• Follow Us on

Home တ႐ုတ္ႏိုင္ငံက ဒီမိုကေရစီႏွင့္ လြတ္လပ္မႈအေပၚ အႀကီးဆံုးၿခိမ္းေျခာက္ေနဟု အေမရိကန္ေထာက္လွမ္းေရး အႀကီးအကဲေျပာ

တ႐ုတ္ႏိုင္ငံက ဒီမိုကေရစီႏွင့္ လြတ္လပ္မႈအေပၚ အႀကီးဆံုးၿခိမ္းေျခာက္ေနဟု အေမရိကန္ေထာက္လွမ္းေရး အႀကီးအကဲေျပာ

Share this post

ဝါ႐ွင္တန္၊ ဒီဇင္ဘာ ၄ (PeopleMedia)

တ႐ုတ္ႏိုင္ငံသည္ ဒုတိယကမာၻစစ္ေနာက္ပိုင္း ဒီမိုကေရစီႏွင့္ လြတ္လပ္မႈအတြက္ အႀကီးဆံုးၿခိမ္းေျခာက္မႈ ျဖစ္ေၾကာင္း အေမရိကန္ထိပ္တန္းေထာက္လွမ္းေရးအႀကီးအကဲကေျပာသည္။

အေမရိကန္၏လွ်ိဳ႕၀ွက္ခ်က္မ်ားကိုခိုးယူၿပီး ေစ်းကြက္အတြင္းမွအေမရိကန္လုပ္ငန္းမ်ားကို အစားထိုးျခင္း အားျဖင့္ တ႐ုတ္ႏိုင္ငံ၏အင္အားႀကီးမားလာသည္ဟု အေမရိကန္အမ်ိဳးသားေထာက္လွမ္းေရးၫႊန္ၾကားေရးမွဴး ဒန္နီရယ္ ရတ္ကလစ္ဖ္က ေဝါစထရိဂ်ာနယ္တြင္ေရးသားသည္။

အေမရိကန္ကို ထိပ္တိုက္ရင္ဆိုင္ရန္ တ႐ုတ္ႏိုင္ငံကျပင္ဆင္ေနၿပီး ကမာၻကို စီးပြားေရး၊ စစ္ေရးႏွင့္ နည္းပညာ အရ ႀကီးစိုးရန္ ရည္မွန္းေနေၾကာင္း မစၥတာ ရတ္ကလစ္ကသတိေပးသည္။

ရတ္ကလစ္၏မွတ္ခ်က္မ်ားသည္ ယခင္က ႏိုင္ငံျခာေရး၀န္ႀကီး မိုက္ ပြန္ပီယို ႏွင့္ အက္ဖ္ဘီအိုင္အႀကီးအကဲ ခရစၥတိုဖာ ၀ေရး တို႔၏မွတ္ခ်က္မ်ားႏွင့္ ဆင္တူသည္။

အေမရိကန္သည္ တ႐ုတ္ႏိုင္ငံကိုဆန္႔က်င္သည့္ ႏိုင္ငံေရးစည္း႐ံုးလႈံ႕ေဆာ္မႈမ်ားအႀကီးအက်ယ္စတင္ေန သည္ဟု တ႐ုတ္ႏိုင္ငံျခားေရး၀န္ႀကီးဌာနေျပာခြင့္ရသူ ဟြာခၽြန္းယြင္က ဗုဒၶဟူးေန႔အေစာပိုင္းတြင္စြပ္စြဲသည္။

အေမရိကန္၏မိတ္ဖက္ျဖစ္ေသာၾသစေၾတးလ်ႏိုင္ငံမွ တင္သြင္းသည့္ဝိုင္ကို တ႐ုတ္ႏိုင္ငံက စည္းၾကပ္ခြန္မ်ား ထပ္တိုးေကာက္ခံေနသျဖင့္ ႏွစ္ႏိုင္ငံဆက္ဆံေရးမ်ားတင္းမာေနခ်ိန္တြင္ ယခုမွတ္ခ်က္မ်ားျပဳေနျခင္းျဖစ္သည္။

Ref : China is greatest threat to freedom – US intelligence chief

#PeopleMedia

(unicode)
တရုတ်နိုင်ငံက ဒီမိုကရေစီနှင့် လွတ်လပ်မှုအပေါ် အကြီးဆုံးခြိမ်းခြောက်နေဟု အမေရိကန်ထောက်လှမ်းရေး အကြီးအကဲပြော
…………………………………………………………………

ဝါရှင်တန်၊ ဒီဇင်ဘာ ၄ (PeopleMedia)

တရုတ်နိုင်ငံသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဒီမိုကရေစီနှင့် လွတ်လပ်မှုအတွက် အကြီးဆုံးခြိမ်းခြောက်မှု ဖြစ်ကြောင်း အမေရိကန်ထိပ်တန်းထောက်လှမ်းရေးအကြီးအကဲကပြောသည်။

အမေရိကန်၏လျှို့ဝှက်ချက်များကိုခိုးယူပြီး စျေးကွက်အတွင်းမှအမေရိကန်လုပ်ငန်းများကို အစားထိုးခြင်း အားဖြင့် တရုတ်နိုင်ငံ၏အင်အားကြီးမားလာသည်ဟု အမေရိကန်အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူး ဒန်နီရယ် ရတ်ကလစ်ဖ်က ဝေါစထရိဂျာနယ်တွင်ရေးသားသည်။

အမေရိကန်ကို ထိပ်တိုက်ရင်ဆိုင်ရန် တရုတ်နိုင်ငံကပြင်ဆင်နေပြီး ကမ္ဘာကို စီးပွားရေး၊ စစ်ရေးနှင့် နည်းပညာ အရ ကြီးစိုးရန် ရည်မှန်းနေကြောင်း မစ္စတာ ရတ်ကလစ်ကသတိပေးသည်။

ရတ်ကလစ်၏မှတ်ချက်များသည် ယခင်က နိုင်ငံခြာရေးဝန်ကြီး မိုက် ပွန်ပီယို နှင့် အက်ဖ်ဘီအိုင်အကြီးအကဲ ခရစ္စတိုဖာ ဝရေး တို့၏မှတ်ချက်များနှင့် ဆင်တူသည်။

အမေရိကန်သည် တရုတ်နိုင်ငံကိုဆန့်ကျင်သည့် နိုင်ငံရေးစည်းရုံးလှုံ့ဆော်မှုများအကြီးအကျယ်စတင်နေ သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ ဟွာချွန်းယွင်က ဗုဒ္ဓဟူးနေ့အစောပိုင်းတွင်စွပ်စွဲသည်။

အမေရိကန်၏မိတ်ဖက်ဖြစ်သောသြစတြေးလျနိုင်ငံမှ တင်သွင်းသည့်ဝိုင်ကို တရုတ်နိုင်ငံက စည်းကြပ်ခွန်များ ထပ်တိုးကောက်ခံနေသဖြင့် နှစ်နိုင်ငံဆက်ဆံရေးများတင်းမာနေချိန်တွင် ယခုမှတ်ချက်များပြုနေခြင်းဖြစ်သည်။

Ref : China is greatest threat to freedom – US intelligence chief

#PeopleMedia


Share this post