• Follow Us on

Home ကနဦးယာဥ္မွတ္ပံုတင္ ၀န္ေဆာင္မႈလုပ္ငန္းမ်ား ေမလ ၁၁ ရက္တြင္ ျပန္လည္စတင္မည္

ကနဦးယာဥ္မွတ္ပံုတင္ ၀န္ေဆာင္မႈလုပ္ငန္းမ်ား ေမလ ၁၁ ရက္တြင္ ျပန္လည္စတင္မည္

Share this post

ရန္ကုန္၊ ေမ – ၉

ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈဦးစီးဌာန၏ ကနဦးယာဥ္မွတ္ပံုတင္ ၀န္ေဆာင္မႈလုပ္ငန္းမ်ား ေမလ ၁၁ ရက္ တြင္ ျပန္လည္စတင္မည္ျဖစ္ေၾကာင္း ၎ဦးစီးဌာနမွ ထုတ္ျပန္ထားသည္။

အဆိုပါဌာနသည္ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး၀န္ႀကီးဌာန၏ ခြင့္ျပဳခ်က္ႏွင့္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရ အဖြဲ႕၏ သေဘာတူညီခ်က္အရ ရန္ကုန္တိုင္းရွိ (ေထာက္ၾကန္႔၊ ရြာသာႀကီး)႐ံုးႏွင့္ (ေနျပည္ေတာ္၊ မႏၲေလး) ႐ံုးမ်ား၏ ကနဦးယာဥ္မွတ္ပံုတင္၀န္ေဆာင္မႈလုပ္ငန္းမ်ားကို ယခုလ ၁၁ ရက္ေန႔မွ စတင္၍ ျပန္လည္လက္ခံ ေဆာင္ရြက္ေပးမည္ျဖစ္ေၾကာင္းလည္းပါရွိသည္။

ဆက္လက္ၿပီး ေမာ္ေတာ္ယာဥ္မ်ား မွတ္ပံုတင္ရာတြင္ ေပးေဆာင္ရမည့္ ယာဥ္ထုတ္ရက္လြန္ဒဏ္ေၾကးအား ၀န္ေဆာင္မႈရပ္ဆိုင္းထားသည့္ကာလအား ေရတြက္ျခင္းမျပဳဘဲ ေလွ်ာ့ေပါ့ေဆာင္ရြက္ေပးမည္ျဖစ္သည္။

အလားတူပင္ ၾသဂုတ္ ၃၀ ရက္ေန႔ေနာက္ပိုင္းမွ လာေရာက္ေဆာင္ရြက္သည့္ ကနဦးမွတ္ပံုတင္ယာဥ္မ်ားမွာ ယာဥ္ထုတ္ရက္လြန္ ဒဏ္ေၾကးေငြ ေလွ်ာ့ေပါ့ခြင့္ရမည္မဟုတ္ဘဲ မူလသတ္မွတ္ခ်က္မ်ားအတိုင္း ဒဏ္ေၾကးမ်ား ေပးေဆာင္ရမည္ျဖစ္ေၾကာင္း ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာနမွ ထုတ္ျပန္ထားသည္။

Photo – Credit

#PeopleMedia

(Unicode)
ကနဦးယာဉ်မှတ်ပုံတင် ဝန်ဆောင်မှုလုပ်ငန်းများ မေလ ၁၁ ရက်တွင် ပြန်လည်စတင်မည်
………………………………………………………

ရန်ကုန်၊ မေ – ၉

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ကနဦးယာဉ်မှတ်ပုံတင် ဝန်ဆောင်မှုလုပ်ငန်းများ မေလ ၁၁ ရက် တွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း ၎င်းဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

အဆိုပါဌာနသည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ သဘောတူညီချက်အရ ရန်ကုန်တိုင်းရှိ (ထောက်ကြန့်၊ ရွာသာကြီး)ရုံးနှင့် (နေပြည်တော်၊ မန္တလေး) ရုံးများ၏ ကနဦးယာဉ်မှတ်ပုံတင်ဝန်ဆောင်မှုလုပ်ငန်းများကို ယခုလ ၁၁ ရက်နေ့မှ စတင်၍ ပြန်လည်လက်ခံ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းလည်းပါရှိသည်။

ဆက်လက်ပြီး မော်တော်ယာဉ်များ မှတ်ပုံတင်ရာတွင် ပေးဆောင်ရမည့် ယာဉ်ထုတ်ရက်လွန်ဒဏ်ကြေးအား ဝန်ဆောင်မှုရပ်ဆိုင်းထားသည့်ကာလအား ရေတွက်ခြင်းမပြုဘဲ လျှော့ပေါ့ဆောင်ရွက်ပေးမည်ဖြစ်သည်။

အလားတူပင် ဩဂုတ် ၃၀ ရက်နေ့နောက်ပိုင်းမှ လာရောက်ဆောင်ရွက်သည့် ကနဦးမှတ်ပုံတင်ယာဉ်များမှာ ယာဉ်ထုတ်ရက်လွန် ဒဏ်ကြေးငွေ လျှော့ပေါ့ခွင့်ရမည်မဟုတ်ဘဲ မူလသတ်မှတ်ချက်များအတိုင်း ဒဏ်ကြေးများ ပေးဆောင်ရမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

Photo – Credit

#PeopleMedia


Share this post