• Follow Us on

Home ကမာရွတ်မြို့နယ် လှည်းတန်း၌ ဒလန်ဟု စွပ်စွဲခံရသူ ဦးသာစန်း သေနတ်ဖြင့် သုံးချက်အပစ်ခံရ

ကမာရွတ်မြို့နယ် လှည်းတန်း၌ ဒလန်ဟု စွပ်စွဲခံရသူ ဦးသာစန်း သေနတ်ဖြင့် သုံးချက်အပစ်ခံရ

Share this post

ရန်ကုန်၊ စက်တင်ဘာ ၁၈ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ၃ ရပ်ကွက်၊ လှည်းတန်းလမ်းမရှိ King လက်ဖက်ရည်ဆိုင်ဘေးတွင် ဒီကနေ့ နံနက်ပိုင်းက ဒလန်ဟု စွပ်စွဲခံရသူ ဦးသာစန်း(ပရဟိတလုပ်ငန်းဆောင်ရွက်သူ)သည် သေနတ်ဖြင့် သုံးချက် အပစ်ခံရလိုက်တယ်လို့ လှည်းတန်းအနီး နေထိုင်သူတွေထံက သိရပါတယ်။

 

“လှည်းတန်းမှာ သူကို လူတိုင်းသိတယ်။ လက်တစ်ဖက် မရှိဘူး။ ဒီကနေ့ မနက်ကမှ king လက်ဖက်ရည်ဆိုင် ဘေးက ဈေးလမ်းထိပ်မှာ သေနတ်နဲ့ အပစ်ခံရတာ။ မသေဘူးလို့ ကြားတယ်” လို့ လှည်းတန်းအနီးနေထိုင်သူ တစ်ဦးက ပြောပါတယ်။

 

အမည်မသိ လူတစ်စုက သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဦးသာစန်းမှာ ယာဘက်ဝမ်းဗိုက်မှာ ဖောက်ဝင် ဒဏ်ရာအပါအဝင် ဒဏ်ရာတစ်ချို့ရရှိခဲ့ပြီး၊ ဆေးရုံကို ပို့ဆောင်လိုက်ရတယ်လို့  သိရပါတယ်။

 

အထက်ပါ ဖြစ်ပွားမှုအပြီး သိပ်မကြာခင်မှာဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး၊ King လက်ဖက်ရည် ဆိုင်မှ တာဝန်ရှိသူတွေနဲ့ အနီးရှိသူများကို စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

 

#PeopleMedia #ဒလန်

 

(unicode)


……………………………………………………………………..

 


 


 


 


 


 



Share this post