• Follow Us on

Home ကယားျပည္နယ္၀န္ႀကီးခ်ဳပ္ေဟာင္းကုိ အဂတိ ေကာ္မရွင္ထံ (၃)ရက္အတြင္း တုိင္ၾကားရန္ ျပည္နယ္ကုိယ္စားလွယ္မ်ားစီစဥ္

ကယားျပည္နယ္၀န္ႀကီးခ်ဳပ္ေဟာင္းကုိ အဂတိ ေကာ္မရွင္ထံ (၃)ရက္အတြင္း တုိင္ၾကားရန္ ျပည္နယ္ကုိယ္စားလွယ္မ်ားစီစဥ္

Share this post

ရန္ကုန္၊ စက္တင္ဘာ – ၈

ကယားျပည္နယ္၀န္ႀကီးခ်ဳပ္ေဟာင္းကုိ အဂတိ ေကာ္မရွင္ထံ (၃)ရက္အတြင္း တုိင္ၾကားရန္ ျပည္နယ္ကုိယ္စားလွယ္မ်ားစီစဥ္ထားေၾကာင္း ျပည္နယ္ကုိယ္စားလွယ္ဦးခူသဲရယ္က ေျပာပါတယ္။

ယင္းသို႔ တိုင္ၾကားရန္အတြက္ လက္ရွိတြင္ စာရင္းစစ္ခ်ဳပ္အစီရင္ခံစာအျပင္ အျခားေသာ လူသက္ေသမ်ား စုေဆာင္းျခင္း ႏွင့္ အခ်က္အလက္မ်ားစုေဆာင္းျခင္းလုပ္ငန္းမ်ားကိုလည္း လုပ္ေဆာင္ေနလ်က္ရွိေၾကာင္း ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္က ဆိုပါတယ္။

“အခုက ေကာ္မတီအေနနဲ႕ တိုင္ဖို႔ကအဆင္မေျပဘူး လႊတ္ေတာ္ကိုယ္စားလွယ္အေနနဲ႔ပဲ တိုင္မယ္။ အဲ့ဒီလိုတိုင္တဲ့အခါမွာလည္း လႊတ္ေတာ္ကိုယ္စားလွယ္ဘယ္ႏွစ္ေယာက္ပါမလဲဆိုတာ ကြၽန္ေတာ္တို႔ ညွိေနတုန္းပဲ အခုေလာေလာဆယ္ကေတာ့ စြပ္စြဲပစ္တင္တဲအထဲမွာပါတဲ့ ပုဂၢိဳလ္ရယ္ စုံစမ္းစစ္ေဆးေရးမွာပါတဲ့ ပုဂၢိဳလ္ရယ္ ေနာက္ၿပီးေတာ့ မဲခြဲဆုံးျဖတ္တဲ့အခါမွာ ေထာက္ခံတဲ့ ပုဂၢိဳလ္ေတြအားလုံးပါနိုင္ဖို႔ေတာ့ ေဆာင္႐ြက္ေနတာရွိတယ္” ဟု ဦးခူသဲရယ္က ေျပာပါတယ္။

ကယားျပည္နယ္၀န္ႀကီးခ်ဳပ္ေဟာင္း ဦးအယ္ေဖာင္းရွိုကို ၿပီးခဲ့သည့္ ျပည္နယ္လႊတ္ေတာ္ သက္တမ္းအတြင္း အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ထံ ၂ ႀကိမ္တိုင္ တိုင္ၾကားမႈရွိခဲ့ေသာ္လည္း အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္အေနျဖင့္ အေရးယူမႈမရွိခဲ့သည့္ မွာ ယင္းအဖြဲ႕အစည္းသည္ မည့္သည့္ လက္ေအာက္တြင္ေရာက္ရွိမႈရွိေနသည္ကိုလဲ ဦးခူသဲရယ္က ေမးခြန္းလိုက္ပါတယ္။

“ဒါနဲ႔ပတ္သက္တာက တစ္ခါ ႏွစ္ခါ အဂတိေကာ္မရွင္ကို ကြၽန္ေတာ္တို႔ တင္ၿပီးပါၿပီ တင္ၿပီးတဲ့အခါမွာလဲ အေရးယူေဆာင္႐ြက္တာမ်ိဳးခဲ့လဲမရွိခဲ့ေတာ့ ဘာေၾကာင့္ပါလဲဆိုတာ ကြၽန္ေတာ္တို႔လဲသိခ်င္ပါတယ္။ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ဆိုတာ သီးျခားလြတ္လပ္တဲ့ အဖြဲ႕အစည္းျဖစ္တယ္။ အဂတိလိုက္စားတဲ့ ပုဂၢိဳလ္မွန္သမွ်ကို အေရးယူဖို႔ ဖြဲ႕ထားတာလား သို႔ မဟုတ္ဘယ္သူေအာက္မွာရွိေနလဲဆိုတာကေတာ့ စဥ္းစားစရာျဖစ္တာေပါ့ေလ အရင္က ႏွစ္ႀကိမ္ကို အေရးယူေဆာင္႐ြက္မႈမရွိခဲ့ေတာ့ ဒီတစ္ႀကိမ္နဲ႕ဆိုရင္ သုံးႀကိမ္ေျမာက္ျဖစ္သြားမွာပါ” ဟု ဦးခူသဲရယ္ ကေျပာပါတယ္။

#PeopleMedia #ကယားျပည္နယ္အစုိးရအဖြဲ႔ #NLD

(unicode)
ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်းကို အဂတိ ကော်မရှင်ထံ (၃)ရက်အတွင်း တိုင်ကြားရန် ပြည်နယ်ကိုယ်စားလှယ်များစီစဉ်
………………………………………………

ရန်ကုန်၊ စက်တင်ဘာ – ၈

ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်းကို အဂတိ ကော်မရှင်ထံ (၃)ရက်အတွင်း တိုင်ကြားရန် ပြည်နယ်ကိုယ်စားလှယ်များစီစဉ်ထားကြောင်း ပြည်နယ်ကိုယ်စားလှယ်ဦးခူသဲရယ်က ပြောပါတယ်။

ယင်းသို့ တိုင်ကြားရန်အတွက် လက်ရှိတွင် စာရင်းစစ်ချုပ်အစီရင်ခံစာအပြင် အခြားသော လူသက်သေများ စုဆောင်းခြင်း နှင့် အချက်အလက်များစုဆောင်းခြင်းလုပ်ငန်းများကိုလည်း လုပ်ဆောင်နေလျက်ရှိကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က ဆိုပါတယ်။

“အခုက ကော်မတီအနေနဲ့ တိုင်ဖို့ကအဆင်မပြေဘူး လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ပဲ တိုင်မယ်။ အဲ့ဒီလိုတိုင်တဲ့အခါမှာလည်း လွှတ်တော်ကိုယ်စားလှယ်ဘယ်နှစ်ယောက်ပါမလဲဆိုတာ ကျွန်တော်တို့ ညှိနေတုန်းပဲ အခုလောလောဆယ်ကတော့ စွပ်စွဲပစ်တင်တဲအထဲမှာပါတဲ့ ပုဂ္ဂိုလ်ရယ် စုံစမ်းစစ်ဆေးရေးမှာပါတဲ့ ပုဂ္ဂိုလ်ရယ် နောက်ပြီးတော့ မဲခွဲဆုံးဖြတ်တဲ့အခါမှာ ထောက်ခံတဲ့ ပုဂ္ဂိုလ်တွေအားလုံးပါနိုင်ဖို့တော့ ဆောင်ရွက်နေတာရှိတယ်” ဟု ဦးခူသဲရယ်က ပြောပါတယ်။

ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်ဖောင်းရှိုကို ပြီးခဲ့သည့် ပြည်နယ်လွှတ်တော် သက်တမ်းအတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ ၂ ကြိမ်တိုင် တိုင်ကြားမှုရှိခဲ့သော်လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် အရေးယူမှုမရှိခဲ့သည့် မှာ ယင်းအဖွဲ့အစည်းသည် မည့်သည့် လက်အောက်တွင်ရောက်ရှိမှုရှိနေသည်ကိုလဲ ဦးခူသဲရယ်က မေးခွန်းလိုက်ပါတယ်။

“ဒါနဲ့ပတ်သက်တာက တစ်ခါ နှစ်ခါ အဂတိကော်မရှင်ကို ကျွန်တော်တို့ တင်ပြီးပါပြီ တင်ပြီးတဲ့အခါမှာလဲ အရေးယူဆောင်ရွက်တာမျိုးခဲ့လဲမရှိခဲ့တော့ ဘာကြောင့်ပါလဲဆိုတာ ကျွန်တော်တို့လဲသိချင်ပါတယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဆိုတာ သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းဖြစ်တယ်။ အဂတိလိုက်စားတဲ့ ပုဂ္ဂိုလ်မှန်သမျှကို အရေးယူဖို့ ဖွဲ့ထားတာလား သို့ မဟုတ်ဘယ်သူအောက်မှာရှိနေလဲဆိုတာကတော့ စဉ်းစားစရာဖြစ်တာပေါ့လေ အရင်က နှစ်ကြိမ်ကို အရေးယူဆောင်ရွက်မှုမရှိခဲ့တော့ ဒီတစ်ကြိမ်နဲ့ဆိုရင် သုံးကြိမ်မြောက်ဖြစ်သွားမှာပါ” ဟု ဦးခူသဲရယ် ကပြောပါတယ်။

#PeopleMedia #ကယားပြည်နယ်အစိုးရအဖွဲ့ #NLD


Share this post