• Follow Us on

Home မိုးေကာင္းၿမိဳ႕၌ Masks မတပ္ဘဲ သြားလာပါက ဒဏ္ေငြ ျပန္တပ္႐ိုက္မည့္ အစီအစဉ္ စတင္

မိုးေကာင္းၿမိဳ႕၌ Masks မတပ္ဘဲ သြားလာပါက ဒဏ္ေငြ ျပန္တပ္႐ိုက္မည့္ အစီအစဉ္ စတင္

Share this post

မိုးေကာင္း၊ ဩဂုတ္ ၂၅

ရခိုင္ျပည္နယ္၌ ျပန္လည္ျဖစ္ပြားလာေသာ ျပည္တြင္းကူးစက္မႈ COVID-19 ေရာဂါ မိုးေကာင္းၿမိဳ႕နယ္အတြင္း မကူးစက္လာ ေစေရး အတြက္ယေန႔နံနက္က Masks Campaign ျပဳလုပ္ေၾကာင္းသိရသည္

ကခ်င္ျပည္နယ္ မိုးေကာင္းၿမိဳ႕တြင္ ဩဂုတ္ (၂၅)ရက္ နံနက္(၇)နာရီခြဲအခ်ိန္က ၿမိဳ႕နယ္ (COVID-19) ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုံ႔ျပန္ေရးေကာ္မတီ ဥကၠ႒ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးရန္ႏိုင္ထြန္းဦးစီးေသာ ဌာနဆိုင္ရာ ေပါင္းစုံပါဝင္သည့္အဖြဲ႕မွ ေဈးကုန္းရပ္ရွိ မီးပြိဳင့္လမ္းဆုံႏွင့္မိုးေကာင္းတံတားထိပ္တို႔တြင္ လမ္းသြားလမ္းလာျပည္သူမ်ားအား ရခိုင္ျပည္နယ္၌ အျဖစ္မ်ားလာေသာ တစ္ေက်ာ့ျပန္ ျပည္တြင္းကူးစက္မႈ COVID-19 ေရာဂါ မကူးစက္လာေစေရး အသိေပးႏႈိးေဆာ္သည့္အေနျဖင့္ အမ်ားျပည္သူမ်ားအား Masks (၁၀၅၀) ေဝငွခဲ့သည္။

“ျပည္သူေတြအေနနဲ႔ ကိုဗစ္-၁၉ ေရာဂါနဲ႔ ပတ္သက္ၿပီးေပါ႔ေပါ႔ဆဆနဲ႔ Masks တပ္ဆင္မႈ ေလ်ာ့ပါးလာတဲ့အတြက္ ခုလို Masks Camping အသိေပးႏႈိးေဆာ္တာ ကေန႔နဲ႔မနက္ျဖန္ ႏွစ္ရက္ျပဳလုပ္ၿပီးရင္ေတာ့ အရင္ကလို Masksတပ္တဲ့အေလ့အထ ရွိလာေအာင္ ဒဏ္ေငြတပ္ Masks ျပန္ေပးအစီအစဉ္ကိုျပန္လည္လုပ္ေဆာင္မွာျဖစ္ပါတယ္”လို႔ ၿမိဳ႕နယ္ (COVID-19) ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုံ႔ျပန္ေရးေကာ္မတီဥကၠ၍ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးရန္ႏိုင္ထြန္းမွဆိုသည္။

COVID-19 ဗီဇသစ္ G 614 သည္ ကူးစက္မႈ ျမန္ဆန္ၿပီး အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္)မွ ထုတ္ျပန္ခ်က္အရ ဩဂုတ္ (၂၅)ရက္ နံနက္ (၈:၀၀) နာရီအထိ ျမန္မာႏိုင္ငံတြင္ COVID-19 ေရာဂါဓာတ္ခြဲ အတည္ျပဳ လူနာ (၄၇၄)ဦး ရွိၿပီျဖစ္ေၾကာင္း သိရသည္။

ခ်ိဳေမာင္

#PeopleMedia #မိုးေကာင္း

(unicode)
မိုးကောင်းမြို့၌ Masks မတပ်ဘဲ သွားလာပါက ဒဏ်ငွေ ပြန်တပ်ရိုက်မည့် အစီအစဉ် စတင်
…………………………………………………

မိုးကောင်း၊ ဩဂုတ် ၂၅

ရခိုင်ပြည်နယ်၌ ပြန်လည်ဖြစ်ပွားလာသော ပြည်တွင်းကူးစက်မှု COVID-19 ရောဂါ မိုးကောင်းမြို့နယ်အတွင်း မကူးစက်လာ စေရေး အတွက်ယနေ့နံနက်က Masks Campaign ပြုလုပ်ကြောင်းသိရသည်

ကချင်ပြည်နယ် မိုးကောင်းမြို့တွင် ဩဂုတ် (၂၅)ရက် နံနက်(ရ)နာရီခွဲအချိန်က မြို့နယ် (COVID-19) ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းဦးစီးသော ဌာနဆိုင်ရာ ပေါင်းစုံပါဝင်သည့်အဖွဲ့မှ ဈေးကုန်းရပ်ရှိ မီးပွိုင့်လမ်းဆုံနှင့်မိုးကောင်းတံတားထိပ်တို့တွင် လမ်းသွားလမ်းလာပြည်သူများအား ရခိုင်ပြည်နယ်၌ အဖြစ်များလာသော တစ်ကျော့ပြန် ပြည်တွင်းကူးစက်မှု COVID-19 ရောဂါ မကူးစက်လာစေရေး အသိပေးနှိုးဆော်သည့်အနေဖြင့် အများပြည်သူများအား Masks (၁၀၅၀) ဝေငှခဲ့သည်။

“ပြည်သူတွေအနေနဲ့ ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်ပြီးပေါ့ပေါ့ဆဆနဲ့ Masks တပ်ဆင်မှု လျော့ပါးလာတဲ့အတွက် ခုလို Masks Camping အသိပေးနှိုးဆော်တာ ကနေ့နဲ့မနက်ဖြန် နှစ်ရက်ပြုလုပ်ပြီးရင်တော့ အရင်ကလို Masksတပ်တဲ့အလေ့အထ ရှိလာအောင် ဒဏ်ငွေတပ် Masks ပြန်ပေးအစီအစဉ်ကိုပြန်လည်လုပ်ဆောင်မှာဖြစ်ပါတယ်”လို့ မြို့နယ် (COVID-19) ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္က၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းမှဆိုသည်။

COVID-19 ဗီဇသစ် G 614 သည် ကူးစက်မှု မြန်ဆန်ပြီး အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)မှ ထုတ်ပြန်ချက်အရ ဩဂုတ် (၂၅)ရက် နံနက် (၈:၀၀) နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြု လူနာ (၄၇၄)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ချိုမောင်

#PeopleMedia #မိုးကောင်း


Share this post