• Follow Us on

Home ကခ်င္ျပည္နယ္အတြင္းေရြးေကာက္ပြဲ ကာလ တာဝန္ထမ္းေဆာင္မည့္ အထူးရဲတပ္ဖြဲ႕ဝင္ တစ္ဦးလွ်င္ တစ္လ ေငြက်ပ္ ၁၉၀၀၀၀ ေက်ာ္ေထာက္ပံ့မည္

ကခ်င္ျပည္နယ္အတြင္းေရြးေကာက္ပြဲ ကာလ တာဝန္ထမ္းေဆာင္မည့္ အထူးရဲတပ္ဖြဲ႕ဝင္ တစ္ဦးလွ်င္ တစ္လ ေငြက်ပ္ ၁၉၀၀၀၀ ေက်ာ္ေထာက္ပံ့မည္

Share this post

ျမစ္ႀကီးနား၊ ၾသဂုတ္ ၂၆

၂၀၂၀ အေထြေထြေရြးေကာက္ပြဲကာလအတြင္း ကခ်င္ျပည္နယ္အတြင္း၌ လုံၿခဳံေရး တာဝန္ထမ္းေဆာင္မည့္ အထူးရဲတပ္ဖြဲ႕ဝင္ တစ္ဦးလွ်င္ တစ္လ ေငြက်ပ္ (၁၉၈၀၀၀) ႏႈန္းျဖင့္ ေထာက္ပံ့သြားမည္ျဖစ္ ေၾကာင္း ကခ်င္ျပည္နယ္ရဲတပ္ဖြဲ႕မွဴး႐ုံးမွ သိရသည္။

လက္ရွိတြင္အထူးရဲတပ္ဖြဲ႕ဝင္ အင္အားစုေဆာင္း ျခင္းလုပ္ငန္းမ်ားေဆာင္ရြက္ေနၿပီျဖစ္ၿပီး အထူးရဲတပ္ဖြဲ႕ဝင္ (၈၉၀)ဦး၊ အရန္(၄၇)ဦးထားရွိသြားမည္ ျဖစ္ၿပီး တစ္ဦးလွ်င္ တစ္လ က်ပ္ (၁၉၈၀၀၀)ေထာက္ ပံ့သြားမည္ ျဖစ္ေၾကာင္း ကခ်င္ျပည္နယ္ ရဲတပ္ဖြဲ႕ မွဴး႐ုံးမွ ဒုရဲမွဴးႀကီး ေက်ာ္ဇင္က ဆိုသည္။

”တစ္ဦးကို လစာႏႈန္းထား တစ္လေငြက်ပ္ တစ္သိန္းေလးေသာင္းေလးေထာင္ က်ပ္ေထာက္ပံ့မယ္၊ ဒါ႔အျပင္ စားစရိတ္ကိကၡာက တစ္ရက္ကို တစ္ေထာင့္ရွစ္ရာ က်ပ္ေထာက္ပံ့မယ္” ဟု ဒုရဲမွဴးႀကီး ေက်ာ္ဇင္ကေျပာသည္။

ခန္႔အပ္မည့္ အထူးရဲတပ္ဖြဲ႕ဝင္မ်ားကို မဲ႐ုံတစ္႐ုံတြင္ အထူးရဲတစ္ဦးႏႈန္းျဖင့္ လုံၿခဳံေရးေပးသြားမည္ျဖစ္ၿပီး အထူးရဲသင္တန္းကို ေအာက္တိုဘာလ တစ္ရက္ေန႔မွ (၃၁) ရက္ေန႔အထိ တစ္လၾကာ ခ႐ိုင္ အလိုက္ သင္တန္းပို႔ခ်ေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။

၂၀၂၀ အေထြေထြေရြးေကာက္ပြဲတြင္ ကခ်င္ျပည္နယ္အတြင္း၌ ႏိုင္ငံေရးပါတီေပါင္း (၁၉)ပါတီခန္႔ဝင္ေရာက္ ယွဥ္ၿပိဳင္သြားမည္ ျဖစ္ၿပီး မဲ႐ုံေပါင္း (၈၉၀)႐ုံအထိ ထားရွိမည္ျဖစ္ရာ ၂၀၁၅ ေရြးေကာက္ပြဲထက္ မဲ႐ုံ (၇၁)႐ုံ တိုးခ်ဲ႕ထားေၾကာင္း သိရသည္။

ကခ်င္ျပည္နယ္တြင္ ၂၀၁၅ ေရြးေကာက္ပြဲ အတြက္ အထူးရဲတပ္ဖြဲ႕ (၈၁၉)ဦးခန္႔အပ္ခဲ့ၿပီး၊ တစ္ဦးလွ်င္ လစာ(၁၂၀၀၀၀)က်ပ္၊ရိကၡာ (၃၀၀၀၀)က်ပ္ စုစုေပါင္း (၁၅၀၀၀၀)က်ပ္ ေထာက္ပံ့ခဲ့ေၾကာင္း သိရသည္။

Photo – yangon police

လြမ္းေအာင္

#PeopleMedia #2020election #ျမစ္ႀကီးနား #အထူးရဲ

(unicode)
ကချင်ပြည်နယ်အတွင်းရွေးကောက်ပွဲ ကာလ တာဝန်ထမ်းဆောင်မည့် အထူးရဲတပ်ဖွဲ့ဝင် တစ်ဦးလျှင် တစ်လ ငွေကျပ် ၁၉၀၀၀၀ ကျော်ထောက်ပံ့မည်
……………………………………………………

မြစ်ကြီးနား၊ ဩဂုတ် ၂၆

၂၀၂၀ အထွေထွေရွေးကောက်ပွဲကာလအတွင်း ကချင်ပြည်နယ်အတွင်း၌ လုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲတပ်ဖွဲ့ဝင် တစ်ဦးလျှင် တစ်လ ငွေကျပ် (၁၉၈၀၀၀) နှုန်းဖြင့် ထောက်ပံ့သွားမည်ဖြစ် ကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

လက်ရှိတွင်အထူးရဲတပ်ဖွဲ့ဝင် အင်အားစုဆောင်း ခြင်းလုပ်ငန်းများဆောင်ရွက်နေပြီဖြစ်ပြီး အထူးရဲတပ်ဖွဲ့ဝင် (၈၉၀)ဦး၊ အရန်(၄၇)ဦးထားရှိသွားမည် ဖြစ်ပြီး တစ်ဦးလျှင် တစ်လ ကျပ် (၁၉၈၀၀၀)ထောက် ပံ့သွားမည် ဖြစ်ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့ မှူးရုံးမှ ဒုရဲမှူးကြီး ကျော်ဇင်က ဆိုသည်။

”တစ်ဦးကို လစာနှုန်းထား တစ်လငွေကျပ် တစ်သိန်းလေးသောင်းလေးထောင် ကျပ်ထောက်ပံ့မယ်၊ ဒါ့အပြင် စားစရိတ်ကိက္ခာက တစ်ရက်ကို တစ်ထောင့်ရှစ်ရာ ကျပ်ထောက်ပံ့မယ်” ဟု ဒုရဲမှူးကြီး ကျော်ဇင်ကပြောသည်။

ခန့်အပ်မည့် အထူးရဲတပ်ဖွဲ့ဝင်များကို မဲရုံတစ်ရုံတွင် အထူးရဲတစ်ဦးနှုန်းဖြင့် လုံခြုံရေးပေးသွားမည်ဖြစ်ပြီး အထူးရဲသင်တန်းကို အောက်တိုဘာလ တစ်ရက်နေ့မှ (၃၁) ရက်နေ့အထိ တစ်လကြာ ခရိုင် အလိုက် သင်တန်းပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်အတွင်း၌ နိုင်ငံရေးပါတီပေါင်း (၁၉)ပါတီခန့်ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ပြီး မဲရုံပေါင်း (၈၉၀)ရုံအထိ ထားရှိမည်ဖြစ်ရာ ၂၀၁၅ ရွေးကောက်ပွဲထက် မဲရုံ (၇၁)ရုံ တိုးချဲ့ထားကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် ၂၀၁၅ ရွေးကောက်ပွဲ အတွက် အထူးရဲတပ်ဖွဲ့ (၈၁၉)ဦးခန့်အပ်ခဲ့ပြီး၊ တစ်ဦးလျှင် လစာ(၁၂၀၀၀၀)ကျပ်၊ရိက္ခာ (၃၀၀၀၀)ကျပ် စုစုပေါင်း (၁၅၀၀၀၀)ကျပ် ထောက်ပံ့ခဲ့ကြောင်း သိရသည်။

Photo – yangon police

လွမ်းအောင်

#PeopleMedia #2020election #မြစ်ကြီးနား #အထူးရဲ


Share this post