• Follow Us on

Home USDP အား မဲပေးရန် တပ်တွင်းဖိအားပေးခံရကြောင်း ပြောဆိုခဲ့သည့် အမျိုးသမီး ထောင် ၉ လ ချမှတ်ခံရ


Share this post


ပြည်ခိုင်ဖြိုးပါတီကို မဲပေးရန် တပ်အတွင်း ဖိအားပေးခံနေရကြောင်း လူမူကွန်ယက်စာမျက်နှာတွင် ရေးသား ပြောဆိုခဲ့သည့် မသဉ္ဇာသန်းမင်းကို ယနေ့ ပခုက္ကူမြို့နယ်တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၉) လ ချမှတ်လိုက်သည်။

“ဒီနေ့ ကိုးကြိမ်မြောက်ရုံးချိန်းမှာ ထောင်ကိုးလ ချမှတ်လိုက်တာတော့ ဟုတ်ပါတယ်” ဟု မသဉ္ဇာသန်းမင်းကို လိုက်လံကူညီဆောင်ရွက်သူတစ်ဦးက ပြောသည်။

လူမူကွန်ယက်တွင် ရေးသားမှုကြောင့် မသဉ္ဇာသန်းမင်းကို တပ်မတော်အပေါ် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က)၊ ဆက်သွယ်ရေးဥပဒေ ၆၆ (ဃ) တို့ဖြင့် တပ်မတော်မှ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် အမှုဖွင့်ထားခြင်းကို ယနေ့ ကိုးကြိမ်မြောက်ရုံးချိန်းတွင် အမိန့်ချမှတ်ခြင်းဖြစ်သည်။

မသဉ္ဇာသန်းမင်းသည် ဖခင်ဖြစ်သူမှာ ပခုက္ကူမြို့နယ် အမှတ် ၂၃၅ ခြေလျင်တပ်ရင်း၌ လက်ထောက်အရာခံဗိုလ် အဖြစ်တာဝန်ထမ်းဆောင်နေသူတစ်ဦးလည်းဖြစ်သည်။

Photo – Credit

#PeopleMedia #ပခုက္ကူ

(unicode)
USDP အား မဲပေးရန် တပ်တွင်းဖိအားပေးခံရကြောင်း ပြောဆိုခဲ့သည့် အမျိုးသမီး ထောင် ၉ လ ချမှတ်ခံရ
…………………………………………………..

ရန်ကုန်၊ ဒီဇင်ဘာ ၄ (People Media)

ပြည်ခိုင်ဖြိုးပါတီကို မဲပေးရန် တပ်အတွင်း ဖိအားပေးခံနေရကြောင်း လူမူကွန်ယက်စာမျက်နှာတွင် ရေးသား ပြောဆိုခဲ့သည့် မသဥ္ဇာသန်းမင်းကို ယနေ့ ပခုက္ကူမြို့နယ်တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၉) လ ချမှတ်လိုက်သည်။

“ဒီနေ့ ကိုးကြိမ်မြောက်ရုံးချိန်းမှာ ထောင်ကိုးလ ချမှတ်လိုက်တာတော့ ဟုတ်ပါတယ်” ဟု မသဥ္ဇာသန်းမင်းကို လိုက်လံကူညီဆောင်ရွက်သူတစ်ဦးက ပြောသည်။

လူမူကွန်ယက်တွင် ရေးသားမှုကြောင့် မသဥ္ဇာသန်းမင်းကို တပ်မတော်အပေါ် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က)၊ ဆက်သွယ်ရေးဥပဒေ ၆၆ (ဃ) တို့ဖြင့် တပ်မတော်မှ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် အမှုဖွင့်ထားခြင်းကို ယနေ့ ကိုးကြိမ်မြောက်ရုံးချိန်းတွင် အမိန့်ချမှတ်ခြင်းဖြစ်သည်။

မသဥ္ဇာသန်းမင်းသည် ဖခင်ဖြစ်သူမှာ ပခုက္ကူမြို့နယ် အမှတ် ၂၃၅ ခြေလျင်တပ်ရင်း၌ လက်ထောက်အရာခံဗိုလ် အဖြစ်တာဝန်ထမ်းဆောင်နေသူတစ်ဦးလည်းဖြစ်သည်။

Photo – Credit

#PeopleMedia #ပခုက္ကူ


Share this post