၎ေနအိမ္တြင္ လိုက္လံရွာေဖြခဲ့ပါသည္။
ညေန ၄ နာရီခြဲအခ်ိန္ မီးဖိုခန္း ထမင္း/ဟင္းခ်က္သည့္ စင္ေအာက္ရွိ ေျမႀကီးေပၚတြင္ အဆိုပါ ဂက္စ္မီးဖိုထည့္သည့္ ေကာ္ဗူးအားေတြ႕ရွိခဲ့ၿပီး ေကာ္ဗူးအတြင္း ရွာေဖြရာ ေဘာေစ့ထည့္ပစ္ရေသာ ေသနတ္ ၁ လက္၊ လက္ထိပ္ ၁ ခု၊ က်င္စက္(အသုံးျပဳ၍ရ)၊ ေသနတ္တြင္ထည့္ပစ္ရေသာ ဂက္စ္ဗူးအေသး ၂ ခု တို႔အားေတြ႕ရွိသိမ္းဆည္းရမိခဲ့ပါသည္။
ပူးေပါင္းအဖြဲ႕သည္ ဆက္လက္၍ မသႏၲာျမင့္အား စစ္ေဆးခဲ့ရာ ၎ပိုင္ မိန္းမကိုင္ ပိုက္ဆံအိတ္ ၁ လုံးမွာလည္း ေပ်ာက္ေနေၾကာင္း ထပ္မံထြက္ဆိုသျဖင့္ သက္ေသမ်ားႏွင့္အတူ ေနအိမ္အား အေသးစိတ္ရွာေဖြခဲ့ရာ ညေန ၅ နာရီ ၂၀ အခ်ိန္ မသႏၲာျမင့္၏ မိဘႏွင့္ အဘိုး အဘြားအိပ္ခန္းႏွင့္ မီးဖိုေခ်ာင္အဝင္ေထာင့္ရွိ သစ္သားေသတၱာ တစ္ခုအတြင္းမွ အေႏြးထည္မ်ားႏွင့္အုပ္လ်က္ ပိုက္ဆံအိတ္အား ေတြ႕ရွိခဲ့ၿပီး အဆိုပါအိတ္အား ဖြင့္၍ရွာေဖြရာ တစ္ေသာင္းက်ပ္ (၁၀၀)ရြက္ပါ အထုတ္ (၁၉)ထုတ္ (၁၉၀ သိန္းက်ပ္)၊ တစ္ေသာင္းတန္ (၉၀)ရြက္ပါ (၁)ထုတ္(၉ သိန္းက်ပ္)၊ စုစုေပါင္း ၁၉၉ သိန္းအား ေတြ႕ရွိသိမ္းဆည္းရမိခဲ့ပါသည္။
မႏၲေလးတိုင္းေဒသႀကီးရဲတပ္ဖြဲ႕ တိုင္းမႈခင္းအကူဌာနစု၊ ခရိုင္မႈခင္းႏွိမ္နင္းေရးဌာနစိတ္ႏွင့္ စက္မႈနယ္ေျမရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားသည္ သဲလြန္စတစ္ခုျဖစ္ေသာ သိမ္းဆည္းရမိသည့္ သက္ေသခံ ယာဥ္ေပၚရွိ စာရြက္ပိုင္းေလးျဖင့္ေရးထားေသာ ဖုန္းနံပါတ္မွတဆင့္ ခက္ခက္ခဲခဲ စုံစမ္းေဖာ္ထုတ္နိုင္ခဲ့ျခင္းျဖစ္ၿပီး အမႈအား ဉပေဒႏွင့္ တရားစြဲတင္ပို႔နိုင္ေရး ေဆာင္ရြက္လ်က္ရွိေၾကာင္း မႏၲေလးတိုင္းေဒသႀကီး ရဲတပ္ဖြဲ႕၏ သတင္းထုတ္ျပန္ထားသည္။
#PeopleMedia #UAB #မႏၲေလးတိုင္းေဒသႀကီးရဲတပ္ဖြဲ႕
(unicode)
UAB ဘဏ် လုယက်မှုဖြစ်စဉ် မှ သက်သေခံပစ္စည်းများ နှင့် ငွေကျပ်သိန်း (၁၉၉)သိန်း ဖော်ထုတ်သိမ်းဆည်းရမိသည့် ဖြစ်စဉ်အပေါ် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်
………………………………………………..
မန္တလေးမြို့၊ အောက်တိုဘာ -၂၂
၂၂-၁၀-၂၀၂၀ ရက်နေ့ ၁၁၃၀ အချိန် မန္တလေးမြို့၊ ပြည်ကြီးမြို့နယ်၊ UAB ဘဏ်မှ ငွေ သိန်း ၂၀၀ လုယက်မှုဖြစ်စဉ် မှ တရားခံ အောင်ကျော်ထွန်း(သေဆုံး)၏ ဇနီးဖြစ်သူ မသန္တာမြင့်အား တိုင်းမှုခင်းအကူဌာနစုမှ ဒုရဲမှူး သက်နိုင်ထွန်း၊ ရဲအုပ် ရဲလင်းထိုက်၊ ဒုရဲအုပ် အောင်ကျော်မင်း၊ စက်မှုနယ်မြေရဲစခနိးမှ နယ်ထိန်း ဒုရဲအုပ် ပြည့်ဖြိုးသူ တို့မှ ပူပေါင်းစစ်ဆေးခဲ့ရာ ညနေ ၄ နာရီအချိန်တွင် မသန္တာမြင့်မှ ၄င်းနေအိမ်တွင် ထားရှိသော ဂက်ဓ် မီးဖိုထည့်သည့် ကော်ဗူးမှာ ထားနေကျနေရာတွင်မရှိဘဲ ပျောက်ဆုံးနေသဖြင့် မသင်္ကာကြောင်း ထွက်ဆိုသဖြင့် သက်သေများနှင့်အတူ ၎င်းနေအိမ်တွင် လိုက်လံရှာဖွေခဲ့ပါသည်။
ညနေ ၄ နာရီခွဲအချိန် မီးဖိုခန်း ထမင်း/ဟင်းချက်သည့် စင်အောက်ရှိ မြေကြီးပေါ်တွင် အဆိုပါ ဂက်စ်မီးဖိုထည့်သည့် ကော်ဗူးအားတွေ့ရှိခဲ့ပြီး ကော်ဗူးအတွင်း ရှာဖွေရာ ဘောစေ့ထည့်ပစ်ရသော သေနတ် ၁ လက်၊ လက်ထိပ် ၁ ခု၊ ကျင်စက်(အသုံးပြု၍ရ)၊ သေနတ်တွင်ထည့်ပစ်ရသော ဂက်စ်ဗူးအသေး ၂ ခု တို့အားတွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။
ပူးပေါင်းအဖွဲ့သည် ဆက်လက်၍ မသန္တာမြင့်အား စစ်ဆေးခဲ့ရာ ၎င်းပိုင် မိန်းမကိုင် ပိုက်ဆံအိတ် ၁ လုံးမှာလည်း ပျောက်နေကြောင်း ထပ်မံထွက်ဆိုသဖြင့် သက်သေများနှင့်အတူ နေအိမ်အား အသေးစိတ်ရှာဖွေခဲ့ရာ ညနေ ၅ နာရီ ၂၀ အချိန် မသန္တာမြင့်၏ မိဘနှင့် အဘိုး အဘွားအိပ်ခန်းနှင့် မီးဖိုချောင်အဝင်ထောင့်ရှိ သစ်သားသေတ္တာ တစ်ခုအတွင်းမှ အနွေးထည်များနှင့်အုပ်လျက် ပိုက်ဆံအိတ်အား တွေ့ရှိခဲ့ပြီး အဆိုပါအိတ်အား ဖွင့်၍ရှာဖွေရာ တစ်သောင်းကျပ် (၁၀၀)ရွက်ပါ အထုတ် (၁၉)ထုတ် (၁၉၀ သိန်းကျပ်)၊ တစ်သောင်းတန် (၉၀)ရွက်ပါ (၁)ထုတ်(၉ သိန်းကျပ်)၊ စုစုပေါင်း ၁၉၉ သိန်းအား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။
မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ တိုင်းမှုခင်းအကူဌာနစု၊ ခရိုင်မှုခင်းနှိမ်နင်းရေးဌာနစိတ်နှင့် စက်မှုနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သဲလွန်စတစ်ခုဖြစ်သော သိမ်းဆည်းရမိသည့် သက်သေခံ ယာဉ်ပေါ်ရှိ စာရွက်ပိုင်းလေးဖြင့်ရေးထားသော ဖုန်းနံပါတ်မှတဆင့် ခက်ခက်ခဲခဲ စုံစမ်းဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ပြီး အမှုအား ဉပဒေနှင့် တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ထားသည်။
#PeopleMedia #UAB #မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့


Share this post